မိုင်းဆတ်တွင် အများပြည်သူ အသုံးများသည့် ဝိန်းနေ-ဝိန်းကောင်းလမ်းပြုပြင်ရန် ပြည်နယ်ရံပုံငွေ အထောက်အပံ့မရ၍ ပြုပြင်နိုင်ခြင်းမရှိသေး

မိုင်းဆတ်တွင် အများပြည်သူ အသုံးများသည့် ဝိန်းနေ-ဝိန်းကောင်းလမ်းပြုပြင်ရန် ပြည်နယ်ရံပုံငွေ အထောက်အပံ့မရ၍ ပြုပြင်နိုင်ခြင်းမရှိသေး
အောက်တိုဘာ 26, 2019
By 🌸
မိုင်းဆတ်တွင် အများပြည်သူ အသုံးများသည့် ဝိန်းနေ-ဝိန်းကောင်းလမ်းပြုပြင်ရန် ပြည်နယ်ရံပုံငွေ အထောက်အပံ့မရ၍ ပြုပြင်နိုင်ခြင်းမရှိသေး
*********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် အဝေးပြေးလမ်းမကြီးများနှင့် ဆက်သွယ်ထားသည့် မြို့တွင်း အသုံးအများဆုံး ဝိန်းနေ - ဝိန်းကောင်းလမ်းမှာ ချိုင့်ခွက်များဖြင့် ပျက်စီးနေသော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်ရံပုံငွေအထောက်အပံ့တွင်မပါ၍ ပြုပြင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီလမ်းက ကျွန်တော်တို့မြို့မှာ သွားလာမှုအများဆုံး လမ်းတစ်ခုဖြစ်ပါတယ်။ မြို့တွင်းလမ်းဆိုပေမဲ့ မိုင်းဆတ်-မိုင်းခုတ်-ကျိုင်းတုံလမ်းမကြီးနဲ့ မိုင်းဆတ်-မိုင်းပျဉ်းလမ်းမကို ချိတ်ဆက်ထားတဲ့ အဓိကလမ်းဖြစ်ပါတယ်။ မိုင်းဖုန်းဆရာတော် တရားကျင့်နေတဲ့ ဂူကိုလည်း ဒီလမ်းကပဲ သွားကြတာပါ။ ပြီးတော့ မြို့နယ်အတွင်းမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပို့ဆောင်ပေးနေတဲ့ အုတ်၊ သဲ၊ ကျောက်ကားတွေကလည်း ဒီလမ်းကအများဆုံး သွားနေတာပါ။ လမ်းကချိုင့်ခွက်တွေဖြစ်ပြီး အရမ်းကို ပျက်စီးနေလို့ သွားလာတဲ့ယာဉ်တွေက လမ်းကြောမကြည့်ဘဲ လမ်းကောင်းတဲ့ဘက်က ရွေးမောင်းကြတော့ အရမ်းအန္တရာယ်များတယ်။ ကျောင်းဆင်းတဲ့အချိန်တွေဆို ကလေး တွေနဲ့ ပိုဆိုးတယ်။ ပတ်ဝန်းကျင်မှာလည်း ဆေးရုံ၊ အထကခွဲကျောင်းနဲ့ ရုံးဌာနတွေရှိတော့ မြို့ပုံရိပ်လည်းထိခိုက် ပါတယ်။ အမြန်ဆုံးပြုပြင်ပေးစေချင်ပါတယ်”ဟု မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက ပြောသည်။

အဆိုပါလမ်းအား ပြုပြင်ပေးပါရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မိုင်းဆတ်မြို့ခရီးစဉ် လာရောက်စဉ်က တင်ပြထားခဲ့ဖူးကြောင်း သိရသည်။

“ ဒီလမ်းက သွားလာမှု အလွန်များတဲ့လမ်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုုဂ္ဂိုလ်ရဲ့ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မိုင်းဆတ်ခရီးစဉ်မှာ ဒီလမ်းကို ပြုပြင်ပေးဖို့တင်ပြတော့ မြို့နယ်စည်ပင်က ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီအစည်းအဝေးမှာ ပြည်နယ်အစိုးရ ထောက်ပံ့ငွေရရှိရေး တင်ပြထားတယ်ဆိုပြီး ကြိုတင်မေးခွန်းနဲ့ ပြန်ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ အခု ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှာ ဒီလမ်းကို ပြုပြင်ပေးဖို့ ရန်ပုံငွေမပါဘူးလို့သိရတယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးပြုပြင်ပေးစေချင်ပါတယ်”ဟု မြို့မိမြို့ဖ ဦးအေးမင်းက ပြောသည်။

အဆိုပါလမ်းကို ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်က စည်ပင်သာယာရေးကော်မတီက ကတ္တရာနှင့်စက်သုံးဆီ ထောက်ပံ့ပြီး အလှူရှင်များဖြင့် ပူးပေါင်းမှုဖြင့် လမ်းပေါက်ဖာခြင်း လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ရန်ပုံငွေ အထောက်အပံ့မရပါက စည်ပင်သာယာရေးဌာနအနေဖြင့် ပြုပြင်နိုင်ခြင်းမရှိကြောင်း သိရသည်။

