တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ထွေ/အုပ်(က) အသင်း ပထမရရှိ

တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ထွေ/အုပ်(က) အသင်း ပထမရရှိ
အောက်တိုဘာ 27, 2019
By 🌸
တာချီလိတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် မြို့နယ်ထွေ/အုပ်(က) အသင်း ပထမရရှိ
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏  နှစ်ပတ်လည် အထိမ်းအမှတ် အမှတ်ပေးဇယား ဖူဆယ်ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်ထွေအုပ်(က)အသင်းက အနိုင်ရသွားသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျရောက်မည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို အောက်တိုဘာလ (၂၃) ရက်နေ့မှ အောက်တိုဘာ (၂၇) ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် မြို့နယ်ထွေ/အုပ်(က) အသင်းက (၄) ပွဲကစား (၄) ပွဲနိုင် ရမှတ် (၁၂) မှတ်ဖြင့် ပထမ၊ ကျိုင်းလပ်အသင်းက (၄) ပွဲကစား (၃) ပွဲနိုင် (၁) ပွဲရှုံး ရမှတ် (၉) မှတ်ဖြင့် ဒုတိယ၊ အုပ်ချုပ်ရေးမှူးအသင်းက (၄) ပွဲကစား (၂) ပွဲနိုင် (၂) ပွဲရှုံး ရမှတ် (၆) မှတ်ဖြင့် တတိယ၊ ခရိုင်ထွေ/အုပ် အသင်းက (၄) ပွဲကစား (၁) ပွဲနိုင် (၃) ပွဲရှုံး ရမှတ် (၃) မှတ်ဖြင့် စတုတ္ထ၊ မြို့နယ်ထွေ/အုပ်(ခ) အသင်းက (၄) ပွဲကစား (၄) ပွဲရှုံးဖြင့် ပဉ္စမ အသီးသီးရရှိခဲ့ခြင်းဖြစ်သည်။

ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးခေါင်းဆောင်သည့် ခရိုင်ထွေ/အုပ်အသင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ခေါင်းဆောင်သည့် မြို့နယ်ထွေ/အုပ်(က)အသင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင် ခေါင်းဆောင်သည့် မြို့နယ်ထွေ/အုပ်(ခ)အသင်း၊ ကျိုင်းလပ်မြို့ အုပ်ချုပ်ရေးမှူး ဦးစည်သူခေါင်းဆောင်သည့် ကျိုင်းလပ်အသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဖတ်ခေါင်းဆောင်သည့် အုပ်ချုပ်ရေးမှူးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့်အသင်းများကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႏွစ္ပတ္လည္အထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲတြင္ ၿမိဳ႕နယ္ေထြ/အုပ္(က) အသင္း ပထမရရိွ
************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏  ႏွစ္ပတ္လည္ အထိမ္းအမွတ္ အမွတ္ေပးဇယား ဖူဆယ္ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၇)ရက္ေန႔က က်င္းပရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္သည့္ ၿမိဳ႕နယ္ေထြအုပ္(က)အသင္းက အႏုိင္ရသြားသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ႏိုဝင္ဘာလ (၇)ရက္ေန႔တြင္ က်ေရာက္မည့္ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲကို ေအာက္တိုဘာလ (၂၃) ရက္ေန႔မွ ေအာက္တိုဘာ (၂၇) ရက္ေန႔အထိ ယွဥ္ၿပိဳင္ကစားခဲ့ၾကျခင္းျဖစ္သည္။

ၿပိဳင္ပြဲတြင္ ၿမိဳ႕နယ္ေထြ/အုပ္(က) အသင္းက (၄) ပြဲကစား (၄) ပြဲႏိုင္ ရမွတ္ (၁၂) မွတ္ျဖင့္ ပထမ၊ က်ိဳင္းလပ္အသင္းက (၄) ပြဲကစား (၃) ပြဲႏိုင္ (၁) ပြဲရံႈး ရမွတ္ (၉) မွတ္ျဖင့္ ဒုတိယ၊ အုပ္ခ်ဳပ္ေရးမွဴးအသင္းက (၄) ပြဲကစား (၂) ပြဲႏိုင္ (၂) ပြဲရံႈး ရမွတ္ (၆) မွတ္ျဖင့္ တတိယ၊ ခရိုင္ေထြ/အုပ္ အသင္းက (၄) ပြဲကစား (၁) ပြဲႏိုင္ (၃) ပြဲရံႈး ရမွတ္ (၃) မွတ္ျဖင့္ စတုတၳ၊ ၿမိဳ႕နယ္ေထြ/အုပ္(ခ) အသင္းက (၄) ပြဲကစား (၄) ပြဲရံႈးျဖင့္ ပဥၥမ အသီးသီးရရိွခဲ့ျခင္းျဖစ္သည္။

ဖူဆယ္ေဘာလံုးၿပိဳင္ပြဲတြင္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္းေဌးေခါင္းေဆာင္သည့္ ခ႐ိုင္ေထြ/အုပ္အသင္း၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ ေခါင္းေဆာင္သည့္ ၿမိဳ႕နယ္ေထြ/အုပ္(က)အသင္း၊ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ ေခါင္းေဆာင္သည့္ ၿမိဳ႕နယ္ေထြ/အုပ္(ခ)အသင္း၊ က်ိဳင္းလပ္ၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး ဦးစည္သူေခါင္းေဆာင္သည့္ က်ိဳင္းလပ္အသင္း၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုင္းဖတ္ေခါင္းေဆာင္သည့္ အုပ္ခ်ဳပ္ေရးမွဴးအသင္းတို႔ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး ဆုရရိွသည့္အသင္းမ်ားကို ႏို၀င္ဘာ (၇) ရက္ေန႔တြင္ က်င္းပမည့္  အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႏွစ္ပတ္လည္ေန႔တြင္ ဆုမ်ားခ်ီးျမႇင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net