တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား၊ လိုင်စင်မဲ့မော်တော်ယာဉ်များဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၃)ဦးအနက် တစ်ဦးကို ပြည်နှင်

တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား၊ လိုင်စင်မဲ့မော်တော်ယာဉ်များဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၃)ဦးအနက် တစ်ဦးကို ပြည်နှင်
အောက်တိုဘာ 24, 2019
By 🌸
တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား၊ လိုင်စင်မဲ့မော်တော်ယာဉ်များဖြင့် ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၃)ဦးအနက် တစ်ဦးကို ပြည်နှင်

နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား (၃၈)ပြားနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား (၃) ဦးအနက် တစ်ဦးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)မှနေ၍ ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် ထိုင်းနိုင်ငံသား ထနာခွန် (Thanakon) ကို မြန်မာနိုင်ငံဘက်မှ လဝက ဒုဌာနခွဲမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်၊ တာချီလိတ်မြို့နယ်မှူးရုံးမှ လဝကမှူးဦးစိန်လွင်တို့က ထိုင်းနိုင်ငံဘက်မှ လဝက ဗိုလ်ကြီး စပ်ခွန်နဝပ်နှင့် နယ်ခြားကော်မတီ (TBC) မှ အရာခံဗိုလ် ဝမ်ချန်းထန်းနွန်းတို့ထံ အောက်တိုဘာလ (၂၄) ရက်နေ့ မနက် (၉) နာရီခွဲအချိန်၌ လွှဲပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် ထနာခွန်ကို ထိုင်းနိုင်ငံသား (၂)ဦးဖြစ်သည့် စုန်နွန် (ခ) အိုက်ကျိုင်း၊ ဝတ်ထိချိုင်းတို့နှင့်အတူ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့ နံနက် (၁၀)နာရီက ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဝင်ရောက်စစ်ဆေးချိန်တွင် အဆိုပါနေအိမ်ရှိ ဝတ်ထိချိုင်း၏ အိပ်ခန်းအတွင်းမှ စိတ်ကြွဆေးပြား (၃၈)ပြားတွေ့ရပြီး နေအိမ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်သည့် Civic အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ Suzuki Swift အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် မော်တော်ဆိုင်ကယ်တစ်စီးတို့ကိုလည်း သိမ်းဆည်းရမိထားခြင်းဖြစ်သည်။

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးရာ၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)နှင့် (၂)တို့အနက် နိုင်ငံအတွင်း ဝင်လာရာဘက်မှ ပြန်လွှဲပေးလေ့ရှိပြီး ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာဘက်ခြမ်းတွင် လာရောက်ခေါ်ဆောင်လေ့ရှိသည်။

ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးရမိသည့် မြန်မာလုပ်သားများကို တာချီလိတ်သို့ ပြန်လွှဲပေးရာတွင် ထိုင်းနိုင်ငံဘက်မှ အချုပ်ကားဖြင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) မြန်မာဘက်ခြမ်းသို့ လာလွှဲပေးလေ့ရှိခြင်းဖြစ်သည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးခံရသည့် မြန်မာလုပ်သားများကို ထိုင်းနိုင်ငံက ယခင်က အမည်ပျက်စာရင်း သွင်းလေ့ရှိသော်လည်း နှစ်နိုင်ငံ ညှိနှိုင်းသဘောတူညီချက်အရ အမည်ပျက်စာရင်း မသွင်းတော့ဘဲ နယ်စပ်မြို့များမှတစ်ဆင့် ပြန်လွှဲပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -KNL

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕တြင္ စိတ္ၾကြေဆးျပား၊ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ဖမ္းမိသည့္ ထုိင္းႏိုင္ငံသား (၃)ဦးအနက္ တစ္ဦးကို ျပည္ႏွင္

နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စိတ္ၾကြေဆးျပား (၃၈)ျပားႏွင့္အတူ ဖမ္းမိသည့္ ထုိင္းႏိုင္ငံသား (၃) ဦးအနက္ တစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔၌ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၁)မွေန၍ ျပည္ႏွင္ဒဏ္ေပးလုိက္ၿပီျဖစ္သည္။

