ပြတ်ကျနေသည့် ဓါတ်ကြိုးကိုကိုင်မိ၍ ဓါတ်လိုက်ခံနေရသည့် သားအမိနှစ်ဦးအား တွန်းဖယ်သည့် ခင်ပွန်းဖြစ်သူ ဓာတ်လိုက်သေဆုံး

ပြတ်ကျနေသည့် ဓါတ်ကြိုးကိုကိုင်မိ၍ ဓါတ်လိုက်ခံနေရသည့် သားအမိနှစ်ဦးအား တွန်းဖယ်သည့် ခင်ပွန်းဖြစ်သူ ဓာတ်လိုက်သေဆုံး
အောက်တိုဘာ 6, 2019
By 🌸
မကွေးမြို့၊  ရွာသစ်ရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ နံနက်ပိုင်းက ဇနီးနှင့် သားဖြစ်သူတို့ ဓာတ်လိုက်နေသည်ကို တွန်းဖယ်လိုက်သည့် အမျိုးသား ဓာတ်လိုက်သေဆုံးသွားသည်။

မကွေးမြို့၊  ရွာသစ်ရပ် (၁၈)လမ်းနေ ဒေါ်စန်းစန်းသည် နံနက် (၇)နာရီခွဲဝန်းကျင်က နေအိမ်ရှေ့၌ ဓာတ်ကြိုးပြတ်ကျနေသည်ကိုတွေ့ရ၍ ဖယ်ရှားရာမှ ဓာတ်လိုက်ခံရပြီး မိခင် ဓာတ်လိုက်ခံနေရသည်ကို တွေ့ရှိသည့် အသက်(၁၃)နှစ်အရွယ်သားဖြစ်သူက မိခင်ကို ဆွဲလိုက်ရာမှ သားအမိနှစ်ဦးလုံး ဓါတ်လိုက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်စန်းစန်း၏ခင်ပွန်းဖြစ်သူ ဦးဇော်ဇော်က ဆိုင်ဖွင့်ရန် နေအိမ်မှ ကားဖြင့်ထွက်ခွာစဉ် သားအမိနှစ်ဦး ဓါတ်လိုက်နေသည်ကို တွေ့ရသဖြင့် ကားပေါ်မှဆင်းကာ ဓါတ်ကြိုးအား ဆွဲယူလိုက်ပြီး သားအမိနှစ်ဦးအား တွန်းဖယ်ရန်ကြိုးစားရာမှ ဓါတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

 “ကလေးက ဘာမှမဖြစ်ပါဘူး။ ဦးဇော်ဇော်နဲ့ ဒေါ်စန်းစန်းတို့ကတော့ သတိလစ်သွားကြပါတယ်။ ကရုဏာ ရှင်အသင်းက မော်တော်ယာဉ်နဲ့ မကွေးတိုင်းဆေးရုံကြီးကို ပို့ဆောင်ခဲ့တာမှာ ဒေါ်စန်းစန်းက သတိပြန်ရပြီး ကောင်းမွန်လာခဲ့ပါတယ်။ ဦးဇော်ဇော်ကတော့ ဝဲဘက်လက်ညိုးမှာ ပွန်းပဲ့ညိုမည်းဒဏ်ရာ၊ ယာလက်ဖဝါး မှာ ညိုမည်းဒဏ်ရာသာ ရရှိခဲ့တာပေမဲ့ သတိပြန်လည်လာခြင်းမရှိတော့ဘဲ သေဆုံးသွားပါတယ်”ဟု မကွေးမြို့မ ရဲစခန်းမှူး ဒုရဲမှူး မိုးဇော်နိုင်က  တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်ကို မကွေးမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၁၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လျှပ်စစ်ဝါယာကြိုးများ၊ ဓါတ်ကြိုးများ ပြတ်ကျ၊ ပြုတ်ကျနေသည်ကို တွေ့ပါက အနီးအနားသို့မသွားဘဲ သက်ဆိုင်ရာ လျှပ်စစ်ဌာနသို့ ဆက်သွယ်အကူအညီတောင်းခံရန်လိုအပ်ပြီး ဓါတ်လိုက်နေသူအား ဖယ်ရှားလိုပါက ဖယ်ရှားသူကိုပါ ဓါတ်မလိုက်စေရန် လျှပ်စီးမကူးသည့် ကြားခံပစ္စည်းအသုံးပြု ဖယ်ရှားရမည်ဖြစ်သည်။

ဓါတ်လိုက်ခံရသူအား အနီးဆုံးဆေးရုံသို့ မပို့မီ ရှေးဦးသူနာပြုစုနည်းဖြင့် အသက်ပြန်ရှုလာရန် ပြုစုပေးရန် လိုအပ်ခြင်းဖြစ်သည်။

