Writen by
Tachileik News Agency
9:43:00 PM
-
0
Comments
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျင်းပသည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ တပ်မတော်မှ အရာရှိကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်းအင်အား (၃၄၀)ခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် တသခ(ဒုတိုင်းမှူး) ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေက အဖွင့်အမှာစကားပြောပြီး ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦးပေးပို့သည့် သဝဏ်လွှာကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) ရဲမှူးကြီး မင်းအောင်က ဖတ်ကြားသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)က ကျင်းပသည့် ရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် အမှုထမ်းကောင်းဆုရရှိသည့် တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့လုပ်ငန်းများတွင် ပူးပေါင်းကူညီသည့် ပြည်သူများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ❂⊱~~~~~~~~
ကျိုင်းတုံတွင် ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ အင်အား ၃၀၀ ကျော် တက်ရောက်
ကျိုင်းတုံတွင် ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ အင်အား ၃၀၀ ကျော် တက်ရောက်
***************
ဓါတ်ပုံ -ရဲတပ်ဖွဲ့
No comments
Post a Comment
Note: Only a member of this blog may post a comment.