ျပည္ႏွင္ဒဏ္ေပးခံရသည့္ ထုိင္းႏုိင္ငံသား ထနာခြန္ (Thanakon) ကို ျမန္မာႏိုင္ငံဘက္မွ လဝက ဒုဌာနခြဲမွဴး လက္ေထာက္ ညႊန္ၾကားေရးမွဴး ဦးေမာင္ေမာင္ျမင့္၊ တာခ်ီလိတ္ၿမို႕နယ္မွဴးရံုးမွ လဝကမွဴးဦးစိန္လြင္တို႔က ထိုင္းႏိုင္ငံဘက္မွ လဝက ဗိုလ္ႀကီး စပ္ခြန္နဝပ္ႏွင့္ နယ္ျခားေကာ္မတီ (TBC) မွ အရာခံဗိုလ္ ဝမ္ခ်န္းထန္းႏြန္းတို႔ထံ ေအာက္တိုဘာလ (၂၄) ရက္ေန႔ မနက္ (၉) နာရီခြဲအခ်ိန္၌ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္သည္။

ျပည္ႏွင္ဒဏ္ေပးခံရသည့္ ထနာခြန္ကို ထုိင္းႏိုင္ငံသား (၂)ဦးျဖစ္သည့္ စုန္ႏြန္ (ခ) အုိက္က်ိဳင္း၊ ဝတ္ထိခ်ိဳင္းတို႔ႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္ရိွ ေနအိမ္တစ္လံုးတြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၆)ရက္ေန႔ နံနက္ (၁၀)နာရီက ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးမႈအတြင္း ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ဝင္ေရာက္စစ္ေဆးခ်ိန္တြင္ အဆိုပါေနအိမ္ရိွ ဝတ္ထိခ်ိဳင္း၏ အိပ္ခန္းအတြင္းမွ စိတ္ၾကြေဆးျပား (၃၈)ျပားေတြ႔ရၿပီး ေနအိမ္တြင္ လုိင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားျဖစ္သည့္ Civic အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တစ္စီး၊ Suzuki Swift အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ တစ္စီးႏွင့္ ေမာ္ေတာ္ဆိုင္ကယ္တစ္စီးတို႔ကိုလည္း သိမ္းဆည္းရမိထားျခင္းျဖစ္သည္။

ျမန္မာ - ထုိင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ထုိင္းႏိုင္ငံသားမ်ားကို ျပည္ႏွင္ဒဏ္ေပးရာ၌ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)ႏွင့္ (၂)တုိ႔အနက္ ႏုိင္ငံအတြင္း ဝင္လာရာဘက္မွ ျပန္လႊဲေပးေလ့ရိွၿပီး ထုိင္းနိုင္ငံဘက္မွ တာဝန္ရိွသူမ်ားက ျမန္မာဘက္ျခမ္းတြင္ လာေရာက္ေခၚေဆာင္ေလ့ရိွသည္။

ထုိင္းႏိုင္ငံဘက္တြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးရမိသည့္ ျမန္မာလုပ္သားမ်ားကို တာခ်ီလိတ္သို႔ ျပန္လႊဲေပးရာတြင္ ထုိင္းနိုင္ငံဘက္မွ အခ်ဳပ္ကားျဖင့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) ျမန္မာဘက္ျခမ္းသို႔ လာလႊဲေပးေလ့ရိွျခင္းျဖစ္သည္။

ယင္းကဲ့သုိ႔ လႊဲေျပာင္းေပးခံရသည့္ ျမန္မာလုပ္သားမ်ားကို ထုိင္းႏုိင္ငံက ယခင္က အမည္ပ်က္စာရင္း သြင္းေလ့ရိွေသာ္လည္း ႏွစ္ႏုိင္ငံ ညိႇႏိႈင္းသေဘာတူညီခ်က္အရ အမည္ပ်က္စာရင္း မသြင္းေတာ့ဘဲ နယ္စပ္ၿမိဳ႕မ်ားမွတစ္ဆင့္ ျပန္လႊဲေပးေနျခင္းျဖစ္သည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -KNL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net