ကွတ်ခိုင်မြို့နယ်အတွင်း TNLA က ခေါ်ဆောင်သွားသည့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၄)ဦး လေးရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်

ကွတ်ခိုင်မြို့နယ်အတွင်း TNLA က ခေါ်ဆောင်သွားသည့် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် (၄)ဦး လေးရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်
အောက်တိုဘာ 2, 2019
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း TNLA က ခေါ်ဆောင်သွားသည့် မုံးစီးနယ်မြေစခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် (၄)ဦးမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ ညနေ (၄)နာရီတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ တပ်ဖွဲ့အနေနဲ့ကတော့ စိစစ်ရအုံးမှာဖြစ်တဲ့အတွက် အခုချိန်မှာတော့ ဘာမှပြောစရာ မရှိသေးပါဘူး။ စိစစ်ဖို့ လိုနေပါသေးတယ်ခင်ဗျာ”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ စခန်းမှူးနှင့်အဖွဲ့မှာ မူးယစ်တရားခံများစုံစမ်းရန်နှင့် ထောက်ခံချက်များရယူရန်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် စခန်းမှ ထွက်ခွာသွားကြပြီး နမ့်မောကျေးရွာအုပ်စု၊ နမ့်ဆာကျေးရွာရှိ ထမင်းဆိုင်တွင် ထမင်းစားနေကြစဉ် အဖွဲ့အစည်းတစ်ခုက လာရောက်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ကနဦးသတင်းများ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

“ရဲတပ်ဖွဲ့ဝင်တွေက မူးယစ်ကွင်းဆက်နဲ့ စုံစမ်းဖို့သွားတဲ့အချိန်မှာ အဲဒီရွာက ထမင်းဆိုင်မှာ ထမင်းစားနေရင်း လာခေါ်သွားတာ ခံလိုက်ရတယ်လို့ပဲ ကျွန်တော်တို့ သိထားတယ်။ အဲဒီဒေသမှာက အရင်က ဒီလို ဖမ်းတာဆီးတာတွေတော့ မရှိဖူးဘူး။ မူးယစ်သတင်းနဲ့ဆက်စပ်မှုရှိမလားမသိဘူးလို့တော့ ပြောနေကြတာပဲ”ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

TNLA အဖွဲ့ကမူ ၎င်းတို့အမည်သုံး၍ အရပ်ဝတ်ဖြင့်ကားလမ်းတွင် ငွေကြေးကောက်ခံနေ၍ ဖမ်းဆီးလာခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် များဟုသိရှိခဲ့ခြင်းမရှိဟု ဆိုသည်။

