တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပသည့် မြို့မသုသာန်သစ်(ပုံလို့)တွင် စုပေါင်းအမှိုက်ကောက်မည်

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပသည့် မြို့မသုသာန်သစ်(ပုံလို့)တွင် စုပေါင်းအမှိုက်ကောက်မည်
အောက်တိုဘာ 30, 2019
By Tachileik News Agency
တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပသည့် မြို့မသုသာန်သစ်(ပုံလို့)တွင် စုပေါင်းအမှိုက်ကောက်မည်
**************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပခဲ့သည့် မြို့မသုသာန်သစ်(ပုံလို့)တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာချီလိတ်မြို့သူ၊ မြို့သားများစုပေါင်းပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့ မနက် (၈) နာရီ၌ စုပေါင်းအမှိုက်ကောက်မည်ဖြစ်၍ မည်သူမဆို ပူးပေါင်းပါဝင်နိုင်ကြမည်ဖြစ်သည်။

"မနက် (၈) နာရီအမှိုက်ကောက်မှာပေါ့။ ပုံလို့သုသာန်မှာ ကောက်မှာပါ။ ဌာနဆိုင်ရာတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော ကောက်မှာပါ။ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင်လည်း ရပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်၏ အန္တိမအဂ္ဂိဈာပနတွင် စေတနာရှင်ပြည်သူများကလည်း မဟာမြတ်မုနိကျောင်းတိုက်ရှေ့မှစတင်ကာ ပုံလို့သုသာန်အထိ လမ်းမကြီး ဝဲ၊ ယာတစ်လျှောက် ရေသန့်၊ အချိုရည်၊ စားသောက်ဖွယ်ရာများဖြင့် ကုသိုလ်ယူခဲ့ကြကာ အမှိုက်ပုံးများထားရှိသော်လည်း လူဦးရေများပြားလွန်းသည့်အတွက် သုသာန်ဧရိယာတစ်ဝိုက် အမှိုက်များကျန်ရှိနေသဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပသည့္ ၿမို႕မသုသာန္သစ္(ပံုလို႔)တြင္ စုေပါင္းအမိႈက္ေကာက္မည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပခဲ့သည့္ ၿမို႕မသုသာန္သစ္(ပံုလို႔)တြင္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားနွင့္ တာခ်ီလိတ္ၿမို႕သူ၊ ၿမို႕သားမ်ားစုေပါင္းၿပီး ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၃၁) ရက္ေန႔ မနက္ (၈) နာရီ၌ စုေပါင္းအမိႈက္ေကာက္မည္ျဖစ္၍ မည္သူမဆို ပူးေပါင္းပါဝင္ႏုိင္ၾကမည္ျဖစ္သည္။

"မနက္ (၈) နာရီအမိႈက္ေကာက္မွာေပါ့။ ပံုလို႔သုသာန္မွာ ေကာက္မွာပါ။ ဌာနဆိုင္ရာေတြေရာ၊ လူမႈေရးအသင္းအဖြဲ႕ေတြေရာ ေကာက္မွာပါ။ ျပည္သူေတြအေနနဲ႔ ပူးေပါင္းပါ၀င္ခ်င္တယ္ဆိုရင္လည္း ရပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဦးစီးပဓာန နာယက ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနတြင္ ေစတနာရွင္ျပည္သူမ်ားကလည္း မဟာျမတ္မုနိေက်ာင္းတိုက္ေရွ႕မွစတင္ကာ ပံုလို႔သုသာန္အထိ လမ္းမႀကီး ၀ဲ၊ ယာတစ္ေလွ်ာက္ ေရသန္႔၊ အခ်ိဳရည္၊ စားေသာက္ဖြယ္ရာမ်ားျဖင့္ ကုသိုလ္ယူခဲ့ၾကကာ အမိႈက္ပံုးမ်ားထားရိွေသာ္လည္း လူဦးေရမ်ားျပားလြန္းသည့္အတြက္ သုသာန္ဧရိယာတစ္၀ိုက္ အမိႈက္မ်ားက်န္ရိွေနသျဖင့္ စုေပါင္းသန္႔ရွင္းေရးျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net