တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်၏ အန္တိမအ၈္ဂိဈာပနကာလအတွင်း ကျောင်းဝင်းနှင့် ကျောင်းပတ်လည်တွင် ယာဉ်ရပ်နားခြင်းမပြုကြရန် မေတ္တာရပ်ခံ

တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်၏ အန္တိမအ၈္ဂိဈာပနကာလအတွင်း ကျောင်းဝင်းနှင့် ကျောင်းပတ်လည်တွင် ယာဉ်ရပ်နားခြင်းမပြုကြရန် မေတ္တာရပ်ခံ
အောက်တိုဘာ 23, 2019
By 🌸
တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်ဆရာတော်၏ အန္တိမအ၈္ဂိဈာပနကာလအတွင်း ကျောင်းဝင်းနှင့် ကျောင်းပတ်လည်တွင် ယာဉ်ရပ်နားခြင်းမပြုကြရန် မေတ္တာရပ်ခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်အတွင်း ညအိပ် ရပ်နားထားသည့် မော်တော်ယာဉ်များအား ပိုင်ရှင်များအနေဖြင့် လာရောက်ဖယ်ရှားပေးရန်နှင့် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့အထိ ယာဉ်ရပ်နားခြင်းမပြုကြရန် ဂေါပကအဖွဲ့က မေတ္တာရပ်ခံနေသည်ကို တွေ့ရသည်။

"ကျောင်းဝင်းအတွင်းမှာ ညအိပ်ရပ်ထားတဲ့ကားတွေက ပိုင်ရှင်ဘယ်သူတွေမှန်းလည်း မသိဘူး။ ညအိပ်ထားတာ လချီနေပြီ။ မနက်ဖြန်ကစပြီး (၃၀) ရက်နေ့ထိ ဒီမှာက လုံးဝလာရပ်လို့ မရတော့ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေလည်း အသိပေးခိုင်းထားတယ်။ နောက် အောက်တိုဘာ (၃၀) ရက်နေ့ကတော့ မနက် (၄) နာရီကနေစပြီး ကျောင်းဝင်းထဲကနေ မော်တော်ယာဉ်တွေ ဖြတ်လို့မရဘူး။ ကျောင်းဘေးက လမ်းမကြီးကတော့ သွားလို့ရတာပေါ့။ ကျောင်းဝင်းပတ်လည်မှာလည်း ကားတွေ ရပ်လို့မရဘူး။ ကျောင်းကိုလာတဲ့ကားတွေက ရွှေတိဂုံဘုရားပေါ်မှာ ရပ်လို့ရတယ်။ ဆောက်လုပ်ရေးဝင်းထဲ ရပ်လို့ရမယ်။ ရှမ်းရိုးမကွင်းထဲ ရပ်လို့ရတယ်။ ကျောင်းကိုတော့ လမ်းလျှောက်လာရမှာပေါ့"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမြတ်မုနိကျောင်းတိုက်ဝင်းအတွင်း မော်တော်ယာဉ်များ လာရောက်ရပ်နားထားလေ့ရှိပြီး မော်တော်ယာဉ် အချို့မှာ လနှင့်ချီ၍ လာရောက်ထားရှိရာ ဆရာတော်၏ အန္တိမအ၈္ဂိဈာပနအခမ်းအနား ပြင်ဆင်ရာတွင် အနှောင့်အယှက်ဖြစ်နေရသဖြင့် အောက်တိုဘာလ (၂၄)ရက်နေ့မှစ၍ လာရောက်ဖယ်ရှားပေးပါရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း အသိပေးထားသည်ဟု သိရသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အစမ်းလေ့ကျင်မှုကို အောက်တိုဘာ (၂၆) ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့တွင် မြို့မသုဿန်သစ်(ပုံလို့) တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ပရိတ်သတ် သိန်းဂဏန်းအထိ လာရောက်မည်ဟု ခန့်မှန်းထားသဖြင့် သုဿန်သို့သွားရာ တောင်တက်လမ်းတွင် ယာဉ်ကြောပိတ်ဆို့နိုင်သဖြင့် တောင်ခြေတွင် မော်တော်ယာဉ် ရပ်နားကွင်း စီစဉ်ပေးထားကာ တောင်ပေါ်သို့ ကြို၊ ပို့ယာဉ်များဖြင့်သာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ မဟာျမတ္မုနိေက်ာင္းတိုက္ဆရာေတာ္၏ အႏၱိမအ၈ၢိစ်ာပနကာလအတြင္း ေက်ာင္းဝင္းနွင့္ ေက်ာင္းပတ္လည္တြင္ ယာဥ္ရပ္နားျခင္းမျပဳၾကရန္ ေမတၱာရပ္ခံ

