တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် လူမစုံသဖြင့် အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ရေး ရွှေ့ဆိုင်းထားရ

တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များအသင်း အစည်းအဝေးတွင် လူမစုံသဖြင့် အလုပ်အမှုဆောင် အဖွဲ့သစ် ရွေးချယ်ရေး ရွှေ့ဆိုင်းထားရ
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ရေသန့်လုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်သစ် ရွေးချယ်ရေး အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းက အစည်းအဝေးကျင်းပရာ အသင်းဝင် ထက်ဝက်ခန့်သာ တက်ရောက်၍ အမှုဆောင်သစ်ရွေးချယ်ရေးကို နောက်လသို့ ရွှေ့ဆိုင်းလိုက်ရသည်။

"လက်ရှိ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို ဖိတ်စာနဲ့ပူးတွဲပြီး ပို့ပေးလိုက်မယ်။ နောက်တစ်ခေါက် အစည်းအဝေး မဖြစ်မနေ တက်ရောက်ပြီးတော့ ကော်မတီရွေးချယ်ဖို့ ဖြစ်ပါတယ်။ လစဉ် လစဉ်တိုင်းမှာ (၁၀) ရက်နေ့ (၁၀) နာရီမှာ အစည်းအဝေးပြုလုပ်ပါတယ်။ အမှန်ဆိုရင် ဖိတ်စာတောင် ဖိတ်စရာမလိုပါဘူး။ အားလုံးတက်ရမှာပါ"ဟု တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့အတွင်း ရေသန့်လုပ်ငန်း (၄၂) ခုရှိသည့်အနက် ရေသန့်လုပ်ငန်း (၁၉)ခုမှ လုပ်ငန်းရှင်များကသာ အစည်းအဝေး တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး အသင်းဝင်မစုံသည့်အတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်ရေးကို ရွှေ့ဆိုင်းခြင်း ပြု၊မပြုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ရွှေ့ဆိုင်းရန် (၁၃) မဲ၊ မရွှေ့ဆိုင်းရန် (၆) မဲ ရရှိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းအစည်းအဝေးကို စက်တင်ဘာလ (၁၀)ရက်နေ့က ကျင်းပစဉ်က အောက်တိုဘာလ အစည်းအဝေးတွင် အလုပ်အမှုဆောင်အဖွဲ့သစ် ပြန်လည်ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တာချီလိတ်မှ ရေသန့်လုပ်ငန်းရှင်များက ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင်  တာချီလိတ်မြို့နယ် ရေသန့်လုပ်ငန်းရှင်များအသင်းကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဌအဖြစ် ဦးကြည်မြင့်၊ ဒုဥက္ကဌ(၁)အဖြစ် ဒေါ်မားမား၊ ဒုဥက္ကဌ(၂)အဖြစ် ဦးတင့်ဆွေ၊ အတွင်းရေးမှူးအဖြစ် ဦးမြင့်ဇော်၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအားလို၊ စာရင်းစစ်အဖြစ် ဦးစိုင်းခမ်ရှမ်၊ ပြန်ကြားရေးအဖြစ် ဒေါ်မားမားနှင့်အဖွဲ့၊ အမှုဆောင်များအဖြစ် ဦးဝင်းမြင့်၊ ဦးဇာနည်၊ ဒေါ်နန်းအောင်နှင့် ဦးညွန့်ဆွေတို့က တာဝန်ယူခဲ့ကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း အစည္းအေဝးတြင္ လူမစံုသျဖင့္ အလုပ္အမႈေဆာင္ အဖြဲ႕သစ္ ေရြးခ်ယ္ေရး ေရႊ႕ဆိုင္းထားရ
**********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္း အလုပ္အမႈေဆာင္သစ္ ေရြးခ်ယ္ေရး အတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀) ရက္ေန႔ နံနက္ပိုင္းက အစည္းအေဝးက်င္းပရာ အသင္းဝင္ ထက္ဝက္ခန္႔သာ တက္ေရာက္၍ အမႈေဆာင္သစ္ေရြးခ်ယ္ေရးကို ေနာက္လသို႔ ေရႊ႕ဆုိင္းလုိက္ရသည္။

"လက္ရိွ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကို ဖိတ္စာနဲ႔ပူးတြဲၿပီး ပို႔ေပးလိုက္မယ္။ ေနာက္တစ္ေခါက္ အစည္းအေဝး မျဖစ္မေန တက္ေရာက္ၿပီးေတာ့ ေကာ္မတီေရြးခ်ယ္ဖို႔ ျဖစ္ပါတယ္။ လစဥ္ လစဥ္တိုင္းမွာ (၁၀) ရက္ေန႔ (၁၀) နာရီမွာ အစည္းအေဝးျပဳလုပ္ပါတယ္။ အမွန္ဆိုရင္ ဖိတ္စာေတာင္ ဖိတ္စရာမလိုပါဘူး။ အားလံုးတက္ရမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္ ့လုပ္ငန္းရွင္မ်ားအသင္း ဒုတိယ ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕အတြင္း ေရသန္႔လုပ္ငန္း (၄၂) ခုရိွသည့္အနက္ ေရသန္႔လုပ္ငန္း (၁၉)ခုမွ လုပ္ငန္းရွင္မ်ားကသာ အစည္းအေဝး တက္ေရာက္ခဲ့ၾကျခင္းျဖစ္ၿပီး အသင္းဝင္မစံုသည့္အတြက္ အလုပ္အမႈေဆာင္သစ္ ေရြးခ်ယ္ေရးကို ေရႊ႕ဆုိင္းျခင္း ျပဳ၊မျပဳကို မဲခြဲဆံုးျဖတ္ခဲ့ရာ ေရႊ႕ဆုိင္းရန္ (၁၃) မဲ၊ မေရႊ႕ဆုိင္းရန္ (၆) မဲ ရရိွခဲ့ျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းအစည္းအေဝးကို စက္တင္ဘာလ (၁၀)ရက္ေန႔က က်င္းပစဥ္က ေအာက္တိုဘာလ အစည္းအေဝးတြင္ အလုပ္အမႈေဆာင္အဖြဲ႕သစ္ ျပန္လည္ေရြးခ်ယ္ရန္ ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။

တာခ်ီလိတ္မွ ေရသန္႔လုပ္ငန္းရွင္မ်ားက ၂၀၁၇ ခုနွစ္၊ စက္တင္ဘာလ (၁၅) ရက္ေန႔တြင္  တာခ်ီလိတ္ၿမိဳ႕နယ္ ေရသန္႔လုပ္ငန္းရွင္မ်ားအသင္းကို အသစ္ျပန္လည္ဖြဲ႕စည္းလုိက္ၿပီးေနာက္ ဥကၠဌအျဖစ္ ဦးၾကည္ျမင့္၊ ဒုဥကၠဌ(၁)အျဖစ္ ေဒၚမားမား၊ ဒုဥကၠဌ(၂)အျဖစ္ ဦးတင့္ေဆြ၊ အတြင္းေရးမွဴးအျဖစ္ ဦးျမင့္ေဇာ္၊ ဘ႑ာေရးမွဴးအျဖစ္ ဦးအားလို၊ စာရင္းစစ္အျဖစ္ ဦးစိုင္းခမ္ရွမ္၊ ျပန္ၾကားေရးအျဖစ္ ေဒၚမားမားႏွင့္အဖြဲ႕၊ အမႈေဆာင္မ်ားအျဖစ္ ဦးဝင္းျမင့္၊ ဦးဇာနည္၊ ေဒၚနန္းေအာင္ႏွင့္ ဦးညြန္႔ေဆြတို႔က တာဝန္ယူခဲ့ၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net