တာချီလိတ်တွင် စက်တင်ဘာလက ကွင်းဆင်းဆောင်ရွက်ပေးထားသည့် ဒေသများမှ နိုင်ငံသားစိစစ်ရေးကဒ်များကို စိစစ်ထုတ်ပေးနေ

တာချီလိတ်တွင် စက်တင်ဘာလက ကွင်းဆင်းဆောင်ရွက်ပေးထားသည့် ဒေသများမှ နိုင်ငံသားစိစစ်ရေးကဒ်များကို စိစစ်ထုတ်ပေးနေ
အောက်တိုဘာ 24, 2019
By 🌸
တာချီလိတ်တွင် စက်တင်ဘာလက ကွင်းဆင်းဆောင်ရွက်ပေးထားသည့် ဒေသများမှ နိုင်ငံသားစိစစ်ရေးကဒ်များကို စိစစ်ထုတ်ပေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းကိုး၊ ဖန်မင်နှင့် မိုင်းဖုန်းကျေးရွာအုပ်စုများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကွင်းဆင်း ဆောင်ရွက်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကဒ်များကို အောက်တိုဘာလတွင် စိစစ်ထုတ်ပေးနေပြီ ဖြစ်သည်။

"OSS အဖွဲ့နဲ့ ကွင်းဆင်းဆောင်ရွက်ပေးထားတဲ့နေရာတွေကို ကဒ်ပြားတွေ ထုတ်ပေးနေပါပြီ။ အောက်တိုဘာလ (၂၂) ရက်နေ့တုန်းကတော့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်းကျေးရွာက မူလတန်းလွန်ကျောင်းက ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၀၁)ဦးကို ကွင်းဆင်းထားတဲ့နေရာတွေကို ကဒ်ပြားတွေ ထုတ်ပေးထားပါတယ်”ဟု တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရန်ရှင်းကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသားကျောင်းသူများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးကဒ်များ ပေးအပ်ခဲ့ကြခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက OSS လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့်အတူ လိုက်ပါပြီး အိမ်ထောင်စုစာရင်း ပြောင်းဝင်၊ ပြောင်းထွက်များ၊ မွေးစာရင်းတိုးပေးမှုများကို လုပ်ဆောင်ပေးခဲ့ရာမှ မှတ်ပုံတင်လိုအပ်ချက်ရှိသည့် ကျေးရွာများ တွေ့ရသည့်အတွက် စက်တင်ဘာလအတွင်းက သီးခြားကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကဒ်လုပ်ဆောင်သူ (၁၀၀၀) ကျော်ရှိခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကဒ် လျှောက်ထားသူများအား စိစစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်များကို ထုတ်ပေးနေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ စက္တင္ဘာလက ကြင္းဆင္းေဆာင္ရြက္ေပးထားသည့္ ေဒသမ်ားမွ ႏုိင္ငံသားစိစစ္ေရးကဒ္မ်ားကို စိစစ္ထုတ္ေပးေန

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုး၊ ဖန္မင္ႏွင့္ မိုင္းဖုန္းေက်းရြာအုပ္စုမ်ားတြင္ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလအတြင္း ကြင္းဆင္း ေဆာင္ရြက္ေပးထားသည့္ ႏုိင္ငံသားစိစစ္ေရးကဒ္မ်ားကို ေအာက္တိုဘာလတြင္ စိစစ္ထုတ္ေပးေနၿပီ ျဖစ္သည္။

"OSS အဖြဲ႕နဲ႔ ကြင္းဆင္းေဆာင္ရြက္ေပးထားတဲ့ေနရာေတြကို ကဒ္ျပားေတြ ထုတ္ေပးေနပါၿပီ။ ေအာက္တိုဘာလ (၂၂) ရက္ေန႔တုန္းကေတာ့ မုိင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္းေက်းရြာက မူလတန္းလြန္ေက်ာင္းက ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း (၁၀၁)ဦးကို ကြင္းဆင္းထားတဲ့ေနရာေတြကို ကဒ္ျပားေတြ ထုတ္ေပးထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းဆိုင္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရန္ရွင္းေက်းရြာ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားကို ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္းႏွင့္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန တာဝန္ရိွသူမ်ားက ႏုိင္ငံသားစိစစ္ေရးကဒ္မ်ား ေပးအပ္ခဲ့ၾကျခင္းျဖစ္သည္။

လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက OSS လုပ္ငန္းမ်ား ကြင္းဆင္းေဆာင္ရြက္ေပးမႈႏွင့္အတူ လုိက္ပါၿပီး အိမ္ေထာင္စုစာရင္း ေျပာင္းဝင္၊ ေျပာင္းထြက္မ်ား၊ ေမြးစာရင္းတိုးေပးမႈမ်ားကို လုပ္ေဆာင္ေပးခဲ့ရာမွ မွတ္ပံုတင္လုိအပ္ခ်က္ရိွသည့္ ေက်းရြာမ်ား ေတြ႔ရသည့္အတြက္ စက္တင္ဘာလအတြင္းက သီးျခားကြင္းဆင္းေဆာင္ရြက္ေပးခဲ့ရာ ႏုိင္ငံသားစိစစ္ေရးကဒ္လုပ္ေဆာင္သူ (၁၀၀၀) ေက်ာ္ရိွခဲ့့ျခင္းျဖစ္သည္။

ႏုိင္ငံသားစိစစ္ေရးကဒ္ ေလွ်ာက္ထားသူမ်ားအား စိစစ္ၿပီး ႏုိင္ငံသားစိစစ္ေရးကဒ္မ်ားကို ထုတ္ေပးေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net