ေတာင္တြင္းႀကီးတြင္ အမ်ိဳးသမီးတစ္ဦးကို ဓါးျဖင့္အခ်က္မ်ားစြာခုတ္သတ္သည့္ လူငယ္အား နာရီပိုင္းအတြင္း ဖမ္းမိ

ေတာင္တြင္းႀကီးတြင္ အမ်ိဳးသမီးတစ္ဦးကို ဓါးျဖင့္အခ်က္မ်ားစြာခုတ္သတ္သည့္ လူငယ္အား နာရီပိုင္းအတြင္း ဖမ္းမိ
အောက်တိုဘာ 1, 2019
By 🌸
မေကြးတိုင္းေဒသႀကီး၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာ(၃၀)ရက္ေန႔ ညေန (၄) နာရီခဲြဝန္းက်င္က အမ်ိဳးသမီးတစ္ဦးကို ဓါးျဖင့္အခ်က္ေပါင္းမ်ားစြာ ခုတ္သတ္ခဲ့သည့္ လူငယ္တစ္ဦးအား ရဲတပ္ဖြဲ႕က နာရီပိုင္းအတြင္း ဖမ္းမိလုိက္ေၾကာင္း သိရသည္။

ေတာင္တြင္းႀကီးၿမိဳ႕နယ္၊ တက္ပုေအာင္းေက်းရြာႏွင့္ သရက္ခံုေက်းရြာအၾကားရိွ ကိုင္းေတာအနီး လူသြားလမ္းေပၚ၌ ဓါးျဖင့္အခ်က္ေပါင္းမ်ားစြာ ခုတ္ခံထားရသည့္ အမ်ိဳးသမီးအေလာင္းကို ေတြ႔ရေၾကာင္း သတင္းအရ ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ ေသဆံုးသူမွာ တက္ပုေအာင္း အ.ထ.က ေက်ာင္းမွ ေက်ာင္းအေထြေထြလုပ္သား (စာကူး/စက္လွည့္) လုပ္ကိုင္ေနသူျဖစ္သည့္ အသက္(၃၄)ႏွစ္အရြယ္ မိုင္သန္းသန္းစိုးျဖစ္သည္ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာတြင္ မိုင္သန္းသန္းစိုး ကိုင္ေဆာင္အသုံးျပဳေသာ ဆြဲျခင္း(၁)လုံး၊ ထီး(၁)လက္ႏွင့္ ဖိနပ္(၁)ရံတို႔ကိုလည္း ေတြ႔ရိွသိမ္းဆည္းမိခဲ့ေၾကာင္း သိရသည္။

လူသတ္မႈက်ဴးလြန္သူအား ရဲတပ္ဖြဲ႕က စံုစမ္းေဖၚထုတ္ရာ တက္ပုေအာင္းေက်းရြာေန အသက္(၂၀) အရြယ္ ဖိုးျပဴး(ခ)နိုင္စိုး(ခ)ေဇာ္ေလးျဖစ္သည္ဟု စံုစမ္းသိရိွရသျဖင့္ လုိက္လံဖမ္းဆီးရာ နာရီပိုင္းအတြင္းမွာပင္ ရိုးမပတ္လမ္းႏွင့္ တက္ပုေအာင္းေက်းရြာလမ္းဆံုရိွ ဆိုင္ကယ္ျပဳျပင္ေရးဆိုင္ တစ္ခုတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လူသတ္မႈက်ဴးလြန္သူဟု ယံုၾကည္ရသည့္ ဖိုးျပဴး(ခ)နိုင္စိုး(ခ)ေဇာ္ေလးကို ကုကၠိဳကုန္းနယ္ေျမရဲစခန္းတြင္ (ပ)၃၄/၂၀၁၉၊ ရာဇ သတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု -ရဲစခန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တောင်တွင်းကြီးတွင် အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အချက်များစွာခုတ်သတ်သည့် လူငယ်အား နာရီပိုင်းအတွင်း ဖမ်းမိ
**********
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ(၃၀)ရက်နေ့ ညနေ (၄) နာရီခွဲဝန်းကျင်က အမျိုးသမီးတစ်ဦးကို ဓါးဖြင့်အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့သည့် လူငယ်တစ်ဦးအား ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းမိလိုက်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၊ တက်ပုအောင်းကျေးရွာနှင့် သရက်ခုံကျေးရွာအကြားရှိ ကိုင်းတောအနီး လူသွားလမ်းပေါ်၌ ဓါးဖြင့်အချက်ပေါင်းများစွာ ခုတ်ခံထားရသည့် အမျိုးသမီးအလောင်းကို တွေ့ရကြောင်း သတင်းအရ ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ တက်ပုအောင်း အ.ထ.က ကျောင်းမှ ကျောင်းအထွေထွေလုပ်သား (စာကူး/စက်လှည့်) လုပ်ကိုင်နေသူဖြစ်သည့် အသက်(၃၄)နှစ်အရွယ် မိုင်သန်းသန်းစိုးဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် မိုင်သန်းသန်းစိုး ကိုင်ဆောင်အသုံးပြုသော ဆွဲခြင်း(၁)လုံး၊ ထီး(၁)လက်နှင့် ဖိနပ်(၁)ရံတို့ကိုလည်း တွေ့ရှိသိမ်းဆည်းမိခဲ့ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့က စုံစမ်းဖေါ်ထုတ်ရာ တက်ပုအောင်းကျေးရွာနေ အသက်(၂၀) အရွယ် ဖိုးပြူး(ခ)နိုင်စိုး(ခ)ဇော်လေးဖြစ်သည်ဟု စုံစမ်းသိရှိရသဖြင့် လိုက်လံဖမ်းဆီးရာ နာရီပိုင်းအတွင်းမှာပင် ရိုးမပတ်လမ်းနှင့် တက်ပုအောင်းကျေးရွာလမ်းဆုံရှိ ဆိုင်ကယ်ပြုပြင်ရေးဆိုင် တစ်ခုတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လူသတ်မှုကျူးလွန်သူဟု ယုံကြည်ရသည့် ဖိုးပြူး(ခ)နိုင်စိုး(ခ)ဇော်လေးကို ကုက္ကိုကုန်းနယ်မြေရဲစခန်းတွင် (ပ)၃၄/၂၀၁၉၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ -ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net