တာချီလိတ်မြို့နယ်အတွင်း ပြည်တွင်းနှင့် ဖက်စပ် အဆင့်မြင့်သားသတ်ရုံလုပ်ငန်းများ ခွင့်ပြုမည်

တာချီလိတ်မြို့နယ်အတွင်း ပြည်တွင်းနှင့် ဖက်စပ် အဆင့်မြင့်သားသတ်ရုံလုပ်ငန်းများ ခွင့်ပြုမည်
အောက်တိုဘာ 12, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း အဆင့်မြင့်သားသတ်ရုံ လုပ်ကိုင်လိုပါက ပြည်တွင်းသာမက ဖက်စပ်လုပ်ငန်းများကိုပါ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက လိုအပ်သည့် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ကလည်း ခွင့်ပြုထားတယ်။ ရန်ကုန်၊ မန္တလေးလို နေရာမျိုးတောင်မှ သားသတ်ရုံတွေက အဆင့်မမီသေးဘူး။ နည်းပညာပိုင်းအရရော ကွေကြေးအရပါ ရင်းနှီးမြုပ်နှံမယ်ဆိုရင် ကူညီပေးမှာပါ။ အိမ်နီးချင်း ထိုင်းတို့၊ လာအိုတို့မှာဆိုရင် တစ်နေ့ အကောင် (၁၅၀၀) လောက်ကို အသားထုတ်နိုင်တဲ့ သားသတ်ရုံတွေ ရှိနေတယ်။ ကျွန်တော်တို့ဘက်မှာ မရှိသေးဘူး"ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိပြည်တွင်းမှ သားသတ်လုပ်ငန်းအများစုမှာ မိရိုးဖလာပုံစံများဖြင့်သာ အသားထုတ်လုပ်နေကြခြင်းဖြစ်ပြီး စားသုံးသူအတွက် ဘေးကင်းသည့်အသားများ စနစ်တကျထုတ်လုပ်သည့် သားသတ်ရုံလုပ်ငန်းများအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိသေးဘဲ ရှိနေသဖြင့် ယင်းကဲ့သို့ ခွင့်ပြုသွားရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင်လည်း စီးပွားဖြစ်ဝက်မွေးမြူရေးခြံအချို့ရှိသော်လည်း အဆင့်မြင့် သားသတ်ရုံလုပ်ငန်းမရှိသေးသော်လည်း လုပ်ကိုင်ရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များရှိနေပြီဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ဌာနမှာ သားသတ်ရုံလုပ်ချင်လို့ တင်ပြထားတာတွေ ရှိပါတယ်။ စစ်ဆေးချက်တွေနဲ့အညီ သားသတ်လုပ်ငန်းတွေ ဆောင်ရွက်ဖို့ပါ။ မွေးမြူရေးဌာနရဲ့ စစ်ဆေးချက်တွေနဲ့အတူ စနစ်ကျတဲ့ သားသတ်ရုံ တည်ထောင်ချင်တယ်ဆိုပြီး တင်ပြလာတာပါ။ ကျွန်တော်တို့နယ်စပ်အတွက်လည်း အကျိုးရှိပါတယ်။ လုပ်ငန်းရှင်က လုပ်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း ဝက်မွေးမြူထုတ်လုပ်ရောင်းချခွင့်လိုင်စင်အား  ၂၀၁၃ ခုနှစ်မှစ၍ ဘဏ္ဍာရေးနှစ် အလိုက် ထုတ်ပေးနေခဲ့ရာ မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းများလည်း ရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် (၄)နှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ ဝက်သားတင်ပို့နိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်နေသဖြင့် အဆင့်မြင့်သားသတ်ရုံလုပ်ငန်းများကို ခွင့်ပြုပေးသွားရန်ရှိနေသည်ဟု သိရသည်။

ဝက်အချင်းချင်း ကူးစက်စေသည့် အာဖရိကဝက်အပြင်းဖျားရောဂါမှာ တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီးနောက် အာရှဒေသနိုင်ငံများတွင် ပျံ့နှံ့ခဲ့ကာ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)အတွင်း တွေ့ရှိခဲ့ရသော်လည်း ဒေသတွင်း မပျံ့နှံ့စေရန် ကာကွယ်ထိန်းချုပ်မှုများ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
[ဓါတ်ပုံ - တာချီလိတ်တွင် မွေးမြူထုတ်လုပ်လိုင်စင်ဖြင့် လုပ်ကိုင်နေသည့် ဝက်မွေးမြူရေးခြံ]

