Update News

ကရင်နီပြည်အမျိုးသမီးများ၏ နိုင်ငံရေး နှင့်ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက်များ စာအုပ်ကို နယ်ပယ်အသီးသီးသို့ ဖြန့်ဝေမည်

ကရင်နီပြည်အမျိုးသမီးများ၏ နိုင်ငံရေးနှင့်ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက်များစာအုပ်ကို ပြည်နယ်လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ အမျိုးသား၊ အမျိုးသမီးခေါင်းဆောင်များထံ ဖြန့်ဝေသွားမည်ဟု သိရသည်။

အဆိုပါစာအုပ် မိတ်ဆက်ပွဲကို ကရင်နီပြည်အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများက ၂၀၁၉ ခုနှစ်၊  အောက်တိုဘာလ (၂) ရက်နေ့တွင် လွိုင်ကော်မြို့ Gold hotel တွင်ပြုလုပ်ခဲ့သည်။

“ကျွန်မတို့ဒီထဲမှာ ဒီအမျိုးသမီးအခွင့်အရေးတစ်ခုတည်း မဟုတ်ဘူးပေါ့။ နိုင်ငံတော်တည်ဆောက်တဲ့ချိန်မှာ ဖြစ်ဖြစ် ၊ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲတာဖြစ်ဖြစ် ပြန်ပြီးတော့ ကိုးကားနိုင်အောင်ပေါ့ ပြည့်စုံမှုရှိကောင်းရှိ ချင်မှရှိမယ်ပေါ့ ။ ဒါပေမဲ့ ကျွန်မတို့အမျိုးသမီးအမြင်ရှုထောင့်တွေ၊ အမျိုးသမီးဖက်ကနေ ဘယ်လိုမူဝါဒ တွေချမှတ်သင့်တယ်ဆိုတာတွေကို ထည့်သွင်းဆွေးနွေးနိုင်အောင် ဒီကရင်နီပြည်မှာ ရှိတဲ့ အမျိုးသမီးတွေ အားလုံးက ပေါင်းပြီး ဒီလိုပြင်ဆင်လုပ်ထားခြင်း ဖြစ်ပါတယ် ” ဟု အမျိုးသမီးများဖောင်ဒေရှင်းမှ ဒါရိုက်တာ မရိုစီကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် အမျိုးသမီးများရဲ့အခန်း ကဏ္ဍပါဝင်မှုကို အလေး ထားထည့်သွင်းနိုင်ရန်  အမျိုးသမီးထုတစ်ခုလုံး၏ အခွင့်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အာမခံချက်ရှိသည့်မူဝါဒ၊ ဥပဒေ ၊နည်းဥပဒေများ ချမှတ်နိုင်ရန် ၊ နည်းမျိုးစုံဖြင့် ခွဲခြားဖိနှိပ်မှုလျော့ကျစေရန် နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမျိုးသမီးများ၏ ကာယဉာဏစွမ်းအားများ ဖြင့် အမျိုးသားများ နှင့် တန်းတူ ပါဝင်ဆောင်ရွက်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် အဆိုပါစာအုပ်အား ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူဝါဒအကြံပြုချက်စာအုပ် ထွက်ရှိရေးအတွက် ကယားပြည်နယ်ရှိ မြို့နယ်တိုင်းနှင့် ကယန်းဒေသများဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်များရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ ၊ အမျိုးသမီးများနှင့်တွေ့ဆုံကာ ကရင်နီအမျိုးသမီးအစည်းအရုံး  ၊ ကယန်းအမျိုးသမီးအစည်းအရုံး  နှင့် အမျိုးသမီးများအတွက် အမျိုးသမီးများဖောင်ဒေရှင်းအဖွဲတို့မှ ဦးဆောင်၍ အကြံပြုချက်များ ပြုစုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်အမျိုးသမီးများ၏ နိုင်ငံရေး နှင့်ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအကြံပြုချက်များ စာအုပ်တွင် ဖက်ဒရယ်ပြည်ထောင်စုနှင့် လက်ရှိနိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေး အခန်းကဏ္ဍဆိုင်ရာမူဝါဒအကြံပြုချက်များ နှင့် ကြားကာလ တွင်ထားရှိရမည့်အခြေခံမူများ ၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်တင်ရေး ထားရှိရမည့် အခြေခံမူများ အထွေထွေအကြံပြုချက်များ ဟူ၍ နှစ်ပိုင်းခွဲခြားပါရှိသည်။

