တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဖလား အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပုန်းထွန်က မကာဟိုခမ်းကို (၃)ဂိုးပြတ်ဖြင့် အနိုင်ရ

တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဖလား အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပုန်းထွန်က မကာဟိုခမ်းကို (၃)ဂိုးပြတ်ဖြင့် အနိုင်ရ
အောက်တိုဘာ 24, 2019
By 🌸
တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဖလား အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပုန်းထွန်က မကာဟိုခမ်းကို (၃)ဂိုးပြတ်ဖြင့် အနိုင်ရ

တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြို့မအားကစားကွင်း၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားကြရာ ပုန်းထွန်အသင်းက မကာဟိုခမ်းအသင်းကို (၃)ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားသည်။
အသက်(၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း (၂၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်ပြီး မကာဟိုခမ်းအသင်းက ဒုတိယ၊ တာလေအသင်းက တတိယအသီးသီး ရရှိခဲ့ခြင်းဖြစ်သည်။
အသက် (၁၆)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း (၈)သင်း ယှဉ်ပြိုင်ရာ မိုင်းကိုးအသင်းက ပထမ၊ ဟောင်လိတ်အသင်းက ဒုတိယနှင့် တာလေအသင်းက တတိယအသီးသီးရရှိထားခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများတွင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးနှင့် အသက် (၁၆)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သည့်အနက် အသက် (၁၆)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့က ကျင်းပပြီးစီးခဲ့ခြင်းဖြစ်သည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်း၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ U 21 အမျိုးသားဘောလုံး၊ U 16 အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စတင်ကျင်းပလာခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
သတင်း၊ဓါတ်ပုံ #ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ ဖလား အသက္ (၂၁)ႏွစ္ေအာက္ အမ်ိဳးသားေဘာလံုးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ပုန္းထြန္က မကာဟိုခမ္းကို (၃)ဂိုးျပတ္ျဖင့္ အနုိင္ရ

တာခ်ီလိတ္ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌဖလား အသက္ (၂၁)ႏွစ္ေအာက္ အမ်ိဳးသားေဘာလံုးၿပိဳင္ပြဲကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ၿမိဳ႕မအားကစားကြင္း၌ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔ ညေနပိုင္းက ယွဥ္ၿပိဳင္ကစားၾကရာ ပုန္းထြန္အသင္းက မကာဟိုခမ္းအသင္းကို (၃)ဂိုးျပတ္ျဖင့္ အႏုိင္ရရိွသြားသည္။
အသက္(၂၁) ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲတြင္ အသင္းေပါင္း (၂၁)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္း ျဖစ္ၿပီး မကာဟိုခမ္းအသင္းက ဒုတိယ၊ တာေလအသင္းက တတိယအသီးသီး ရရိွခဲ့ျခင္းျဖစ္သည္။
အသက္ (၁၆)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲတြင္ အသင္း (၈)သင္း ယွဥ္ၿပိဳင္ရာ မိုင္းကိုးအသင္းက ပထမ၊ ေဟာင္လိတ္အသင္းက ဒုတိယႏွင့္ တာေလအသင္းက တတိယအသီးသီးရရိွထားျခင္းျဖစ္သည္။
တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲမ်ားတြင္ အသက္ (၂၁)ႏွစ္ေအာက္ အမ်ိဳးသားေဘာလံုးႏွင့္ အသက္ (၁၆)ႏွစ္ေအာက္ အမ်ိဳးသမီး ေဘာလံုးၿပိဳင္ပြဲမ်ား ထည့္သြင္း က်င္းပခဲ့သည့္အနက္ အသက္ (၁၆)ႏွစ္ေအာက္ အမ်ိဳးသမီးေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲ ပြဲစဥ္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔က က်င္းပၿပီးစီးခဲ့ျခင္းျဖစ္သည္။
ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္အစီအစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲမ်ားအျဖစ္ ေဘာ္လီေဘာ၊ ပိုက္ေက်ာ္ျခင္း၊ ၾကက္ေတာင္၊ ဖူဆယ္၊ စားပြဲတင္တင္းနစ္၊ စစ္တုရင္၊ ျမန္မာ့သိုင္း၊ မီနီမာရသြန္၊ ေျပးခုန္ပစ္၊ U 21 အမ်ိဳးသားေဘာလံုး၊ U 16 အမ်ိဳးသမီး ေဘာလံုးၿပိဳင္ပြဲမ်ားကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၃) ရက္ေန႔မွ စတင္က်င္းပလာျခင္းျဖစ္ၿပီး အားကစားၿပိဳင္ပြဲမ်ားဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည္။
သတင္း၊ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net