မြန်မာ - ထိုင်းနယ်စပ် "ဝ" ဒေသတွင် UWSA က မူးယစ်ဆေးကို စီမံချက်ဖြင့် တိုးမြှင့်ဖမ်းဆီးနပြေီး အောက်တိုဘာလ (၁)ရက်နေ့က မူးယစ်ဂိုဏ်းတစ်ဖွဲ့ကို ပစ်ခတ်ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ် "ဝ" ဒေသတွင် UWSA က မူးယစ်ဆေးကို စီမံချက်ဖြင့် တိုးမြှင့်ဖမ်းဆီးနပြေီး အောက်တိုဘာလ (၁)ရက်နေ့က မူးယစ်ဂိုဏ်းတစ်ဖွဲ့ကို ပစ်ခတ်ဖမ်းဆီးရမိ
အောက်တိုဘာ 2, 2019
By Tachileik News Agency

ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် UWSA ထိန်းချုပ်နယ်မြေ "ဝ" ဒေသကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးသယ်ဆောင်နေမှုများအား ဖမ်းဆီးခြင်းကို စီမံချက်များ တိုးမြှင့်ဆောင်ရွက်လိုက်ပြီးနောက် ဖမ်းဆီးရမိမှုများတိုးလာကြောင်း UWSA၏ ပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော်ပြောကြားလိုက်သည်။

 “ဒီပစ္စည်း(မူးယစ်ဆေး)တွေက အကယ်လို့ ယိုးဒယားဘက်ကမ်းရောက်သွားရင်တော့ ကျွန်တော်တို့အဖွဲ့က လုပ်သလိုလိုနဲ့ အမြဲတမ်း ဒီလိုမျိုးသတင်းတွေပဲ ပြန့်ပွားခဲ့တာ များပြီလေ။ ကျွန်တော်တို့ဘက်က လာတာဆိုပေမဲ့ ကျွန်တော်တို့ "ဝ"ပြည်တောင်ပိုင်းကို ဖြတ်သန်းပြီးမှ သွားရောက်တဲ့အမှုတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း ဒါတွေကို တဆင့်တိုးအနေနဲ့ ပိုပိုပြီးတော့မှ စီမံချက်တွေချပြီးတော့မှ လုပ်ဆောင်နေတာတွေရှိတယ်”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂)ရက်နေ့တွင် ပြောသည်။

ထိုင်းနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် UWSA ထိန်းချုပ်နယ်မြေ “ဝ”တောင်ပိုင်း ၁၇၁ ဒေသတွင် စစ်ဒေသတပ်ဖွဲ့နှင့် “ဝ”ဒေသ မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့၌ ထိုင်းဘက်သို့ မူးယစ်ဆေးသယ်သည့်အဖွဲ့အား ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး စိတ်ကြွဆေးပြား (၁၈)သိန်းနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးခံရသူ (၂)ဦးအပါအဝင် စုစုပေါင်း (၁၀)ဦးကို ဖမ်းမိထားခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မနက်စောစောမှာ ဖမ်းထားတာပါ။ အရင်က ဖမ်းဆီးရမိတွေလည်း စစ်ဆေးနေတုန်းပါ။ လွှဲပြောင်းဖို့ကိစ္စကတော့ လူကြီးတွေအချင်းချင်းပဲ ဘယ်လိုညှိနှိုင်းကြမလဲ ဘယ်လိုသဘောတူညီမှုတွေ ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်”ဟု UWSA ပြောခွင့်ရ ဦးညီရန်းက ပြောသည်။

တောင်ပိုင်း ၁၇၁ စစ်ဒေသနယ်မြေကိုဖြတ်သန်းပြီး တစ်ဖက်နိုင်ငံသို့ မူးယစ်ဆေးပို့မည့်သတင်းကြောင့် ၁၇၁ စစ်ဒေသကွပ်ကဲရေးမှူး နှင့် “ဝ”ဒေသ မူးယစ်အထူးနှိမ်နင်းရေးတပ်ဖွဲ့တို့က စက်တင်ဘာလ (၁၀)ရက်နေ့ ကတည်းက နယ်စပ်တလျှောက် စောင့်ဆိုင်းဖမ်းဆီးရန် စီစဉ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ (၁)ရက်နေ့ တွင် ဟွေအောမြို့နယ်၊ နမ့်ယွန်းကျေးရွာအနီး၌ မသင်္ကာဖွယ်အဖွဲ့ကိုတွေ့၍ စစ်ဆေးရန်ကြိုးစားစဉ် မူးယစ်သယ်သည့်အဖွဲ့က စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်သယ်သည့်အဖွဲ့နှင့် UWSA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုအတွင်း မူးယစ်သယ်သည့်အဖွဲ့မှ (၂)ဉေးသေဆုံး၊ (၁)ဦးဒဏ်ရာရအပါအဝင် စုစုပေါင်း (၁၀)ဦးကို သေနတ် (၁)လက်၊ စိတ်ကြွဆေးပြား (၁၈)သိန်းတို့ဖြင့် ဖမ်းမိကာ ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိသဖြင့် ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