“အဲဒီလမ်းက ယာဉ်အသွားအလာများပြားပြီး အချို့လမ်းပိုင်းတွေ ပျက်စီးနေလို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရှမ်းပြည်နယ်စည်ပင်သာယာရေးကော်မတီက ကတ္တရာနဲ့ စက်သုံးဆီထောက်ပံ့ပေးပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌနဲ့ အလှူရှင်တွေစုပေါင်းပြီး လမ်းပေါက်ဖာခဲ့တာ (၅၆)သိန်းကျော်ကုန်တယ်။ ဒါပေမဲ့ အချို့လမ်းပိုင်း တွေက ဆက်ပြီးပျက်စီးနေတဲ့အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၇) ရက်နေ့ ရှမ်းပြည်နယ်စည်ပင်သာယာရေး ကော်မတီအစည်းအဝေးမှာ ပြည်နယ်အစိုးရ ထောက်ပံ့ငွေရရှိရေး တင်ပြထားခဲ့ပါတယ်။ ကျွန်တော်တို့ မြို့နယ် စည်ပင်က ရန်ပုံငွေနည်းတော့ ဒီလမ်းကိုပြုပြင်ဖို့မလွယ်ပါဘူး။ အခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေ ထောက်ပံ့ပေးတဲ့အထဲမှာ ဒီလမ်းတော့မပါဘူး။ ကျွန်တော်တို့လည်း ဒီလမ်းကို အမြန်ဆုံးကောင်းစေချင်ပါတယ်”ဟု မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးကျော်နိုင်က ပြောသည်။

အဆိုပါလမ်းသည် အရှည်ပေ (၃၂၀၀) ခန့်ရှိပြီး ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့သောလမ်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်(မိုင်းဆတ်)

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မိုင္းဆတ္တြင္ အမ်ားျပည္သူ အသံုးမ်ားသည့္ ဝိန္းေန-၀ိန္းေကာင္းလမ္းျပဳျပင္ရန္ ျပည္နယ္ရံပံုေငြ အေထာက္အပ့ံမရ၍ ျပဳျပင္ႏုိင္ျခင္းမရိွေသး
*********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မိုင္းဆတ္ၿမိဳ႕တြင္ အေဝးေျပးလမ္းမႀကီးမ်ားႏွင့္ ဆက္သြယ္ထားသည့္ ၿမိဳ႕တြင္း အသံုးအမ်ားဆံုး ဝိန္းေန - ဝိန္းေကာင္းလမ္းမွာ ခ်ိဳင့္ခြက္မ်ားျဖင့္ ပ်က္စီးေနေသာ္လည္း ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္အတြင္း ျပည္နယ္ရံပံုေငြအေထာက္အပံ့တြင္မပါ၍ ျပဳျပင္ႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

“ဒီလမ္းက ကၽြန္ေတာ္တို႔ၿမိဳ႕မွာ သြားလာမႈအမ်ားဆုံး လမ္းတစ္ခုျဖစ္ပါတယ္။ ၿမိဳ႕တြင္းလမ္းဆိုေပမဲ့ မိုင္းဆတ္-မိုင္းခုတ္-က်ဳိင္းတုံလမ္းမႀကီးနဲ႔ မိုင္းဆတ္-မိုင္းပ်ဥ္းလမ္းမကို ခ်ိတ္ဆက္ထားတဲ့ အဓိကလမ္းျဖစ္ပါတယ္။ မိုင္းဖုန္းဆရာေတာ္ တရားက်င့္ေနတဲ့ ဂူကိုလည္း ဒီလမ္းကပဲ သြားၾကတာပါ။ ၿပီးေတာ့ ၿမိဳ႕နယ္အတြင္းမွာရိွတဲ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ပို႔ေဆာင္ေပးေနတဲ့ အုတ္၊ သဲ၊ ေက်ာက္ကားေတြကလည္း ဒီလမ္းကအမ်ားဆုံး သြားေနတာပါ။ လမ္းကခ်ဳိင့္ခြက္ေတြျဖစ္ၿပီး အရမ္းကို ပ်က္စီးေနလို႔ သြားလာတဲ့ယာဥ္ေတြက လမ္းေၾကာမၾကည့္ဘဲ လမ္းေကာင္းတဲ့ဘက္က ေရြးေမာင္းၾကေတာ့ အရမ္းအႏၲရာယ္မ်ားတယ္။ ေက်ာင္းဆင္းတဲ့အခ်ိန္ေတြဆို ကေလး ေတြနဲ႔ ပိုဆိုးတယ္။ ပတ္၀န္းက်င္မွာလည္း ေဆး႐ုံ၊ အထကခဲြေက်ာင္းနဲ႔ ႐ုံးဌာနေတြရိွေတာ့ ၿမိဳ႕ပုံရိပ္လည္းထိခိုက္ ပါတယ္။ အျမန္ဆုံးျပဳျပင္ေပးေစခ်င္ပါတယ္”ဟု ၿမိဳ႕သစ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္စိုးက ေျပာသည္။

