မိုးခေါင်ပြီးစိုက်ပျိုးရေမရသည့် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ပြန်လည်ပြင်ဆင်ရမည့် ဆည်ရေပေးမြောင်းများနှင့် ကန်ကောများအခြေအနေကို ကွင်းဆင်းစစ်ဆေး

မိုးခေါင်ပြီးစိုက်ပျိုးရေမရသည့် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ပြန်လည်ပြင်ဆင်ရမည့် ဆည်ရေပေးမြောင်းများနှင့် ကန်ကောများအခြေအနေကို ကွင်းဆင်းစစ်ဆေး
အောက်တိုဘာ 26, 2019
By 🌸
မိုးခေါင်ပြီးစိုက်ပျိုးရေမရသည့် မိုင်းကိုးကျေးရွာအုပ်စုအတွင်း ပြန်လည်ပြင်ဆင်ရမည့် ဆည်ရေပေးမြောင်းများနှင့် ကန်ကောများအခြေအနေကို ကွင်းဆင်းစစ်ဆေး
***********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုတွင် ၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှုကြောင့် စပါးမစိုက်ပျိုးနိုင်၍ ဆည်များပြန်လည်ပြင်ဆင်ရေးနှင့် ကန်ကောများ တူးဖေါ်နိုင်မှု အခြေအနေများကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးသည်။

စိုက်ပျိုးရေမရသဖြင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိကြောင်း တောင်သူများ၏ တင်ပြချက်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၆) ရက်နေ့တွင် မိုင်းကိုးကျေးရွာအုပ်စု အတွင်း ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။

မိုင်းကိုးကျေးရွာအုပ်စုအတွက် စိုက်ပျိုးရေအဓိကရယူနေသည့် ပါဘီးကျေးရွာနှင့် မယ်ဖုန်းလုံကျေးရွာကြားရှိ (၂.၅) ဧကကျော်ကျယ်သည့် ရေကန်မှာ ကန်ကောလာသဖြင့် ယခုနှစ်တွင် အစွန်အဖျားမှ တောင်သူ (၇၆) ဦး၏ စိုက်ဧကများမှာ စိုက်ပျိုးရေမရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကန်အား ပြန်လည်ရှင်းလင်း တူးဖေါ်ပေးရန်အပြင် မယ်ဖုန်းလုံးဆည်နှင့် ရန်ကုန်ရွာရှိ ဟိုထောက်ဆည်တို့မှာလည်း ရေထိန်းတံခါးများပျက်စီးနေပြီး ရေပေးမြောင်းများ ကောလာသဖြင့် ပြန်လည်ပြုပြင်ပေးရန် ဒေသခံများက တင်ပြခဲ့ကြသည်။

ဒေသခံများတင်ပြသည့် ပန်ဟတ်ရေလွှဲဆည်မှ ရေပေးမြောင်းများနှင့် ချောင်းကောနေမှုများ၊ တာချီလိတ်- ကျိုင်းတုံပြည်ထောင်စုလမ်းမကြီးဘေးရှိ ဟိုပင်ကျေးရွာအနီးမှ ဟိုရမ်းရေထိန်းတံခါးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုရှိ ပါဘီး (၁၊ ၂၊ ၃၊ ၄၊ ၅) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်တစ်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဌာနမှ ခရိုင်ဦးစီးမှူး ဦးမာကု၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဟတ်ထွန်းနှင့် နယ်စပ်ရေးရာစည်ပင်သာရေးဌာနမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ဒေသခံများ၏ တင်ပြချက်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိုးေခါင္ၿပီးစိုက္ပ်ိဳးေရမရသည့္ မုိင္းကိုးေက်းရြာအုပ္စုအတြင္း ျပန္လည္ျပင္ဆင္ရမည့္ ဆည္ေရေပးေျမာင္းမ်ားႏွင့္ ကန္ေကာမ်ားအေျခအေနကို ကြင္းဆင္းစစ္ေဆး
***********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုတြင္ ၂၀၁၉ ခုႏွစ္အတြင္း မိုးေခါင္မႈေၾကာင့္ စပါးမစိုက္ပ်ိဳးနိုင္၍ ဆည္မ်ားျပန္လည္ျပင္ဆင္ေရးႏွင့္ ကန္ေကာမ်ား တူးေဖၚႏုိင္မႈ အေျခအေနမ်ားကို လႊတ္ေတာ္ကိုယ္စားလွယ္ႏွင့္ ဌာနဆုိင္ရာမ်ားက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၆) ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးသည္။

