ကျိုင်းတုံမြို့နယ်အတွင်း ဝက်သားစားသုံးမှု ပြန်လည်မြင့်တက်လာပြီး အသားထုတ်လုပ်မှုကို စနစ်တကျနေ

ကျိုင်းတုံမြို့နယ်အတွင်း ဝက်သားစားသုံးမှု ပြန်လည်မြင့်တက်လာပြီး အသားထုတ်လုပ်မှုကို စနစ်တကျနေ
အောက်တိုဘာ 4, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဝက်သားစားသုံးမှုများ ပြန်လည်မြင့်တက်လာပြီဖြစ်ပြီး အသားထုတ်လုပ်မှုအဆင့်ဆင့်ကို သက်ဆိုင်ရာဌာနများက စနစ်တကျ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေပြီဟု သိရသည်။

" သားသတ်လုပ်ငန်းကို စနစ်တကျစစ်ဆေးမှုတွေ လုပ်သွားနိုင်ဖို့ မွေးကုက လုပ်ငန်းရှင်တွေနဲ့ အဓိက ဆွေးနွေးတာပါ။ အခြေအနေက အများကြီးကောင်းလာတယ်။ ကျွန်တော်တို့ (၈) လပိုင်းတုန်းက ကင်းလွတ်ခွင့်ပေးခဲ့ရတာတွေ ရှိတယ်။ (၉) လပိုင်းတုန်းက တစ်ရက်ကို (၅) ကောင်၊ (၇) ကောင်လောက်ပဲရှိတာ။ အခုဆို အကောင် (၂၀) လောက်ရှိလာပြီ။ ကျိုင်းတုံမှာ ဝက်သားစားသုံးမှုက နည်းနည်းလေးတိုးလာတယ်လို့ ပြောလို့ရတယ်။ "ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဈေးကွက်အတွင်း သန့်ရှင်းသောအသားများ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့က သားသတ်လုပ်ငန်းများကို စနစ်တကျ စစ်ဆေးနိုင်ရေးအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂) ရက်နေ့က တွေ့ဆုံဆွေးနွေးထားကြခြင်းဖြစ်သည်။

ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် သားသတ်လုပ်ငန်းလိုင်စင်ရယူထားသူများတွင် ဝက်လုပ်ငန်းလုပ်ကိုင်သူ (၄၀) ဦး၊ အမဲလုပ်ငန်း လုပ်ကိုင်သူ (၃) ဦးနှင့် ဆိတ်လုပ်ငန်းလုပ်ကိုင်သူ (၁) ဦးတို့ ပါဝင်ခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ဝက္သားစားသံုးမႈ ျပန္လည္ျမင့္တက္လာၿပီး အသားထုတ္လုပ္မႈကို စနစ္တက်ေန
**************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ဝက္သားစားသံုးမႈမ်ား ျပန္လည္ျမင့္တက္လာၿပီျဖစ္ၿပီး အသားထုတ္လုပ္မႈအဆင့္ဆင့္ကို သက္ဆုိင္ရာဌာနမ်ားက စနစ္တက် စစ္ေဆးမႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနၿပီဟု သိရသည္။
" သားသတ္လုပ္ငန္းကို စနစ္တက်စစ္ေဆးမႈေတြ လုပ္သြားႏုိင္ဖို႔ ေမြးကုက လုပ္ငန္းရွင္ေတြနဲ႔ အဓိက ေဆြးေႏြးတာပါ။ အေျခအေနက အမ်ားႀကီးေကာင္းလာတယ္။ ကၽြန္ေတာ္တို႔ (၈) လပိုင္းတုန္းက ကင္းလြတ္ခြင့္ေပးခဲ့ရတာေတြ ရိွတယ္။ (၉) လပိုင္းတုန္းက တစ္ရက္ကို (၅) ေကာင္၊ (၇) ေကာင္ေလာက္ပဲရိွတာ။ အခုဆို အေကာင္ (၂၀) ေလာက္ရိွလာၿပီ။ က်ိဳင္းတံုမွာ ၀က္သားစားသံုးမႈက နည္းနည္းေလးတိုးလာတယ္လို႔ ေျပာလို႔ရတယ္။ "ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေစ်းကြက္အတြင္း သန္႔ရွင္းေသာအသားမ်ား ထုတ္လုပ္ျဖန္႔ျဖဴးႏိုင္ေရးအတြက္ က်ိဳင္းတံုၿမို႕နယ္ စည္ပင္သာယာေရးဌာန၊ ေမြးျမဴေရးနွင့္ ကုသေရးဦးစီးဌာနတို႔က သားသတ္လုပ္ငန္းမ်ားကို စနစ္တက် စစ္ေဆးႏိုင္ေရးအတြက္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၂) ရက္ေန႔က ေတြ႕ဆံုေဆြးေႏြးထားၾကျခင္းျဖစ္သည္။
က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ သားသတ္လုပ္ငန္းလိုင္စင္ရယူထားသူမ်ားတြင္ ဝက္လုပ္ငန္းလုပ္ကိုင္သူ (၄၀) ဦး၊ အမဲလုပ္ငန္း လုပ္ကိုင္သူ (၃) ဦးႏွင့္ ဆိတ္လုပ္ငန္းလုပ္ကိုင္သူ (၁) ဦးတို႔ ပါဝင္ျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net