တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၃၁)ရက်နေ့ ည (၇)နာရီခွဲ၌ သီတဂူဆရာတော် တရားဟောမည်

တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၃၁)ရက်နေ့ ည (၇)နာရီခွဲ၌ သီတဂူဆရာတော် တရားဟောမည်
အောက်တိုဘာ 31, 2019
By Tachileik News Agency
တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၃၁)ရက်နေ့ ည (၇)နာရီခွဲ၌ သီတဂူဆရာတော် တရားဟောမည်
**************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဆရာတော်အား ပူဇော်သည့်အနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ ည (၇)နာရီခွဲအချိန်၌ သီတဂူဆရာတော်က တရားဟောကြားမည်ဖြစ်ရာ ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမဈာပန ပူဇော်သဘင်အခမ်းအနား တရားပွဲကို အောက်တိုဘာလ (၂၄)ရက်နေ့မှ (၂၉) ရက်နေ့အထိ ကျင်းပခဲ့ပြီး အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ကျင်းပခဲ့ခြင်းဖြစ်သည်။

မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် ကြွရောက်လာသည့် စစ်ကိုင်းဆောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကတဇ မဟာဓမ္မကထိက ဗဟုဝနဟိတဇန အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတက အောက်တိုဘာလ (၂၉)ရက်နေ့ တရားဟောကြားခဲ့ပြီးနောက် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ထပ်မံဟောကြားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ မဟာျမတ္မုနိေက်ာင္းတုိက္တြင္ ေအာက္တိုဘာလ (၃၁)ရက္ေန႔ ည (၇)နာရီခြဲ၌ သီတဂူဆရာေတာ္ တရားေဟာမည္
**************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ဆရာေတာ္အား ပူေဇာ္သည့္အေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁)ရက္ေန႔ ည (၇)နာရီခြဲအခ်ိန္၌ သီတဂူဆရာေတာ္က တရားေဟာၾကားမည္ျဖစ္ရာ ျပင္ဆင္မႈမ်ား ျပဳလုပ္ေနၿပီျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၏ ဦးစီးပဓာန နာယက ဆရာေတာ္ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲပညာသာမိ၏ အႏၲိမစ်ာပန ပူေဇာ္သဘင္အခမ္းအနား တရားပြဲကို ေအာက္တိုဘာလ (၂၄)ရက္ေန႔မွ (၂၉) ရက္ေန႔အထိ က်င္းပခဲ့ၿပီး ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို က်င္းပခဲ့ျခင္းျဖစ္သည္။

မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအတြက္ ၾကြေရာက္လာသည့္ စစ္ကိုင္းေဆာင္ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္ သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဥာဏိႆရ အဂၢမဟာပ႑ိတ အဂၢမဟာသဒၶမၼေဇာတိကတဇ မဟာဓမၼကထိက ဗဟု၀နဟိတဇန အဂၢမဟာဂႏၲဝါစကပ႑ိတက ေအာက္တိုဘာလ (၂၉)ရက္ေန႔ တရားေဟာၾကားခဲ့ၿပီးေနာက္ ေအာက္တိုဘာလ (၃၁)ရက္ေန႔တြင္ ထပ္မံေဟာၾကားျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net