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္အတြင္း ညအိပ္ ရပ္နားထားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ပိုင္ရွင္မ်ားအေနျဖင့္ လာေရာက္ဖယ္ရွားေပးရန္ႏွင့္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပမည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔အထိ ယာဥ္ရပ္နားျခင္းမျပဳၾကရန္ ေဂါပကအဖြဲ႕က ေမတၱာရပ္ခံေနသည္ကို ေတြ႔ရသည္။

"ေက်ာင္းဝင္းအတြင္းမွာ ညအိပ္ရပ္ထားတဲ့ကားေတြက ပိုင္ရွင္ဘယ္သူေတြမွန္းလည္း မသိဘူး။ ညအိပ္ထားတာ လခ်ီေနၿပီ။ မနက္ျဖန္ကစၿပီး (၃၀) ရက္ေန႔ထိ ဒီမွာက လံုးဝလာရပ္လို႔ မရေတာ့ဘူး။ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးေတြကေနလည္း အသိေပးခိုင္းထားတယ္။ ေနာက္ ေအာက္တိုဘာ (၃၀) ရက္ေန႔ကေတာ့ မနက္ (၄) နာရီကေနစၿပီး ေက်ာင္းဝင္းထဲကေန ေမာ္ေတာ္ယာဥ္ေတြ ျဖတ္လို႔မရဘူး။ ေက်ာင္းေဘးက လမ္းမႀကီးကေတာ့ သြားလုိ႔ရတာေပါ့။ ေက်ာင္းဝင္းပတ္လည္မွာလည္း ကားေတြ ရပ္လုိ႔မရဘူး။ ေက်ာင္းကိုလာတဲ့ကားေတြက ေရႊတိဂံုဘုရားေပၚမွာ ရပ္လို႔ရတယ္။ ေဆာက္လုပ္ေရးဝင္းထဲ ရပ္လို႔ရမယ္။ ရွမ္းရိုးမကြင္းထဲ ရပ္လို႔ရတယ္။ ေက်ာင္းကိုေတာ့ လမ္းေလွ်ာက္လာရမွာေပါ့"ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဟာျမတ္မုနိေက်ာင္းတုိက္ဝင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ား လာေရာက္ရပ္နားထားေလ့ရိွၿပီး ေမာ္ေတာ္ယာဥ္ အခ်ိဳ႕မွာ လႏွင့္ခ်ီ၍ လာေရာက္ထားရိွရာ ဆရာေတာ္၏ အႏၱိမအ၈ၢိစ်ာပနအခမ္းအနား ျပင္ဆင္ရာတြင္ အေႏွာင့္အယွက္ျဖစ္ေနရသျဖင့္ ေအာက္တိုဘာလ (၂၄)ရက္ေန႔မွစ၍ လာေရာက္ဖယ္ရွားေပးပါရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားက ရပ္ကြက္အတြင္း အသိေပးထားသည္ဟု သိရသည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအတြက္ အစမ္းေလ့က်င္မႈကို ေအာက္တိုဘာ (၂၆) ရက္ေန႔တြင္ ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔တြင္ ၿမိဳ႕မသုႆန္သစ္(ပံုလို႔) တြင္ က်င္းပျပဳလုပ္မည္ျဖစ္ရာ အနယ္နယ္အရပ္ရပ္မွ ပရိတ္သတ္ သိန္းဂဏန္းအထိ လာေရာက္မည္ဟု ခန္႔မွန္းထားသျဖင့္ သုႆန္သို႔သြားရာ ေတာင္တက္လမ္းတြင္ ယာဥ္ေၾကာပိတ္ဆို႔ႏိုင္သျဖင့္ ေတာင္ေျခတြင္ ေမာ္ေတာ္ယာဥ္ ရပ္နားကြင္း စီစဥ္ေပးထားကာ ေတာင္ေပၚသို႔ ႀကိဳ၊ ပို႔ယာဥ္မ်ားျဖင့္သာ တက္ေရာက္ရမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net