ရဲတပ္ဖြဲ႕ဝင္မ်ား ရဲလုပ္ငန္းအျပင္ နည္းပညာႏွင့္ ဘာသာစကားသင္ယူၾကရန္ ရဲခ်ဳပ္တုိက္တြန္း

ရဲတပ္ဖြဲ႕ဝင္မ်ား ရဲလုပ္ငန္းအျပင္ နည္းပညာႏွင့္ ဘာသာစကားသင္ယူၾကရန္ ရဲခ်ဳပ္တုိက္တြန္း
အောက်တိုဘာ 1, 2019
By 🌸
ရဲတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ ရဲလုပ္ငန္းမ်ားအျပင္ နည္းပညာႏွင့္ ဘာသာစကားသင္ယူမႈကို လုပ္ေဆာင္ၾကရန္ ရဲခ်ဳပ္ ဒုတိယရဲဗိုလ္ခ်ဳပ္ႀကီး ေအာင္ဝင္းဦးက (၅၅)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႕ေန႔တြင္ တုိက္တြန္း ေျပာၾကားလုိက္သည္။

“အခုက နည္းပညာနဲ႔ ဘာသာစကားဆိုတာကေတာ့ ကၽြန္ေတာ္တုိ႔ တပ္ဖြဲ႕ဝင္ေတြ အလုပ္လုပ္ၾကရာမွာ မျဖစ္မေနကို လိုအပ္တယ္လုိ႔ ေျပာရမွာပါပဲ။ နည္းပညာကေတာ့ သီးသန္႔ကို ေလ့က်င့္သင္ၾကားေပးထားတဲ့ တပ္ဖြဲ႕သီးသန္႔ရိွတယ္ဆိုေပမဲ့ ကၽြန္ေတာ္တုိ႔လို နယ္ေျမတာဝန္ထမ္းေဆာင္ေနသူအတြက္လည္း ဒါေတြက တကယ္အသံုးဝင္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔တြင္ က်ေရာက္သည့္ (၅၅)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ အထိမ္းအမွတ္အခမ္းအနားႏွင့္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္အခမ္းအနားကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပရာ ရဲခ်ဳပ္၏ သဝဏ္လႊာအား ခရိုင္ရဲတပ္ဖြဲ႕မွဴးက ဖတ္ၾကားခဲ့ျခင္းျဖစ္သည္။

(၅၅)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ႏွင့္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္အခမ္းအနားတြင္ အမႈထမ္းေကာင္းလက္မွတ္ရ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ရဲတပ္ဖြဲ႕ႏွင့္အတူ ပူးေပါင္းေဆာင္ရြက္သည့္ ျပည္သူမ်ားအတြက္ ဆုေပါင္း (၇၄)ဆုကို ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့သည္ကို ေတြ႔ရသည္။

“ကိုယ္လုပ္ထားတဲ့အလုပ္အေပၚမွာ ဒီဆုဆိုတာကိုေတာ့ ဘယ္သူမဆို လုိခ်င္ၾကတာပဲေပါ့ေနာ္။ တန္ဖိုးအားျဖင့္ေတာ့ ဘယ္ေလာက္မွ မရိွဘူးဆိုေပမဲ့ သူသူကိုယ္ကိုယ္ ဒီရဲတပ္ဖြဲ႕ေန႔မွာဆို ဆုဆိုတာေတာ့ လုိခ်င္ၾကတာေပါ့ေနာ္။ ရဲတပ္ဖြဲ႕ဝင္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလိုခ်ီးျမႇင့္တာက စာရြက္ေလးတစ္ရြက္ ဆိုေပမဲ့ ေက်နပ္ၾကတာေပါ့ေနာ္။ ဒီလို ဆုရထားၿပီဆိုေတာ့ ဒီအမႈကိုထမ္းရၿပီဆိုေတာ့ ပိုၿပီးႀကိဳးစားခ်င္စိတ္ရိွလာတာေပါ့ေနာ္”ဟု အမႈထမ္းေကာင္းဆုရရိွသည့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရဲဝန္ထမ္းမ်ားအျပင္ ရဲတပ္ဖြဲ႕ မိသားစုစည္းရံုးေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီမွ ဆုေရြးခ်ယ္ခံရသည့္ ရဲဝန္ထမ္း မိသားစုမ်ားကိုလည္း ဆုမ်ားအသီးသီး ခ်ီးျမႇင့္သည္ကို ေတြ႔ရသည္။

အခမ္းအနားတြင္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က ဂုဏ္ျပဳအမွာစကားေျပာၾကားၿပီး ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ေပၚထြန္းက ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ ရဲခ်ဳပ္၏ သဝဏ္လႊာကို ဖတ္ၾကားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရဲတပ်ဖွဲ့ဝင်များ ရဲလုပ်ငန်းအပြင် နည်းပညာနှင့် ဘာသာစကားသင်ယူကြရန် ရဲချုပ်တိုက်တွန်း
*************
ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရဲလုပ်ငန်းများအပြင် နည်းပညာနှင့် ဘာသာစကားသင်ယူမှုကို လုပ်ဆောင်ကြရန် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့တွင် တိုက်တွန်း ပြောကြားလိုက်သည်။

“အခုက နည်းပညာနဲ့ ဘာသာစကားဆိုတာကတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေ အလုပ်လုပ်ကြရာမှာ မဖြစ်မနေကို လိုအပ်တယ်လို့ ပြောရမှာပါပဲ။ နည်းပညာကတော့ သီးသန့်ကို လေ့ကျင့်သင်ကြားပေးထားတဲ့ တပ်ဖွဲ့သီးသန့်ရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့လို နယ်မြေတာဝန်ထမ်းဆောင်နေသူအတွက်လည်း ဒါတွေက တကယ်အသုံးဝင်ပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပရာ ရဲချုပ်၏ သဝဏ်လွှာအား ခရိုင်ရဲတပ်ဖွဲ့မှူးက ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့နှင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် အမှုထမ်းကောင်းလက်မှတ်ရ ရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူများအတွက် ဆုပေါင်း (၇၄)ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်ကို တွေ့ရသည်။

“ကိုယ်လုပ်ထားတဲ့အလုပ်အပေါ်မှာ ဒီဆုဆိုတာကိုတော့ ဘယ်သူမဆို လိုချင်ကြတာပဲပေါ့နော်။ တန်ဖိုးအားဖြင့်တော့ ဘယ်လောက်မှ မရှိဘူးဆိုပေမဲ့ သူသူကိုယ်ကိုယ် ဒီရဲတပ်ဖွဲ့နေ့မှာဆို ဆုဆိုတာတော့ လိုချင်ကြတာပေါ့နော်။ ရဲတပ်ဖွဲ့ဝင် တော်တော်များများကတော့ ဒီလိုချီးမြှင့်တာက စာရွက်လေးတစ်ရွက် ဆိုပေမဲ့ ကျေနပ်ကြတာပေါ့နော်။ ဒီလို ဆုရထားပြီဆိုတော့ ဒီအမှုကိုထမ်းရပြီဆိုတော့ ပိုပြီးကြိုးစားချင်စိတ်ရှိလာတာပေါ့နော်”ဟု အမှုထမ်းကောင်းဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရဲဝန်ထမ်းများအပြင် ရဲတပ်ဖွဲ့ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုရွေးချယ်ခံရသည့် ရဲဝန်ထမ်း မိသားစုများကိုလည်း ဆုများအသီးသီး ချီးမြှင့်သည်ကို တွေ့ရသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ပေါ်ထွန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net