သတင်း #ဖီးနစ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ျပတ္က်ေနသည့္ ဓါတ္ႀကိဳးကိုကိုင္မိ၍ ဓါတ္လိုက္ခံေနရသည့္ သားအမိႏွစ္ဦးအား တြန္းဖယ္သည့္ ခင္ပြန္းျဖစ္သူ ဓာတ္လိုက္ေသဆံုး
***********
မေကြးၿမိဳ႕၊  ရြာသစ္ရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၆)ရက္ေန႔ နံနက္ပိုင္းက ဇနီးႏွင့္ သားျဖစ္သူတို႔ ဓာတ္လိုက္ေနသည္ကို တြန္းဖယ္လုိက္သည့္ အမ်ိဳးသား ဓာတ္လိုက္ေသဆံုးသြားသည္။

မေကြးၿမိဳ႕၊  ရြာသစ္ရပ္ (၁၈)လမ္းေန ေဒၚစန္းစန္းသည္ နံနက္ (၇)နာရီခြဲဝန္းက်င္က ေနအိမ္ေရွ႕၌ ဓာတ္ႀကိဳးျပတ္က်ေနသည္ကိုေတြ႔ရ၍ ဖယ္ရွားရာမွ ဓာတ္လိုက္ခံရၿပီး မိခင္ ဓာတ္လိုက္ခံေနရသည္ကို ေတြ႔ရိွသည့္ အသက္(၁၃)ႏွစ္အရြယ္သားျဖစ္သူက မိခင္ကို ဆြဲလုိက္ရာမွ သားအမိႏွစ္ဦးလံုး ဓါတ္လုိက္ခံလုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚစန္းစန္း၏ခင္ပြန္းျဖစ္သူ ဦးေဇာ္ေဇာ္က ဆုိင္ဖြင့္ရန္ ေနအိမ္မွ ကားျဖင့္ထြက္ခြာစဥ္ သားအမိႏွစ္ဦး ဓါတ္လုိက္ေနသည္ကို ေတြ႔ရသျဖင့္ ကားေပၚမွဆင္းကာ ဓါတ္ႀကိဳးအား ဆြဲယူလုိက္ၿပီး သားအမိႏွစ္ဦးအား တြန္းဖယ္ရန္ႀကိဳးစားရာမွ ဓါတ္လုိက္ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

 “ကေလးက ဘာမွမျဖစ္ပါဘူး။ ဦးေဇာ္ေဇာ္နဲ႔ ေဒၚစန္းစန္းတို႔ကေတာ့ သတိလစ္သြားၾကပါတယ္။ ကရုဏာ ရွင္အသင္းက ေမာ္ေတာ္ယာဥ္နဲ႔ မေကြးတိုင္းေဆးရံုႀကီးကို ပို႔ေဆာင္ခဲ့တာမွာ ေဒၚစန္းစန္းက သတိျပန္ရၿပီး ေကာင္းမြန္လာခဲ့ပါတယ္။ ဦးေဇာ္ေဇာ္ကေတာ့ ဝဲဘက္လက္ညိဳးမွာ ပြန္းပဲ့ညိဳမည္းဒဏ္ရာ၊ ယာလက္ဖဝါး မွာ ညိဳမည္းဒဏ္ရာသာ ရရိွခဲ့တာေပမဲ့ သတိျပန္လည္လာျခင္းမရိွေတာ့ဘဲ ေသဆံုးသြားပါတယ္”ဟု မေကြးၿမိဳ႕မ ရဲစခန္းမွဴး ဒုရဲမွဴး မိုးေဇာ္ႏိုင္က  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါျဖစ္စဥ္ကို မေကြးၿမိဳ႕မရဲစခန္းက ေသမႈေသခင္းအမွတ္စဥ္ ၁၄/၂၀၁၉ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

လွ်ပ္စစ္ဝါယာႀကိဳးမ်ား၊ ဓါတ္ႀကိဳးမ်ား ျပတ္က်၊ ျပဳတ္က်ေနသည္ကို ေတြ႔ပါက အနီးအနားသို႔မသြားဘဲ သက္ဆုိင္ရာ လွ်ပ္စစ္ဌာနသို႔ ဆက္သြယ္အကူအညီေတာင္းခံရန္လိုအပ္ၿပီး ဓါတ္လိုက္ေနသူအား ဖယ္ရွားလိုပါက ဖယ္ရွားသူကိုပါ ဓါတ္မလုိက္ေစရန္ လွ်ပ္စီးမကူးသည့္ ၾကားခံပစၥည္းအသံုးျပဳ ဖယ္ရွားရမည္ျဖစ္သည္။

ဓါတ္လုိက္ခံရသူအား အနီးဆံုးေဆးရံုသို႔ မပို႔မီ ေရွးဦးသူနာျပဳစုနည္းျဖင့္ အသက္ျပန္ရႈလာရန္ ျပဳစုေပးရန္ လိုအပ္ျခင္းျဖစ္သည္။
သတင္း #ဖီးနစ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net