ကျိုင်းတုံမြို့ရေပေးဝေရေး ပိုက်လိုင်းပြင်ဆင်နေ၍ အချို့အပိုင်းများတွင် ရေပြတ်တောက်နေပြီး ညနေ (၄) နာရီခွဲဝန်းကျင်တွင် ပြန်လည်ပေးဝေမည်

ကျိုင်းတုံမြို့ရေပေးဝေရေး ပိုက်လိုင်းပြင်ဆင်နေ၍ အချို့အပိုင်းများတွင် ရေပြတ်တောက်နေပြီး ညနေ (၄) နာရီခွဲဝန်းကျင်တွင် ပြန်လည်ပေးဝေမည်
အောက်တိုဘာ 7, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်း ရေပေးဝေနေသည့် ရေပိုက်လိုင်းမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ နံနက်ပိုင်းက ပေါက်ထွက်သွားသဖြင့် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ဌာနက ပြင်ဆင်မှုများပြုလုပ်နေပြီး ညနေ (၄)နာရီခွဲဝန်းကျင်တွင် ရေပြန်လည်ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ရေပိုက်က မနက်ခင်းပိုင်းလောက်က ပေါက်သွားတာပေါ့။ ပြင်နေတာ ပြီးတော့မယ်။ ညနေ (၄) နာရီခွဲ လောက်ဆို ပြီးပါပြီ"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပိုက်လိုင်းပေါက်ထွက်သွားသဖြင့် ဝန်ထမ်းအိမ်ယာများနှင့် နောင်ရေးဝန်းကျင် အိမ်ယာများတွင် ရေပြတ်လပ်နေကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်းရေပေးဝေရေးကို ယခင်က (၃) ရက်ခြားတစ်ကြိမ် ပေးဝေနေရာမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစတင်ပြီး ကျိုင်းတုံမြို့တွင်းသာမက တပ်မတော်တပ်ရင်းတပ်ဖွဲ့များကိုပါ နစ်ရက်ခြားတစ်ကြိမ် ရေပေးဝေမှု လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေပေးဝေရေး ပိုမိုအဆင်ပြေစေရန်အတွက် မြို့တွင်းရှိ ရေမီတာများ ပျက်စီးနေမှုများကို လိုက်လံပြင်ဆင်ခြင်းနှင့် ရေမရှိသေးသည့် အိမ်များစာရင်းကောက်ယူ တပ်ဆင်ပေးခြင်းကိုလည်း စည်ပင်သာယာရေးဌာနက ကွင်းဆင်းဆောင်ရွက်ပေးနေသည်ဟု သိရသည်။

ယခင်က ရေမီတာများကို (၆) လတစ်ကြိမ်ကောက်ခံနေရာမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး (၃) လတစ်ကြိမ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -စည်ပင်သာယာရေးဌာန

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕ေရေပးေဝေရး ပိုက္လုိင္းျပင္ဆင္ေန၍ အခ်ိဳ႕အပိုင္းမ်ားတြင္ ေရျပတ္ေတာက္ေနၿပီး ညေန (၄) နာရီခြဲဝန္းက်င္တြင္ ျပန္လည္ေပးေဝမည္
************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမို႕တြင္း ေရေပးေဝေနသည့္ ေရပိုက္လိုင္းမွာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔ နံနက္ပိုင္းက ေပါက္ထြက္သြားသျဖင့္ က်ိဳင္းတံုၿမို႕နယ္ စည္ပင္သာယာေရး ဌာနက ျပင္ဆင္မႈမ်ားျပဳလုပ္ေနၿပီး ညေန (၄)နာရီခြဲဝန္းက်င္တြင္ ေရျပန္လည္ေပးေဝႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

"ေရပိုက္က မနက္ခင္းပိုင္းေလာက္က ေပါက္သြားတာေပါ့။ ျပင္ေနတာ ၿပီးေတာ့မယ္။ ညေန (၄) နာရီခြဲ ေလာက္ဆို ၿပီးပါၿပီ"ဟု က်ိဳင္းတံုၿမို႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရပိုက္လုိင္းေပါက္ထြက္သြားသျဖင့္ ဝန္ထမ္းအိမ္ယာမ်ားနွင့္ ေနာင္ေရးဝန္းက်င္ အိမ္ယာမ်ားတြင္ ေရျပတ္လပ္ေနေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္းေရေပးေဝေရးကို ယခင္က (၃) ရက္ျခားတစ္ႀကိမ္ ေပးေဝေနရာမွ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁) ရက္ေန႔မွစတင္ၿပီး က်ိဳင္းတံုၿမို႕တြင္းသာမက တပ္မေတာ္တပ္ရင္းတပ္ဖြဲ႕မ်ားကိုပါ နစ္ရက္ျခားတစ္ႀကိမ္ ေရေပးေဝမႈ လုပ္ေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရေပးေဝေရး ပိုမိုအဆင္ေျပေစရန္အတြက္ ၿမို႕တြင္းရိွ ေရမီတာမ်ား ပ်က္စီးေနမႈမ်ားကို လုိက္လံျပင္ဆင္ျခင္းႏွင့္ ေရမရိွေသးသည့္ အိမ္မ်ားစာရင္းေကာက္ယူ တပ္ဆင္ေပးျခင္းကိုလည္း စည္ပင္သာယာေရးဌာနက ကြင္းဆင္းေဆာင္ရြက္ေပးေနသည္ဟု သိရသည္။

ယခင္က ေရမီတာမ်ားကို (၆) လတစ္ႀကိမ္ေကာက္ခံေနရာမွ ၂၀၁၉ -၂၀၂၀ ဘ႑ာေရးႏွစ္မွစတင္ၿပီး (၃) လတစ္ႀကိမ္ ေျပာင္းလဲေကာက္ခံသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -စည္ပင္သာယာေရးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net