"ဝ"တောင်ပိုင်းဒေသကို ဖြတ်သန်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်ဘက်သို့ သယ်သည့်လမ်းကြောင်းကို မူးယစ်ဆေး သယ်ဆောင်သည့် ဂိုဏ်းများက အသုံးပြုလေ့ရှိသဖြင့် အဆိုပါနယ်မြေအတွင်း UWSA က စီမံချက်ဖြင့် ဖမ်းဆီးခြင်းကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။

“စီမံချက်ကတော့ ၂၀၀၅ ကတည်းက စလာပေမဲ့ တစ်နှစ်ထက် တစ်နှစ် ကင်းလှည့်တာတွေ၊ ထောက်လှမ်းရေးသတင်းရယူတာတွေ၊ လက်လှမ်းမမီတဲ့ဒေသတွေအထိပါ ကင်းလှည့်တာတွေလုပ်တော့ တစထက်တစ ပိုပြီး ဖမ်းမိလာတာပေါ့နော်”ဟု UWSA ပြောခွင့်ရ ဦးညီရန်းက ပြောသည်။

"ဝ"တောင်ပိုင်းဒေသ လွယ်လျန်းအား ဖြတ်သန်းပြီး မူးယစ်ဆေးသယ်သည့် ထိုင်းနိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၃၉)ဦးတို့ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆)ရက်နေ့က မော်တော်ယာဉ် (၂)စီး၊ လက်နက်မျိုးစုံ၊ မူးယစ်ဆေးများနှင့်အတူ UWSA ကဖမ်းဆီးရမိထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Nyi Rang



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျမန္မာ - ထိုင္းနယ္စပ္ "ဝ" ေဒသတြင္ UWSA က မူးယစ္ေဆးကို စီမံခ်က္ျဖင့္ တိုးျမႇင့္ဖမ္းဆီးေနၿပီး ေအာက္တိုဘာလ (၁)ရက္ေန႔က မူးယစ္ဂိုဏ္းတစ္ဖြဲ႕ကို ပစ္ခတ္ဖမ္းဆီးရမိ

ထုိင္းႏိုင္ငံႏွင့္နယ္စပ္ျဖစ္သည့္ UWSA ထိန္းခ်ုပ္နယ္ေျမ "ဝ" ေဒသကို ျဖတ္သန္းၿပီး ထုိင္းႏုိင္ငံဘက္သို႔ မူးယစ္ေဆးသယ္ေဆာင္ေနမႈမ်ားအား ဖမ္းဆီးျခင္းကို စီမံခ်က္မ်ား တိုးျမႇင့္ေဆာင္ရြက္လိုက္ၿပီးေနာက္ ဖမ္းဆီးရမိမႈမ်ားတိုးလာေၾကာင္း UWSA ၏ ေျပာေရးဆိုခြင့္ရိွသူက ထုတ္ေဖၚေျပာၾကားလုိက္သည္။

 “ဒီပစၥည္း(မူးယစ္ေဆး)ေတြက အကယ္လို႔ ယိုးဒယားဘက္ကမ္းေရာက္သြားရင္ေတာ့ ကၽြန္ေတာ္တုိ႔အဖြဲ႕က လုပ္သလိုလိုနဲ႔ အၿမဲတမ္း ဒီလိုမ်ိဳးသတင္းေတြပဲ ျပန္႔ပြားခဲ့တာ မ်ားၿပီေလ။ ကၽြန္ေတာ္တုိ႔ဘက္က လာတာဆိုေပမဲ့ ကၽြန္ေတာ္တုိ႔ "ဝ"ျပည္ေတာင္ပိုင္းကို ျဖတ္သန္းၿပီးမွ သြားေရာက္တဲ့အမႈေတြ ျဖစ္ေနတယ္။ ကၽြန္ေတာ္တုိ႔ကလည္း ဒါေတြကို တဆင့္တိုးအေနနဲ႔ ပိုပိုၿပီးေတာ့မွ စီမံခ်က္ေတြခ်ၿပီးေတာ့မွ လုပ္ေဆာင္ေနတာေတြရိွတယ္”ဟု UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ(၂)ရက္ေန႔တြင္ ေျပာသည္။

ထုိင္းႏိုင္ငံႏွင့္နယ္စပ္ျဖစ္သည့္ UWSA ထိန္းခ်ုပ္နယ္ေျမ “ဝ”ေတာင္ပိုင္း ၁၇၁ ေဒသတြင္ စစ္ေဒသတပ္ဖြဲ႕ႏွင့္ “ဝ”ေဒသ မူးယစ္အထူးႏွိမ္နင္းေရးတပ္ဖြဲ႕တို႔က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔၌ ထုိင္းဘက္သို႔ မူးယစ္ေဆးသယ္သည့္အဖြဲ႕အား ပစ္ခတ္ဖမ္းဆီးခဲ့ရၿပီး စိတ္ၾကြေဆးျပား (၁၈)သိန္းႏွင့္အတူ အေသပစ္ခတ္ဖမ္းဆီးခံရသူ (၂)ဦးအပါအဝင္ စုစုေပါင္း (၁၀)ဦးကို ဖမ္းမိထားျခင္းျဖစ္ေၾကာင္း သိရသည္။