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ျပည္တြင္းႏွင့္ ဖက္စပ္ အဆင့္ျမင့္သားသတ္ရံုလုပ္ငန္းမ်ား ခြင့္ျပဳမည္
*******************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း အဆင့္ျမင့္သားသတ္ရံု လုပ္ကိုင္လိုပါက ျပည္တြင္းသာမက ဖက္စပ္လုပ္ငန္းမ်ားကိုပါ ခြင့္ျပဳေပးသြားမည္ျဖစ္ၿပီး ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား လုပ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံ ရင္းႏွီးျမဳပ္ႏွံမႈေကာ္မရွင္ကလည္း ခြင့္ျပဳထားတယ္။ ရန္ကုန္၊ မႏၱေလးလို ေနရာမ်ိဳးေတာင္မွ သားသတ္ရံုေတြက အဆင့္မမီေသးဘူး။ နည္းပညာပိုင္းအရေရာ ေကြေၾကးအရပါ ရင္းႏွီးျမဳပ္ႏွံမယ္ဆိုရင္ ကူညီေပးမွာပါ။ အိမ္နီးခ်င္း ထိုင္းတို႔၊ လာအိုတို႔မွာဆိုရင္ တစ္ေန႔ အေကာင္ (၁၅၀၀) ေလာက္ကို အသားထုတ္ႏိုင္တဲ့ သားသတ္ရံုေတြ ရိွေနတယ္။ ကၽြန္ေတာ္တို႔ဘက္မွာ မရိွေသးဘူး"ဟု ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲထြန္းဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွျပည္တြင္းမွ သားသတ္လုပ္ငန္းအမ်ားစုမွာ မိရိုးဖလာပံုစံမ်ားျဖင့္သာ အသားထုတ္လုပ္ေနၾကျခင္းျဖစ္ၿပီး စားသံုးသူအတြက္ ေဘးကင္းသည့္အသားမ်ား စနစ္တက်ထုတ္လုပ္သည့္ သားသတ္ရံုလုပ္ငန္းမ်ားအျဖစ္ ေျပာင္းလဲႏုိင္ျခင္းမရိွေသးဘဲ ရိွေနသျဖင့္ ယင္းကဲ့သို႔ ခြင့္ျပဳသြားရန္ ဆံုးျဖတ္ထားျခင္းျဖစ္သည္ဟု သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္လည္း စီးပြားျဖစ္ဝက္ေမြးျမဴေရးၿခံအခ်ိဳ႕ရိွေသာ္လည္း အဆင့္ျမင့္ သားသတ္ရံုလုပ္ငန္းမရိွေသးေသာ္လည္း လုပ္ကိုင္ရန္ စိတ္ဝင္စားသည့္ လုပ္ငန္းရွင္မ်ားရိွေနၿပီျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဌာနမွာ သားသတ္ရံုလုပ္ခ်င္လို႔ တင္ျပထားတာေတြ ရိွပါတယ္။ စစ္ေဆးခ်က္ေတြနဲ႔အညီ သားသတ္လုပ္ငန္းေတြ ေဆာင္ရြက္ဖို႔ပါ။ ေမြးျမဴေရးဌာနရဲ႕ စစ္ေဆးခ်က္ေတြနဲ့အတူ စနစ္က်တဲ့ သားသတ္ရံု တည္ေထာင္ခ်င္တယ္ဆိုၿပီး တင္ျပလာတာပါ။ ကၽြန္ေတာ္တို႔နယ္စပ္အတြက္လည္း အက်ိဳးရိွပါတယ္။ လုပ္ငန္းရွင္က လုပ္ခ်င္တယ္ဆိုၿပီး ကမ္းလွမ္းလာပါတယ္"ဟု တာခ်ီလိတ္ၿမို႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းခြန္ေဇာ္ဦးက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဝက္ေမြးျမဴထုတ္လုပ္ေရာင္းခ်ခြင့္လိုင္စင္အား  ၂၀၁၃ ခုႏွစ္မွစ၍ ဘ႑ာေရးႏွစ္ အလိုက္ ထုတ္ေပးေနခဲ့ရာ ေမြးျမဴထုတ္လုပ္ျခင္းလုပ္ငန္း ေဆာင္ရြက္ေနသည့္ လုပ္ငန္းမ်ားလည္း ရိွေနျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ (၄)ႏွစ္တာကာလအတြင္း တရုတ္ႏုိင္ငံသို႔ ဝက္သားတင္ပို႔ႏုိင္ေရး ရည္မွန္းခ်က္ထား ေဆာင္ရြက္ေနသျဖင့္ အဆင့္ျမင့္သားသတ္ရံုလုပ္ငန္းမ်ားကို ခြင့္ျပဳေပးသြားရန္ရိွေနသည္ဟု သိရသည္။

ဝက္အခ်င္းခ်င္း ကူးစက္ေစသည့္ အာဖရိကဝက္အျပင္းဖ်ားေရာဂါမွာ တရုတ္နုိင္ငံတြင္ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားခဲ့ၿပီးေနာက္ အာရွေဒသႏုိင္ငံမ်ားတြင္ ပ်ံ႕ႏွံ႕ခဲ့ကာ ျမန္မာႏိုင္ငံတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း အထူးေဒသ (၄)အတြင္း ေတြ႔ရိွခဲ့ရေသာ္လည္း ေဒသတြင္း မပ်ံ႕ႏွ႔ံေစရန္ ကာကြယ္ထိန္းခ်ဳပ္မႈမ်ား ေဆာင္ရြက္ႏုိင္ခဲ့ျခင္း ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
[ဓါတ္ပံု - တာခ်ီလိတ္တြင္ ေမြးျမဴထုတ္လုပ္လုိင္စင္ျဖင့္ လုပ္ကိုင္ေနသည့္ ဝက္ေမြးျမဴေရးၿခံ]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net