 “ကွတ်ခိုင်မြို့နယ်အတွင်း မန်ဆာ - မုံးစီးလမ်းမကြီးမှာ ကျွန်တော်တို့အဖွဲ့နာမည်နဲ့ ပိုက်ဆံကောက်နေတယ်လို့ ဒေသခံတွေက သတင်းပေးလာတယ်။ ဒါကြောင့် ကျွန်တော်တို့က သွားဖမ်းတဲ့အခါ သူတို့က အရပ်ဝတ်နဲ့ ဖြစ်တယ်။ လက်ပစ်ဗုံးပါတယ်။ ငွေကောက်ခံထားတဲ့ စာရင်းတွေ့တယ်။ အသေးစိတ်ကတော့ စိစစ်ဆဲဖြစ်လို့ ကျွန်တော်လည်း မသိရသေးဘူး”ဟုTNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အမည်ဖြင့် ငွေကြေးတောင်းခံမှုများရှိတတ်ကြောင်း အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်မောင်းများထံမှ သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း TNLA က ေခၚေဆာင္သြားသည့္ စခန္းမွဴးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္ (၄)ဦး ေလးရက္ေျမာက္ေန႔တြင္ ျပန္လည္လြတ္ေျမာက္
*********
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း TNLA က ေခၚေဆာင္သြားသည့္ မံုးစီးနယ္ေျမစခန္းမွဴး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္ (၄)ဦးမွာ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၂) ရက္ေန႔ ညေန (၄)နာရီတြင္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တုိ႔ တပ္ဖြဲ႕အေနနဲ႔ကေတာ့ စိစစ္ရအံုးမွာျဖစ္တဲ့အတြက္ အခုခ်ိန္မွာေတာ့ ဘာမွေျပာစရာ မရိွေသးပါဘူး။ စိစစ္ဖို႔ လိုေနပါေသးတယ္ခင္ဗ်ာ”ဟု ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆုိခြင့္ရိွသူ ရဲမွဴးႀကီး မ်ိဳးသူစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ စခန္းမွဴးႏွင့္အဖြဲ႕မွာ မူးယစ္တရားခံမ်ားစံုစမ္းရန္ႏွင့္ ေထာက္ခံခ်က္မ်ားရယူရန္အတြက္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၉)ရက္ေန႔တြင္ စခန္းမွ ထြက္ခြာသြားၾကၿပီး နမ့္ေမာေက်းရြာအုပ္စု၊ နမ့္ဆာေက်းရြာရိွ ထမင္းဆုိင္တြင္ ထမင္းစားေနၾကစဥ္ အဖြဲ႕အစည္းတစ္ခုက လာေရာက္ေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္ဟု ကနဦးသတင္းမ်ား ထြက္ရိွခဲ့ျခင္းျဖစ္သည္။

“ရဲတပ္ဖြဲ႕ဝင္ေတြက မူးယစ္ကြင္းဆက္နဲ႔ စံုစမ္းဖို႔သြားတဲ့အခ်ိန္မွာ အဲဒီရြာက ထမင္းဆုိင္မွာ ထမင္းစားေနရင္း လာေခၚသြားတာ ခံလုိက္ရတယ္လို႔ပဲ ကၽြန္ေတာ္တုိ႔ သိထားတယ္။ အဲဒီေဒသမွာက အရင္က ဒီလို ဖမ္းတာဆီးတာေတြေတာ့ မရိွဖူးဘူး။ မူးယစ္သတင္းနဲ႔ဆက္စပ္မႈရိွမလားမသိဘူးလုိ႔ေတာ့ ေျပာေနၾကတာပဲ”ဟု ေဒသခံတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

TNLA အဖြဲ႕ကမူ ၎တို႔အမည္သံုး၍ အရပ္ဝတ္ျဖင့္ကားလမ္းတြင္ ေငြေၾကးေကာက္ခံေန၍ ဖမ္းဆီးလာခဲ့ျခင္းျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ မ်ားဟုသိရိွခဲ့ျခင္းမရိွဟု ဆိုသည္။

 “ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း မန္ဆာ - မံုးစီးလမ္းမႀကီးမွာ ကၽြန္ေတာ္တုိ႔အဖြဲ႕နာမည္နဲ႔ ပိုက္ဆံေကာက္ေနတယ္လို႔ ေဒသခံေတြက သတင္းေပးလာတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔က သြားဖမ္းတဲ့အခါ သူတုိ႔က အရပ္ဝတ္နဲ႔ ျဖစ္တယ္။ လက္ပစ္ဗံုးပါတယ္။ ေငြေကာက္ခံထားတဲ့ စာရင္းေတြ႔တယ္။ အေသးစိတ္ကေတာ့ စိစစ္ဆဲျဖစ္လို႔ ကၽြန္ေတာ္လည္း မသိရေသးဘူး”ဟုTNLA ၏ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး မုိင္းအုိက္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခုိင္ၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ TNLA အပါအဝင္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ား အမည္ျဖင့္ ေငြေၾကးေတာင္းခံမႈမ်ားရိွတတ္ေၾကာင္း အဆိုပါလမ္းပိုင္းတြင္ ျဖတ္သန္းသြားလာသည့္ ေမာ္ေတာ္ယာဥ္ေမာင္းမ်ားထံမွ သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net