“မေန႔က မနက္ေစာေစာမွာ ဖမ္းထားတာပါ။ အရင္က ဖမ္းဆီးရမိေတြလည္း စစ္ေဆးေနတုန္းပါ။ လႊဲေျပာင္းဖို႔ကိစၥကေတာ့ လူႀကီးေတြအခ်င္းခ်င္းပဲ ဘယ္လိုညိႇႏိႈင္းၾကမလဲ ဘယ္လုိသေဘာတူညီမႈေတြ ရိွမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာေပါ့ေနာ္”ဟု UWSA ေျပာခြင့္ရ ဦးညီရန္းက ေျပာသည္။

ေတာင္ပိုင္း ၁၇၁ စစ္ေဒသနယ္ေျမကိုျဖတ္သန္းၿပီး တစ္ဖက္ႏုိင္ငံသို႔ မူးယစ္ေဆးပို႔မည့္သတင္းေၾကာင့္ ၁၇၁ စစ္ေဒသကြပ္ကဲေရးမွဴး ႏွင့္ “ဝ”ေဒသ မူးယစ္အထူးႏွိမ္နင္းေရးတပ္ဖြဲ႕တို႔က စက္တင္ဘာလ (၁၀)ရက္ေန႔ ကတည္းက နယ္စပ္တေလွ်ာက္ ေစာင့္ဆုိင္းဖမ္းဆီးရန္ စီစဥ္ေဆာင္ရြက္ခဲ့ရာ ေအာက္တိုဘာလ (၁)ရက္ေန႔ တြင္ ေဟြေအာၿမိဳ႕နယ္၊ နမ့္ယြန္းေက်း႐ြာအနီး၌ မသကၤာဖြယ္အဖြဲ႕ကိုေတြ႔၍ စစ္ေဆးရန္ႀကိဳးစားစဥ္ မူးယစ္သယ္သည့္အဖြဲ႕က စတင္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္သယ္သည့္အဖြဲ႕ႏွင့္ UWSA တို႔အၾကား ပစ္ခတ္တုိက္ခိုက္မႈအတြင္း မူးယစ္သယ္သည့္အဖြဲ႕မွ (၂)ဥ ေးေသဆံုး၊ (၁)ဦးဒဏ္ရာရအပါအဝင္ စုစုေပါင္း (၁၀)ဦးကို ေသနတ္ (၁)လက္၊ စိတ္ၾကြေဆးျပား (၁၈)သိန္းတုိ႔ျဖင့္ ဖမ္းမိကာ ထြက္ေျပးလြတ္ေျမာက္သြားသူမ်ားလည္းရိွသျဖင့္ ဆက္လက္ရွာေဖြေနေၾကာင္း သိရသည္။

"ဝ"ေတာင္ပိုင္းေဒသကို ျဖတ္သန္းၿပီး ထုိင္းႏုိင္ငံ ခ်င္းမုိင္ဘက္သို႔ သယ္သည့္လမ္းေၾကာင္းကို မူးယစ္ေဆး သယ္ေဆာင္သည့္ ဂိုဏ္းမ်ားက အသံုးျပဳေလ့ရိွသျဖင့္ အဆိုပါနယ္ေျမအတြင္း UWSA က စီမံခ်က္ျဖင့္ ဖမ္းဆီးျခင္းကိုပါ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“စီမံခ်က္ကေတာ့ ၂၀၀၅ ကတည္းက စလာေပမဲ့ တစ္ႏွစ္ထက္ တစ္ႏွစ္ ကင္းလွည့္တာေတြ၊ ေထာက္လွမ္းေရးသတင္းရယူတာေတြ၊ လက္လွမ္းမမီတဲ့ေဒသေတြအထိပါ ကင္းလွည့္တာေတြလုပ္ေတာ့ တစထက္တစ ပိုၿပီး ဖမ္းမိလာတာေပါ့ေနာ္”ဟု UWSA ေျပာခြင့္ရ ဦးညီရန္းက ေျပာသည္။

"ဝ"ေတာင္ပိုင္းေဒသ လြယ္လ်န္းအား ျဖတ္သန္းၿပီး မူးယစ္ေဆးသယ္သည့္ ထုိင္းႏိုင္ငံသား (၁၄) ဦးႏွင့္ ျမန္မာႏုိင္ငံသား (၃၉)ဦးတို႔ကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၆)ရက္ေန႔က ေမာ္ေတာ္ယာဥ္ (၂)စီး၊ လက္နက္မ်ိဳးစံု၊ မူးယစ္ေဆးမ်ားႏွင့္အတူ UWSA ကဖမ္းဆီးရမိထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Nyi Rang

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net