အဆိုပါလမ္းအား ျပဳျပင္ေပးပါရန္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ မုိင္းဆတ္ၿမိဳ႕ခရီးစဥ္ လာေရာက္စဥ္က တင္ျပထားခဲ့ဖူးေၾကာင္း သိရသည္။

“ ဒီလမ္းက သြားလာမႈ အလြန္မ်ားတဲ့လမ္းျဖစ္ပါတယ္။ ဒါေၾကာင့္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဳဂၢိဳလ္ရဲ႕ ၂၀၁၉ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၆)ရက္ေန႔ မိုင္းဆတ္ခရီးစဥ္မွာ ဒီလမ္းကို ျပဳျပင္ေပးဖို႔တင္ျပေတာ့ ၿမိဳ႕နယ္စည္ပင္က ၂၀၁၈ခုႏွစ္၊ ႏိုဝင္ဘာလ ရွမ္းျပည္နယ္စည္ပင္သာယာေရးေကာ္မတီအစည္းအေဝးမွာ ျပည္နယ္အစိုးရ ေထာက္ပ့ံေငြရရိွေရး တင္ျပထားတယ္ဆိုၿပီး ႀကိဳတင္ေမးခြန္းနဲ႔ ျပန္ေျဖၾကားခဲ့ပါတယ္။ ဒါေပမဲ့ အခု ၂၀၁၉-၂၀၂၀ဘ႑ာႏွစ္မွာ ဒီလမ္းကို ျပဳျပင္ေပးဖို႔ ရန္ပုံေငြမပါဘူးလို႔သိရတယ္။ ျဖစ္ႏိုင္ရင္ အျမန္ဆုံးျပဳျပင္ေပးေစခ်င္ပါတယ္”ဟု ၿမိဳ႕မိၿမိဳ႕ဖ ဦးေအးမင္းက ေျပာသည္။

အဆိုပါလမ္းကို ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္က စည္ပင္သာယာေရးေကာ္မတီက ကတၱရာႏွင့္စက္သံုးဆီ ေထာက္ပ့့့ံၿပီး အလွဴရွင္မ်ားျဖင့္ ပူးေပါင္းမႈျဖင့္ လမ္းေပါက္ဖာျခင္း လုပ္ေဆာင္ခဲ့ၿပီး လက္ရိွတြင္ ရန္ပံုေငြ အေထာက္အပံ့မရပါက စည္ပင္သာယာေရးဌာနအေနျဖင့္ ျပဳျပင္ႏုိင္ျခင္းမရိွေၾကာင္း သိရသည္။

“အဲဒီလမ္းက ယာဥ္အသြားအလာမ်ားျပားၿပီး အခ်ဳိ႕လမ္းပိုင္းေတြ ပ်က္စီးေနလို႔ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွာ ရွမ္းျပည္နယ္စည္ပင္သာယာေရးေကာ္မတီက ကတၱရာနဲ႔ စက္သုံးဆီေထာက္ပံ့ေပးၿပီး ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီဥကၠဌနဲ႔ အလွဴရွင္ေတြစုေပါင္းၿပီး လမ္းေပါက္ဖာခဲ့တာ (၅၆)သိန္းေက်ာ္ကုန္တယ္။ ဒါေပမဲ့ အခ်ဳိ႕လမ္းပိုင္း ေတြက ဆက္ၿပီးပ်က္စီးေနတဲ့အတြက္ ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ(၂၇) ရက္ေန႔ ရွမ္းျပည္နယ္စည္ပင္သာယာေရး ေကာ္မတီအစည္းအေဝးမွာ ျပည္နယ္အစိုးရ ေထာက္ပ့ံေငြရရိွေရး တင္ျပထားခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္ စည္ပင္က ရန္ပုံေငြနည္းေတာ့ ဒီလမ္းကိုျပဳျပင္ဖို႔မလြယ္ပါဘူး။အခု ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ျပည္နယ္ရန္ပုံေငြ ေထာက္ပံ့ေပးတဲ့အထဲမွာ ဒီလမ္းေတာ့မပါဘူး။ ကၽြန္ေတာ္တို႔လည္း ဒီလမ္းကို အျမန္ဆုံးေကာင္းေစခ်င္ပါတယ္”ဟု ၿမိဳ႕နယ္စည္ပင္သာယာေရး အမႈေဆာင္အရာရိွ ဦးေက်ာ္ႏိုင္က ေျပာသည္။

အဆိုပါလမ္းသည္ အရွည္ေပ (၃၂၀၀) ခန္႔ရိွၿပီး ၂၀၁၀-၂၀၁၁ ဘ႑ာႏွစ္တြင္ ကတၱရာလမ္းအျဖစ္ အဆင့္ျမွင့္ တင္ေဆာင္ရြက္ခဲ့ေသာလမ္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #သန္းေဇာ္(မိုင္းဆတ္)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net