ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ မြန်မာပြည်တွင်း (၆) ရက်တာလည်ပတ်ပြီးနောက် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ

ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ မြန်မာပြည်တွင်း (၆) ရက်တာလည်ပတ်ပြီးနောက် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ
အောက်တိုဘာ 13, 2019
By 🌸
ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ မြန်မာပြည်တွင်း (၆) ရက်တာလည်ပတ်ပြီးနောက် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ
*********

ပြင်သစ်၊ အိုင်ယာလန်၊ ဂျာမနီနှင့် ဗြိတိန်နိုင်ငံသားများပါဝင်သည့်အဖွဲ့သည် ဆိုင်ကယ် (၃) စီး၊ မော်တော် ယာဉ် (၁) စီးနှင့် မြန်မာနိုင်ငံတွင်း တမူးနယ်စပ်မှဝင်ရောက်ကာ (၆)ရက်တာ လည်ပတ်ပြီးနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှတစ်ဆင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁၃) ရက်နေ့တွင်  ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသည်။

"ကျွန်တော်တို့အနေနဲ့ ဆိုင်ကယ်ခရီးစဉ်တွေကို ၂၀၁၃ ခုနှစ်ကတည်းက ဝန်ဆောင်မှုပေးခဲ့တာပေါ့။ တာချီလိတ် ခရီးစဉ်တွေများတယ်။ Europe ကလာတဲ့ဧည့်တွေက အိန္ဒိယအရင်ဝင်တယ်။ မြန်မာနိုင်ငံကို လည်ပြီးတော့ ထိုင်းဖက်ကိုသွားကြတာပေါ့။ တာချီလိတ်လမ်းကြောင်းကို ဆိုင်ကယ်စီးဧည့်တွေက အကြိုက်များတယ်"ဟု Myanmar Senses Faminy Travels & Tour မှ ကိုကျော်မင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါအဖွဲ့တွင် အိုင်ယာလန်နိုင်ငံသား (၂) ဦး၊ ပြင်သစ်နိုင်ငံသား (၁) ဦး၊ ဂျာမနီနိုင်ငံသား (၁) ဦးနှင့် ဗြိတိန်နိုင်ငံသား (၁) ဦးပါဝင်ပြီး အောက်တိုဘာ (၈) ရက်နေ့မှ (၁၃) ရက်နေ့အထိ တမူး-ဂန့်ဂေါ-ပုဂံ-မန္တလေး-ပင်းတယ-အင်းလေး-နမ့်စန်-ကျိုင်းတုံ-တာချီလိတ် လမ်းကြောင်းအတိုင်း လည်ပတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ျပင္သစ္၊ အိုင္ယာလန္၊ ဂ်ာမနီႏွင့္ ၿဗိတိန္ႏိုင္ငံသားမ်ားပါဝင္သည့္ ဆိုင္ကယ္စီးအဖြဲ႕ ျမန္မာျပည္တြင္း (၆) ရက္တာလည္ပတ္ၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕မွ ထိုင္းႏိုင္ငံသို႔ ထြက္ခြာ
*********
ျပင္သစ္၊ အိုင္ယာလန္၊ ဂ်ာမနီႏွင့္ ၿဗိတိန္ႏိုင္ငံသားမ်ားပါဝင္သည့္အဖြဲ႕သည္ ဆိုင္ကယ္ (၃) စီး၊ ေမာ္ေတာ္ ယာဥ္ (၁) စီးႏွင့္ ျမန္မာႏုိင္ငံတြင္း တမူးနယ္စပ္မွဝင္ေရာက္ကာ (၆)ရက္တာ လည္ပတ္ၿပီးေနာက္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွတစ္ဆင့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၁၃) ရက္ေန႔တြင္  ထိုင္းႏိုင္ငံဘက္သို႔ ထြက္ခြာသည္။
"ကၽြန္ေတာ္တို႔အေနနဲ႔ ဆိုင္ကယ္ခရီးစဥ္ေတြကို ၂၀၁၃ ခုႏွစ္ကတည္းက ဝန္ေဆာင္မႈေပးခဲ့တာေပါ့။ တာခ်ီလိတ္ ခရီးစဥ္ေတြမ်ားတယ္။ Europe ကလာတဲ့ဧည့္ေတြက အိႏၵိယအရင္ဝင္တယ္။ ျမန္မာႏိုင္ငံကို လည္ၿပီးေတာ့ ထိုင္းဖက္ကိုသြားၾကတာေပါ့။ တာခ်ီလိတ္လမ္းေၾကာင္းကို ဆိုင္ကယ္စီးဧည့္ေတြက အႀကိဳက္မ်ားတယ္"ဟု Myanmar Senses Faminy Travels & Tour မွ ကိုေက်ာ္မင္းဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါအဖြဲ႕တြင္ အိုင္ယာလန္ႏိုင္ငံသား (၂) ဦး၊ ျပင္သစ္ႏိုင္ငံသား (၁) ဦး၊ ဂ်ာမနီႏိုင္ငံသား (၁) ဦးႏွင့္ ၿဗိတိန္ႏိုင္ငံသား (၁) ဦးပါဝင္ၿပီး ေအာက္တိုဘာ (၈) ရက္ေန႔မွ (၁၃) ရက္ေန႔အထိ တမူး-ဂန္႔ေဂါ-ပုဂံ-မႏၱေလး-ပင္းတယ-အင္းေလး-နမ့္စန္-က်ိဳင္းတံု-တာခ်ီလိတ္ လမ္းေၾကာင္းအတုိင္း လည္ပတ္ခဲ့ၾကျခင္းျဖစ္သည္ဟု သိရသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net