ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်း ဓမ္မခရီးစဉ်အဖြစ် (၅)နိုင်ငံမှ ကြွရောက်မည့် သံဃာတော်များကို တာချီလိတ်နှင့် ကျိုင်းတုံမြို့များ၌ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်

ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်း ဓမ္မခရီးစဉ်အဖြစ် (၅)နိုင်ငံမှ ကြွရောက်မည့် သံဃာတော်များကို တာချီလိတ်နှင့် ကျိုင်းတုံမြို့များ၌ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်
အောက်တိုဘာ 8, 2019
By 🌸
မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံဖြစ်သည့် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားနိုင်ငံများမှ သံဃာတော်များ စုပေါင်း၍ ဒုတိယအကြိမ် ဓမ္မယထရခရီးစဉ်အဖြစ် ကြွချီမည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့များ၌ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ကြမည်ဖြစ်သည်။

မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံသို့ ကြွချီကြမည့် ဆရာတော်၊ သံဃာတော် အပါး (၄၀၀) ကျော်တွင် မြန်မာနိုင်ငံမှ ဆရာတော်၊ သံဃာတော် အပါး (၁၀၀)ကျော်လည်း ပါဝင်မည်ဖြစ်ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၈)နာရီ၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၁)တွင် မယ်ဆိုင်မြို့ဘက်မှ ကြွလာသည့် သံဃာတော်များအား ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ကြမည်ဖြစ်သည်။

"ဆွမ်းလောင်းက (၈) နာရီ၊ တံတား(၁) ဟိုဘက်ထိပ်က စမယ်။ အဝိုင်းထိပေါ့။ သံဃာအပါးများလို့ရှိရင် ဒီဘက်အထိ ရောက်မှာပေါ့။ စုပေါင်းရုံးရှေ့ကျမှ ကားပေါ်တက်ပြီး နဂါးနှစ်ကောင်ကျောင်းကို ဆက်သွားမှာပေါ့။ သံဃာစာရင်း အတိအကျမရသေးဘူး"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်း အေဂျင်စီသို့ အောက်တိုဘာလ (၇)နေ့တွင် ပြောသည်။

ယင်းနောက် (၅)နိုင်ငံမှ သံဃာတော်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်သို့ကြွ၍ ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသည့် မဟာဗောဓိပင်အား စိုက်ပျိုးခြင်း၊ လွယ်ယွန်းခမ်းစေတီတော်နှင့် တာချီလိတ် ရွှေတိဂုံစေတီတော်တို့ကို ဖူးမျှော်ကြည်ညိုကြမည်ဖြစ်သည်။

သံဃာတော်များသည် အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ကြွချီကာ ကျိုင်းတုံမြို့ ပါလျှံစေတီမုဒ်ဦးမှ ဟိုခုံပရိယတ္တိဘုန်းတော်ကြီးကျောင်း တစ်လျှောက်တွင် ဒေသခံများ ဖူးမြော်နိုင်ကြမည်ဖြစ်သည်။

ယင်းနောက် ကျိုင်းယင်းစေတီတွင် ဂုံရှမ်းသံဃာ့ဂိုဏ်းချုပ်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တခေမာစာရဦးဆောင်သော သံဃာတော်များနှင့်အတူ ပရိတ်တရားရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။

 ကျိုင်းတုံမြို့ရှိ ဘုမ်းမင်း (ခေါ်) ခေမင်းကမ္မဌာန်းစေတီတွင် ဗုဒ္ဓဂယာမှ ပင့်ဆောင်လာသည့် မဟာဗောဓိပင်ပင်အား စိုက်ပျိုးပြီးနောက် အောက်တိုဘာလ (၁၇)ရက်နေ့ ညနေ (၄) နာရီဝန်းကျင်တွင် မဟာမြတ်မုနိစေတီတော် ပရိဝုဏ်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်သည်။

သံဃာတော်များသည် အောက်တိုဘာ (၁၈) ရက်နေ့တွင် ကျိုင်းတုံမှ တာချီလိတ်မြို့သို့ ပြန်လည်ကြွချီပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှနေ၍ ထိုင်းနိုင်ငံ ချင်းကောင်ခရိုင်သို့ ဆက်လက် ကြွရောက်မည်ဖြစ်သည်။