စိုက္ပ်ိဳးေရမရသျဖင့္ စပါးစိုက္ပ်ိဳးႏိုင္ျခင္းမရိွေၾကာင္း ေတာင္သူမ်ား၏ တင္ျပခ်က္အရ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ႏွင့္ ဌာနဆိုင္ရာမ်ားက ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာ (၂၆) ရက္ေန႔တြင္ မိုင္းကိုးေက်းရြာအုပ္စု အတြင္း ကြင္းဆင္းစစ္ေဆးျခင္းျဖစ္သည္။

မိုင္းကိုးေက်းရြာအုပ္စုအတြက္ စိုက္ပ်ိဳးေရအဓိကရယူေနသည့္ ပါဘီးေက်းရြာႏွင့္ မယ္ဖုန္းလံုေက်းရြာၾကားရိွ (၂.၅) ဧကေက်ာ္က်ယ္သည့္ ေရကန္မွာ ကန္ေကာလာသျဖင့္ ယခုႏွစ္တြင္ အစြန္အဖ်ားမွ ေတာင္သူ (၇၆) ဦး၏ စိုက္ဧကမ်ားမွာ စိုက္ပ်ိဳးေရမရခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကန္အား ျပန္လည္ရွင္းလင္း တူးေဖၚေပးရန္အျပင္ မယ္ဖုန္းလံုးဆည္ႏွင့္ ရန္ကုန္ရြာရိွ ဟိုေထာက္ဆည္တို႔မွာလည္း ေရထိန္းတံခါးမ်ားပ်က္စီးေနၿပီး ေရေပးေျမာင္းမ်ား ေကာလာသျဖင့္ ျပန္လည္ျပဳျပင္ေပးရန္ ေဒသခံမ်ားက တင္ျပခဲ့ၾကသည္။

ေဒသခံမ်ားတင္ျပသည့္ ပန္ဟတ္ေရလႊဲဆည္မွ ေရေပးေျမာင္းမ်ားႏွင့္ ေခ်ာင္းေကာေနမႈမ်ား၊ တာခ်ီလိတ္- က်ိဳင္းတံုျပည္ေထာင္စုလမ္းမႀကီးေဘးရိွ ဟိုပင္ေက်းရြာအနီးမွ ဟိုရမ္းေရထိန္းတံခါးတုိ႔ကို ကြင္းဆင္းစစ္ေဆးခဲ့ၾကသည္။

တာခ်ီလိတ္ၿမို႕နယ္ မိုင္းကိုးေက်းရြာအုပ္စုရိွ ပါဘီး (၁၊ ၂၊ ၃၊ ၄၊ ၅) ေက်းရြာဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ တာခ်ီလိတ္ ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ လူဝင္မႈႀကီးၾကပ္ေရးနွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းဆိုင္တစ္၊ ေဆာက္လုပ္ေရး ဝန္ႀကီးဌာန ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဌာနမွ ခရိုင္ဦးစီးမွဴး ဦးမာကု၊ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနမွ ဦးစီးအရာရိွ(ၿမို႕ျပ) ဦးဟတ္ထြန္းႏွင့္ နယ္စပ္ေရးရာစည္ပင္သာေရးဌာနမွ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ေဒသခံမ်ား၏ တင္ျပခ်က္မ်ားကို ကြင္းဆင္းစစ္ေဆးခဲ့ၾကျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net