တာချီလိတ် ရန်အောင်မြေရပ်ကွက်တွင် တတိယသုံးလပတ် စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ရှင်းလင်း

တာချီလိတ် ရန်အောင်မြေရပ်ကွက်တွင် တတိယသုံးလပတ် စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ရှင်းလင်း
အောက်တိုဘာ 19, 2019
By 🌸
တာချီလိတ် ရန်အောင်မြေရပ်ကွက်တွင် တတိယသုံးလပတ် စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ရှင်းလင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများနှင့် လူထုပူးပေါင်းပြီး အပတ်စဉ် စုပေါင်းအမှိုက်ကောက်အစီအစဉ်အဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းက ရန်အောင်မြေရပ်ကွက်တွင် စုပေါင်းအမှိုက်ကောက်ကြသည်။

စုပေါင်းအမှိုက်ကောက်သည့်အဖွဲ့က ရန်အောင်မြေရပ်ကွက်ရှိ အာခါဗုဒ္ဓကျောင်းမှစတင်ပြီး အနီးဝန်းကျင် အများပြည်သူ သွားလာရာနေရာများတွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့်အမှိုက်များကို ရှင်းလင်းကြခြင်း ဖြစ်ပြီး အောက်တိုဘာလ (၂၆)ရက်နေ့တွင် ဆန်ဆိုင်း(က) မြို့ပတ်လမ်း၌ နံနက် (၇)နာရီမှစတင်၍ အမှိုက်ကောက်မည်ဖြစ်၍ ပူးပေါင်းပါဝင်နိုင်ကြမည်ဖြစ်သည်။

“လူထုပါဝင်လာမှုက လျော့လည်းမသွားဘူး။ တိုးလည်းမလာဘူး။ ပုံမှန်အတိုင်းတော့ ရှိနေပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်အစီအစဉ်၏ တတိယ(၃)လပတ်ကာလတွင် ယခင်ကထက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူ နည်းလာသည်ဟု သိရသည်။

“အမှိုက်စကောက်တုန်းကထက်စာရင် စည်းကမ်းမဲ့ပစ်တာတော့ နည်းလာတယ်။ အိမ်ရှေ့တွေမှာ ခြင်းလေးတွေ ချထားတာ အဲဒီမှာ အမှိုက်ပစ်တာမျိုးတွေတော့ တွေ့လာရတယ်”ဟု စုပေါင်းအမှိုက်ကောက်အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း၏ ဥက္ကဌ ဦးတင့်ဆွေက ဆိုသည်။

မြို့သာယာလှပရေးအတွက် စုပေါင်းအမှိုက်ကောက်အစီအစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အောက်တိုဘာလ(၂၆)ရက်နေ့တွင် ဆန်ဆိုင်း(က) မြို့ပတ်လမ်း၊ နိုဝင်ဘာလ (၂)ရက်နေ့တွင် ဆန်ဆိုင်း(ခ) မြတ်လေးလမ်း၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် ပုံလို့ဘုန်းကြီးကျောင်း၊ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံ၊ နိုဝင်ဘာလ (၂၃)ရက်နေ့တွင် မဟာမုနိဘုန်းကြီးကျောင်းနှင့် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်ရုံး၌  လုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။

မြို့သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေး အမှိုက်ကောက်အစီအစဉ်နှင့်အတူ ကျန်းမာရေးဌာနမှ ဝန်ထမ်းများကလည်း လိုက်ပါပြီး သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံးသွန်လဲစစ် လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ ရန္ေအာင္ေျမရပ္ကြက္တြင္ တတိယသံုးလပတ္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္ျဖင့္ ရွင္းလင္း

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ားႏွင့္ လူထုပူးေပါင္းၿပီး အပတ္စဥ္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔ နံနက္ပိုင္းက ရန္ေအာင္ေျမရပ္ကြက္တြင္ စုေပါင္းအမိႈက္ေကာက္ၾကသည္။

စုေပါင္းအမိႈက္ေကာက္သည့္အဖြဲ႕က ရန္ေအာင္ေျမရပ္ကြက္ရိွ အာခါဗုဒၶေက်ာင္းမွစတင္ၿပီး အနီးဝန္းက်င္ အမ်ားျပည္သူ သြားလာရာေနရာမ်ားတြင္ စည္းကမ္းမဲ့ စြန္႔ပစ္ထားသည့္အမိႈက္မ်ားကို ရွင္းလင္းၾကျခင္း ျဖစ္ၿပီး ေအာက္တိုဘာလ (၂၆)ရက္ေန႔တြင္ ဆန္ဆိုင္း(က) ၿမိဳ႕ပတ္လမ္း၌ နံနက္ (၇)နာရီမွစတင္၍ အမိႈက္ေကာက္မည္ျဖစ္၍ ပူးေပါင္းပါဝင္ႏုိင္ၾကမည္ျဖစ္သည္။

“လူထုပါဝင္လာမႈက ေလ်ာ့လည္းမသြားဘူး။ တိုးလည္းမလာဘူး။ ပံုမွန္အတုိင္းေတာ့ ရိွေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႔ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္တြင္ အပတ္စဥ္ စေနေန႔တုိင္း စုေပါင္းအမိႈက္ေကာက္အစီအစဥ္၏ တတိယ(၃)လပတ္ကာလတြင္ ယခင္ကထက္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္သူ နည္းလာသည္ဟု သိရသည္။

“အမိႈက္စေကာက္တုန္းကထက္စာရင္ စည္းကမ္းမဲ့ပစ္တာေတာ့ နည္းလာတယ္။ အိမ္ေရွ႕ေတြမွာ ျခင္းေလးေတြ ခ်ထားတာ အဲဒီမွာ အမိႈက္ပစ္တာမ်ိဳးေတြေတာ့ ေတြ႕လာရတယ္”ဟု စုေပါင္းအမိႈက္ေကာက္အစီအစဥ္တြင္ ပါဝင္ေဆာင္ရြက္ေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္း၏ ဥကၠဌ ဦးတင့္ေဆြက ဆိုသည္။

ၿမိဳ႕သာယာလွပေရးအတြက္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္မ်ားကို ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ေအာက္တိုဘာလ(၂၆)ရက္ေန႔တြင္ ဆန္ဆိုင္း(က) ၿမိဳ႕ပတ္လမ္း၊ ႏိုဝင္ဘာလ (၂)ရက္ေန႔တြင္ ဆန္ဆုိင္း(ခ) ျမတ္ေလးလမ္း၊ ႏိုဝင္ဘာလ (၉)ရက္ေန႔တြင္ ပံုလို႔ဘုန္းႀကီးေက်ာင္း၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔တြင္ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံု၊ ႏိုဝင္ဘာလ (၂၃)ရက္ေန႔တြင္ မဟာမုနိဘုန္းႀကီးေက်ာင္းႏွင့္ ႏိုဝင္ဘာလ (၃၀)ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္ရံုး၌  လုပ္ေဆာင္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ၿမိဳ႕သန္႔ရွင္းေရးစုေပါင္းသန္႔ရွင္းေရး အမိႈက္ေကာက္အစီအစဥ္ႏွင့္အတူ က်န္းမာေရးဌာနမွ ဝန္ထမ္းမ်ားကလည္း လိုက္ပါၿပီး ေသြးလြန္တုပ္ေကြးကာကြယ္ေရး ဖံုးသြန္လဲစစ္ လုပ္ငန္းမ်ားႏွင့္ အဘိတ္ေဆးခပ္ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net