အဆိုပါ ဓမ္မခရီးစဉ်ကို ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက ဥက္ကဌအဖြစ် တာဝန်ယူထားသည့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)က ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်နှင့် ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်ပြီး မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံမှ သံဃာတော်များ စုပေါင်းကာ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အဖြစ် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံများသို့ အောက်တိုဘာလ (၁၄) ရက်မှ (၃၁) ရက်အထိ ကြွချီကြမည်ဖြစ်သည်။

မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို)က ဦးဆောင်ကျင်းပသည့် မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များ၏ ဓမ္မယထရခရီးစဉ် ပထမအကြိမ်ကို ၂၀၁၈ ခုနှစ်က ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျိုက်ထို (ကျိုက်ထီးရိုး)၊ ဘီးလင်း (ကျိုက်ထီးဆောင်း)နှင့် မုဒုံမြို့များ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်-Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဒုတိယအႀကိမ္ မဲေခါင္ျမစ္ဝွမ္း ဓမၼခရီးစဥ္အျဖစ္ (၅)ႏုိင္ငံမွ ၾကြေရာက္မည့္ သံဃာေတာ္မ်ားကို တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ား၌ ဆြမ္းဆန္စိမ္းေလာင္းလွဴႏုိင္
*************
မဲေခါင္ျမစ္ဝွမ္းေဒသ (၅) ႏိုင္ငံျဖစ္သည့္ ျမန္မာ၊ ထိုင္း၊ လာအို၊ ဗီယက္နမ္ႏွင့္ ကေမၻာဒီယားႏိုင္ငံမ်ားမွ သံဃာေတာ္မ်ား စုေပါင္း၍ ဒုတိယအႀကိမ္ ဓမၼယထရခရီးစဥ္အျဖစ္ ၾကြခ်ီမည္ျဖစ္ရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ား၌ ဆြမ္းဆန္စိမ္းေလာင္းလွဴႏုိင္ၾကမည္ျဖစ္သည္။

မဲေခါင္ျမစ္ဝွမ္း (၅) ႏုိင္ငံသို႔ ၾကြခ်ီၾကမည့္ ဆရာေတာ္၊ သံဃာေတာ္ အပါး (၄၀၀) ေက်ာ္တြင္ ျမန္မာႏုိင္ငံမွ ဆရာေတာ္၊ သံဃာေတာ္ အပါး (၁၀၀)ေက်ာ္လည္း ပါဝင္မည္ျဖစ္ၿပီး ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ (၈)နာရီ၌ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္(၁)တြင္ မယ္ဆုိင္ၿမိဳ႕ဘက္မွ ၾကြလာသည့္ သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္း ေလာင္းလွဴႏုိင္ၾကမည္ျဖစ္သည္။

"ဆြမ္းေလာင္းက (၈) နာရီ၊ တံတား(၁) ဟိုဘက္ထိပ္က စမယ္။ အ၀ိုင္းထိေပါ့။ သံဃာအပါးမ်ားလို႔ရိွရင္ ဒီဘက္အထိ ေရာက္မွာေပါ့။ စုေပါင္းရံုးေရွ႕က်မွ ကားေပၚတက္ၿပီး နဂါးႏွစ္ေကာင္ေက်ာင္းကို ဆက္သြားမွာေပါ့။ သံဃာစာရင္း အတိအက်မရေသးဘူး"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေအာက္တိုဘာလ (၇)ေန႔တြင္ ေျပာသည္။

ယင္းေနာက္ (၅)ႏို္င္ငံမွ သံဃာေတာ္မ်ားသည္ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္သို႔ၾကြ၍ ဗုဒၶဂယာမွ ပင့္ေဆာင္လာသည့္ မဟာေဗာဓိပင္အား စိုက္ပ်ိဳးျခင္း၊ လြယ္ယြန္းခမ္းေစတီေတာ္ႏွင့္ တာခ်ီလိတ္ ေရႊတိဂံုေစတီေတာ္တို႔ကို ဖူးေမွ်ာ္ၾကည္ညိဳၾကမည္ျဖစ္သည္။