အဆိုပါအပိုင်း နှစ်ပိုင်းအောက်တွင် နိုင်ငံရေးဆိုင်ရာ အခြေခံမူများ၊ လူမှုရေးဆိုင်ရာအခြေခံမူများ ၊လုံခြုံရေးရာအခြေခံမူများ၊ စီးပွားရေးဆိုင်ရာအခြေခံမူများ ၊မြေယာနှင့်သဘာဝသယံဇာတဆိုင်ရာ အခြေခံမူများ ၊ကြားကာလတွင်ထားရှိရမည့်အခြေခံမူများ ၊ ၊ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမြင့်တင်ရေး ထားရှိရမည့် အခြေခံမူများ၊ အထွေထွေအကြံပြုချက်များ နှင့် နောက်ဆက်တွဲ ဖော်ပြချက်များ ဟူ၍ကဏ္ဍအလိုက် အကြံပြုချက်များ ထည့်သွင်းထားသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကရင္နီျပည္အမ်ိဳးသမီးမ်ား၏ ႏိုင္ငံေရး ႏွင့္ၿငိမ္းခ်မ္းေရးဆိုင္ရာ မူဝါဒအႀကံျပဳခ်က္မ်ား စာအုပ္ကို နယ္ပယ္အသီးသီးသို႔ ျဖန္႔ေဝမည္
************
ကရင္နီျပည္အမ်ိဳးသမီးမ်ား၏ ႏိုင္ငံေရးႏွင့္ၿငိမ္းခ်မ္းေရးဆိုင္ရာ မူဝါဒအၾကံျပဳခ်က္မ်ားစာအုပ္ကို ျပည္နယ္လႊတ္ေတာ္၊ ႏုိင္ငံေရးပါတီမ်ား၊ ဌာနဆိုင္ရာမ်ား၊ ဘာသာေရးေခါင္းေဆာင္မ်ား၊ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ ေဒသခံ အမ်ိဳးသား၊ အမ်ိဳးသမီးေခါင္းေဆာင္မ်ားထံ ျဖန္႔ေဝသြားမည္ဟု သိရသည္။

အဆိုပါစာအုပ္ မိတ္ဆက္ပြဲကို ကရင္နီျပည္အမ်ိဳးသမီးအရပ္ဖက္အဖြဲ႕အစည္းမ်ားက ၂၀၁၉ ခုႏွစ္၊  ေအာက္တိုဘာလ (၂) ရက္ေန႕တြင္ လိြဳင္ေကာ္ၿမိဳ႕ Gold hotel တြင္ျပဳလုပ္ခဲ့သည္။

