ကယားပြည်နယ် လွိုင်ကော်မြို့ကမ်းနားလမ်းပြင်ဆင်ရေးနှင့် မြေထိန်းနံရံ တည်ဆောက်ရေးအတွက် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၄၀၀ ကျော်သုံးစွဲမည်

ကယားပြည်နယ် လွိုင်ကော်မြို့ကမ်းနားလမ်းပြင်ဆင်ရေးနှင့် မြေထိန်းနံရံ တည်ဆောက်ရေးအတွက် ပြည်နယ်ရန်ပုံငွေ ကျပ်သန်း ၄၀၀ ကျော်သုံးစွဲမည်
အောက်တိုဘာ 4, 2019
By 🌸
ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ချောင်းရေတိုက်စားသွားသည့် ကမ်းနားလမ်းပြန်လည်ပြုပြင်ရေးနှင့် မြေထိန်းနံရံများတည်ဆောက်ခြင်းကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်  ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်းပေါင်း (၄၁၃.၈၉) သုံးစွဲတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 “ဘတ်ဂျက်အတည်ပြုပြီးဖြစ်တဲ့အတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါတယ် ”ဟု  ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြည်နယ်လွှတ်တော်တွင်ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်ရှိ ဘီလူးချောင်းကမ်းနားလမ်းမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ချောင်းရေတိုက်စားမှုကြောင့် ပြိုကျပျက်ဆီးသွားခဲ့ပြီး ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေး၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

မြို့ရှောင်လမ်းအဖြစ် အသုံးပြုနေသည့် အဆိုပါ ကမ်းနားလမ်းကို ဈေးပိုင်းရပ်ကွက်မှ ဒေါဥခူကျောက်ပြား တံတားအထိ ကတ္တရာလမ်းခင်းပြီး မြေထိန်းနံရံများပါ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ကမ္းနားလမ္းျပင္ဆင္ေရးႏွင့္ ေျမထိန္းနံရံ တည္ေဆာက္ေရးအတြက္ ျပည္နယ္ရန္ပံုေငြ က်ပ္သန္း ၄၀၀ ေက်ာ္သံုးစြဲမည္
*************
ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕တြင္ ေခ်ာင္းေရတုိက္စားသြားသည့္ ကမ္းနားလမ္းျပန္လည္ျပဳျပင္ေရးႏွင့္ ေျမထိန္းနံရံမ်ားတည္ေဆာက္ျခင္းကို ၂၀၁၉ -၂၀၂၀ ဘ႑ာနွစ္  ျပည္နယ္ဘ႑ာရန္ပုံေငြမွ က်ပ္သန္းေပါင္း (၄၁၃.၈၉) သံုးစြဲတည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

 “ဘတ္ဂ်က္အတည္ျပဳၿပီးျဖစ္တဲ့အတြက္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေပးသြားမွာ ျဖစ္ပါေၾကာင္း ရွင္းလင္း ေျဖၾကားအပ္ပါတယ္ ”ဟု  ျပည္နယ္ စည္ပင္သာယာေရးႏွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌးက ျပည္နယ္လႊတ္ေတာ္တြင္ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

လိြဳင္ေကာ္ၿမိဳ႕၊ ေစ်းပိုင္းရပ္ကြက္ရွိ ဘီလူးေခ်ာင္းကမ္းနားလမ္းမွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ေခ်ာင္းေရတိုက္စားမႈေၾကာင့္ ၿပိဳက်ပ်က္ဆီးသြားခဲ့ၿပီး ျပန္လည္ျပင္ဆင္ႏုိင္ျခင္းမရိွေသး၍ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး၌္ လြိဳင္ေကာ္ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးတင္ျမင့္က ေမးျမန္းခဲ့ျခင္းျဖစ္သည္။

ၿမိဳ႕ေရွာင္လမ္းအျဖစ္ အသံုးျပဳေနသည့္ အဆိုပါ ကမ္းနားလမ္းကို ေစ်းပိုင္းရပ္ကြက္မွ ေဒါဥခူေက်ာက္ျပား တံတားအထိ ကတၱရာလမ္းခင္းၿပီး ေျမထိန္းနံရံမ်ားပါ တည္ေဆာက္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net