သံဃာေတာ္မ်ားသည္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ နံနက္ပိုင္းတြင္ ၾကြခ်ီကာ က်ိဳင္းတံုၿမို႕ ပါလွ်ံေစတီမုဒ္ဦးမွ ဟိုခံုပရိယတၱိဘုန္းေတာ္ႀကီးေက်ာင္း တစ္ေလွ်ာက္တြင္ ေဒသခံမ်ား ဖူးေျမာ္ႏုိင္ၾကမည္ျဖစ္သည္။
ယင္းေနာက္ က်ိဳင္းယင္းေစတီတြင္ ဂံုရွမ္းသံဃာ့ဂိုဏ္းခ်ဳပ္၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ၊ ဆရာေတာ္ ဘဒၵႏၱေခမာစာရဦးေဆာင္ေသာ သံဃာေတာ္မ်ားႏွင့္အတူ ပရိတ္တရားရြတ္ဖတ္ပူေဇာ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

 က်ိဳင္းတံုၿမိဳ႕ရိွ ဘုမ္းမင္း (ေခၚ) ေခမင္းကမၼဌာန္းေစတီတြင္ ဗုဒၶဂယာမွ ပင့္ေဆာင္လာသည့္ မဟာေဗာဓိပင္ပင္အား စိုက္ပ်ိဳးၿပီးေနာက္ ေအာက္တိုဘာလ (၁၇)ရက္ေန႔ ညေန (၄) နာရီဝန္းက်င္တြင္ မဟာျမတ္မုနိေစတီေတာ္ ပရိဝုဏ္၌ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပမည္ျဖစ္သည္။

သံဃာေတာ္မ်ားသည္ ေအာက္တိုဘာ (၁၈) ရက္ေန႔တြင္ က်ိဳင္းတံုမွ တာခ်ီလိတ္ၿမိဳ႕သို႔ ျပန္လည္ၾကြခ်ီၿပီး ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွေန၍ ထိုင္းႏိုင္ငံ ခ်င္းေကာင္ခရိုင္သို႔ ဆက္လက္ ၾကြေရာက္မည္ျဖစ္သည္။

အဆိုပါ ဓမၼခရီးစဥ္ကို ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊက ဥကၠဌအျဖစ္ တာဝန္ယူထားသည့္ ျမန္မာႏိုင္ငံလံုး ဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း (ဗဟို)က ထုိင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္ႏွင့္ ပူးေပါင္း၍ စီစဥ္ျခင္းျဖစ္ၿပီး မဲေခါင္ျမစ္ဝွမ္း (၅) ႏုိင္ငံမွ သံဃာေတာ္မ်ား စုေပါင္းကာ ဒုတိယအႀကိမ္ေျမာက္ ဓမၼယထရ ခရီးစဥ္အျဖစ္ ထုိင္း၊ ျမန္မာ၊ ဗီယက္နမ္၊ ကေမၻာဒီးယား၊ လာအိုႏုိင္ငံမ်ားသို႔ ေအာက္တိုဘာလ (၁၄) ရက္မွ (၃၁) ရက္အထိ ၾကြခ်ီၾကမည္ျဖစ္သည္။

ျမန္မာႏိုင္ငံလံုး ဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း (ဗဟို)က ဦးေဆာင္က်င္းပသည့္ မဲေခါင္ျမစ္ဝွမ္းေဒသ (၅) ႏိုင္ငံမွ သံဃာေတာ္မ်ား၏ ဓမၼယထရခရီးစဥ္ ပထမအႀကိမ္ကို ၂၀၁၈ ခုႏွစ္က ကရင္ျပည္နယ္၊ ျမဝတီၿမို႕၊ က်ိဳက္ထို (က်ိဳက္ထီးရိုး)၊ ဘီးလင္း (က်ိဳက္ထီးေဆာင္း)ႏွင့္ မုဒံုၿမိဳ႕မ်ား၌ က်င္းပခဲ့ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္ - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net