တာချီလိတ်တွင် ဓါတ်တိုင် (၃)တိုင်နှင့် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နေရာ (၅) ခု၌ မိုးကြိုးထိမှန်

တာချီလိတ်တွင် ဓါတ်တိုင် (၃)တိုင်နှင့် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နေရာ (၅) ခု၌ မိုးကြိုးထိမှန်
အောက်တိုဘာ 28, 2019
By 🌸
တာချီလိတ်တွင် ဓါတ်တိုင် (၃)တိုင်နှင့် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ နေရာ (၅) ခု၌ မိုးကြိုးထိမှန်
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ် (၁၁)နာရီဝန်းကျင်က အချိန်အခါမဲ့ မိုးရွာသွန်းမှုအတွင်း တာချီလိတ်ရွှေတိဂုံ နေရာ (၅)ခုနှင့် ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ ပြည်တော်သာဈေးထောင့် ဓါတ်တိုင် (၃)တိုင်တို့တွင်  မိုးကြိုးထိမှန်မှုဖြစ်ပွားသည်။

“ဆန်ဆိုင်း (ခ) ပြည်တော်သာဈေးနားက  ဓါတ်တိုင် (၃)တိုင်မှာ မိုးကြိုးထိလို့ ဝိုင်ဖိုင်ကြိုးတွေ တောက်လျှောက်လောင်နေတာ။ ဆန်ဆိုင်း (ခ) ဘက်မှာ မီးဖြတ်ထားရတယ်။ မိုးခြိမ်းတဲ့အချိန်ကနေ စဖြစ်တာပဲ။ ကုမ္ပဏီနှစ်ခုက ဝိုင်ဖိုင်ကြိုးတွေ လောင်သွားတယ်”ဟု ဆန်ဆိုင်း (ခ)ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။

မိုးကြိုးထိမှန်မှုကြောင့် ရွှေတိဂုံစေတီတော်ရင်ပြင် တနင်္လာထောင့်ရှိ တံခွန်တိုင်အောက်ခြေနှင့် နတ်မင်းကြီးရုပ်ထု၏ခါးပိုင်း အက်ကွဲကြောင်းဖြစ်ကာ လက်နှစ်ဖက်ပျက်စီးသွားပြီး စေတီတော်၏ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးထောင့်များတွင်လည်း မိုးကြိုးထိမှန်၍ အင်္ဂတေကွာသွားကာ တနင်္လလာထောင့်မှ ဆင်းတုတော်နောက်ဘက်ရှိ မီးဝိုင်းကို ထိမှန်ခဲ့ပြီး မိန်းခလုတ်ခုံ လောင်ကျွမ်းမှုဖြစ်ခဲ့သည်။

မိုးကြိုးထိမှန်၍ ပျက်စီးမှုအနည်းငယ်ဖြစ်သွားသော်လည်း လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ ဓါတ္တုိင္ (၃)တုိင္ႏွင့္ ေရႊတိဂံုေစတီေတာ္ရင္ျပင္ရိွ ေနရာ (၅) ခု၌ မိုးႀကိဳးထိမွန္
************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၈)ရက္ေန႔ ေန႔လယ္ (၁၁)နာရီဝန္းက်င္က အခ်ိန္အခါမဲ့ မုိးရြာသြႏ္းမႈအတြင္း တာခ်ီလိတ္ေရႊတိဂံု ေနရာ (၅)ခုႏွင့္ ဆန္ဆုိင္း(ခ) ရပ္ကြက္ရိွ ျပည္ေတာ္သာေစ်းေထာင့္ ဓါတ္တုိင္ (၃)တုိင္တုိ႔တြင္  မိုးႀကိဳးထိမွန္မႈျဖစ္ပြားသည္။

“ဆန္ဆိုင္း (ခ) ျပည္ေတာ္သာေစ်းနားက  ဓါတ္တုိင္ (၃)တုိင္မွာ မိုးႀကိဳးထိလို႔ ဝိုင္ဖိုင္ႀကိဳးေတြ ေတာက္ေလွ်ာက္ေလာင္ေနတာ။ ဆန္ဆိုင္း (ခ) ဘက္မွာ မီးျဖတ္ထားရတယ္။ မိုးၿခိမ္းတဲ့အခ်ိန္ကေန စျဖစ္တာပဲ။ ကုမၸဏီႏွစ္ခုက ဝိုင္ဖိုင္ႀကိဳးေတြ ေလာင္သြားတယ္”ဟု ဆန္ဆုိင္း (ခ)ရပ္ကြက္မွ ေဒသခံတစ္ဦးက ေျပာသည္။

မိုးႀကိဳးထိမွန္မႈေၾကာင့္ ေရႊတိဂံုေစတီေတာ္ရင္ျပင္ တနလၤာေထာင့္ရိွ တံခြန္တိုင္ေအာက္ေျခႏွင့္ နတ္မင္းႀကီးရုပ္ထု၏ခါးပိုင္း အက္ကြဲေၾကာင္းျဖစ္ကာ လက္ႏွစ္ဖက္ပ်က္စီးသြားၿပီး ေစတီေတာ္၏ တနလၤာ၊ အဂၤါ၊ ဗုဒၶဟူးေထာင့္မ်ားတြင္လည္း မိုးႀကိဳးထိမွန္၍ အဂၤေတကြာသြားကာ တနလၤလာေထာင့္မွ ဆင္းတုေတာ္ေနာက္ဘက္ရိွ မီး၀ိုင္းကို ထိမွန္ခဲ့ၿပီး မိန္းခလုတ္ခံု ေလာင္ကၽြမ္းမႈျဖစ္ခဲ့သည္။

မိုးႀကိဳးထိမွန္၍ ပ်က္စီးမႈအနည္းငယ္ျဖစ္သြားေသာ္လည္း လူႏွင့္ တိရစၦာန္ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net