“ကၽြန္မတို႕ဒီထဲမွာ ဒီအမ်ိဳးသမီးအခြင့္အေရးတစ္ခုတည္း မဟုတ္ဘူးေပါ့။ ႏိုင္ငံေတာ္တည္ေဆာက္တဲ့ခ်ိန္မွာ ျဖစ္ျဖစ္ ၊ ျပည္နယ္ဖြဲ႕စည္းပုံေရးဆြဲတာျဖစ္ျဖစ္ ျပန္ၿပီးေတာ့ ကိုးကားႏိုင္ေအာင္ေပါ့ ျပည့္စုံမႈရွိေကာင္းရွိ ခ်င္မွရွိမယ္ေပါ့ ။ ဒါေပမဲ့ ကၽြန္မတို႕အမ်ိဳးသမီးအျမင္ရႈေထာင့္ေတြ၊ အမ်ိဳးသမီးဖက္ကေန ဘယ္လိုမူဝါဒ ေတြခ်မွတ္သင့္တယ္ဆိုတာေတြကို ထည့္သြင္းေဆြးေႏြးႏိုင္ေအာင္ ဒီကရင္နီျပည္မွာ ရွိတဲ့ အမ်ိဳးသမီးေတြ အားလုံးက ေပါင္းၿပီး ဒီလိုျပင္ဆင္လုပ္ထားျခင္း ျဖစ္ပါတယ္ ” ဟု အမ်ိဳးသမီးမ်ားေဖာင္ေဒရွင္းမွ ဒါရုိက္တာ မရုိစီေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အနာဂတ္ဖက္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ရာတြင္ အမ်ိဳးသမီးမ်ားရဲ႕အခန္း က႑ပါဝင္မႈကို အေလး ထားထည့္သြင္းႏိုင္ရန္  အမ်ိဳးသမီးထုတစ္ခုလုံး၏ အခြင့္ေရးဆိုင္ရာ ကိစၥရပ္မ်ားအတြက္ အာမခံခ်က္ရွိသည့္မူဝါဒ၊ ဥပေဒ ၊နည္းဥပေဒမ်ား ခ်မွတ္ႏိုင္ရန္ ၊ နည္းမ်ိဳးစုံျဖင့္ ခြဲျခားဖိႏွိပ္မႈေလ်ာ့က်ေစရန္ ႏွင့္ ၿငိမ္းခ်မ္းေရး တည္ေဆာက္ရာမွာ အမ်ိဳးသမီးမ်ား၏ ကာယဥာဏစြမ္းအားမ်ား ျဖင့္ အမ်ိဳးသားမ်ား ႏွင့္ တန္းတူ ပါဝင္ေဆာင္ရြက္ႏိုင္ရန္ စသည့္ရည္ရြယ္ခ်က္မ်ားျဖင့္ အဆိုပါစာအုပ္အား ထုတ္ေဝခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူဝါဒအႀကံျပဳခ်က္စာအုပ္ ထြက္ရွိေရးအတြက္ ကယားျပည္နယ္ရွိ ၿမိဳ႕နယ္တိုင္းႏွင့္ ကယန္းေဒသမ်ားျဖစ္သည့္ ရွမ္းျပည္နယ္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕ႏွင့္ ကရင္ျပည္နယ္ သံေတာင္ႀကီးၿမိဳ႕နယ္မ်ားရွိ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ား ၊ အမ်ိဳးသမီးမ်ားႏွင့္ေတြ႕ဆုံကာ ကရင္နီအမ်ိဳးသမီးအစည္းအရုံး  ၊ ကယန္းအမ်ိဳးသမီးအစည္းအရုံး ႏွင့္ အမ်ိဳးသမီးမ်ားအတြက္ အမ်ိဳးသမီးမ်ားေဖာင္ေဒရွင္းအဖြဲ႔တို႕မွ ဦးေဆာင္၍ အၾကံျပဳခ်က္မ်ား ျပဳစုခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကရင္နီျပည္အမ်ိဳးသမီးမ်ား၏ ႏိုင္ငံေရး ႏွင့္ၿငိမ္းခ်မ္းေရးဆိုင္ရာ မူဝါဒအႀကံျပဳခ်က္မ်ား စာအုပ္တြင္ ဖက္ဒရယ္ျပည္ေထာင္စုႏွင့္ လက္ရွိႏိုင္ငံေတာ္၏ျပဳျပင္ေျပာင္းလဲေရး အခန္းက႑ဆိုင္ရာမူဝါဒအၾကံျပဳခ်က္မ်ား ႏွင့္ ၾကားကာလ တြင္ထားရွိရမည့္အေျခခံမူမ်ား ၊ ၿငိမ္းခ်မ္းေရးႏွင့္ႏိုင္ငံေရးျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ျမင့္တင္ေရး ထားရွိရမည့္ အေျခခံမူမ်ား အေထြေထြအၾကံျပဳခ်က္မ်ား ဟူ၍ ႏွစ္ပိုင္းခြဲျခားပါရွိသည္။

အဆိုပါအပိုင္း ႏွစ္ပိုင္းေအာက္တြင္ ႏိုင္ငံေရးဆိုင္ရာ အေျခခံမူမ်ား၊ လူမႈေရးဆိုင္ရာအေျခခံမူမ်ား ၊လုံျခံဳေရးရာအေျခခံမူမ်ား၊ စီးပြားေရးဆိုင္ရာအေျခခံမူမ်ား ၊ေျမယာႏွင့္သဘာဝသယံဇာတဆိုင္ရာ အေျခခံမူမ်ား ၊ၾကားကာလတြင္ထားရွိရမည့္အေျခခံမူမ်ား ၊ ၊ ၿငိမ္းခ်မ္းေရးႏွင့္ႏိုင္ငံေရးျဖစ္စဥ္တြင္ အမ်ိဳးသမီးမ်ား၏ အခန္းက႑ျမင့္တင္ေရး ထားရွိရမည့္ အေျခခံမူမ်ား၊ အေထြေထြအၾကံျပဳခ်က္မ်ား ႏွင့္ ေနာက္ဆက္တြဲ ေဖာ္ျပခ်က္မ်ား ဟူ၍က႑အလိုက္ အၾကံျပဳခ်က္မ်ား ထည့္သြင္းထားသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::