မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ပိတ်ပွဲ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ပိတ်ပွဲ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ
အောက်တိုဘာ 30, 2019
By 🌸
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ပိတ်ပွဲ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပ
*************

မဲခေါင်မြစ်ဝှမ်း(၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္ဓခရီးစဉ် ပိတ်ပွဲအခမ်းအနားကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့၌ ကျင်းပသည်။

ပိတ်ပွဲအခမ်းအနားတွင် ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်စိုက်ပျိုးပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။

ဒုတိယအကြိမ် ဓမ္မခရီးစဉ်ကို ထိုင်းနိုင်ငံ ချင်းဆဲန်မြို့ရှိ Wat Phrathat Phangao ကျောင်းတိုက်တွင်  အောက်တိုဘာလ (၁၅) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့  အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ (၅)နိုင်ငံမှ သံဃာတော်များ ကြွချီကာ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်း၊ ဗုဒ္ဓဂယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်များ စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

"၂၀၁၇ ခုနှစ်က (၅) နိုင်ငံဓမ္မခရီးစဉ် စလုပ်တယ်။ အဲဒီတုန်းက အာရှဗုဒ္ဓဘာသာအဖွဲ့ မဖွဲ့ရသေးဘူး။ အခုဆို အာရှဗုဒ္ဓဘာသာအဖွဲ့ချုပ် ဖွဲ့ပြီးသွားပြီ။ အာရှဗုဒ္ဓဘာသာအဖွဲ့ ဖွဲ့လိုက်တဲ့အတွက် (၁၂) နိုင်ငံရပြီ။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဖွဲ့ဖို့ ရည်ရွယ်ချက်ရှိတယ်။ ဘာသာတိုင်း၊ ဘာသာတိုင်းမှာ အဖွဲ့ချုပ်ရှိတယ်။ သူများဘာသာကို တိုက်ခိုက်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို ကာကွယ်ဖို့ ဖွဲ့ဖြစ်တာပါ”ဟု မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ ခရီးစဉ်ကို စီစဉ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဌ၊ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေ (ဇေကမ္ဘာ)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းက ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်ဖြင့် ပူးပေါင်းစီစဉ်သည့် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ ဓမ္မခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြခြင်းဖြစ်သည်။

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံသို့ ဓမ္မခရီးကြွရောက်သည့် သံဃာတော်များကို သက်ဆိုင်ရာ နိုင်ငံများအလိုက် တာဝန်ရှိသူများက ကူညီပေးခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် ဓမ္မခရီးပိတ်ပွဲသို့ (၅)နိုင်ငံမှ သံဃာတော်များနှင့်အတူ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင်ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးစဥ္ပိတ္ပြဲ ကေမၻာဒီးယားႏုိင္ငံတြင္ က်င္းပ
*************

မဲေခါင္ျမစ္ဝွမ္း(၅)ႏိုင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၶခရီးစဥ္ ပိတ္ပြဲအခမ္းအနားကို ကေမၻာဒီးယားႏုိင္ငံတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔၌ က်င္းပသည္။

ပိတ္ပြဲအခမ္းအနားတြင္ ဗုဒၶဂယာမွ ယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္စိုက္ပ်ိဳးၿပီး သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းေလာင္းလွဴၾကသည္။

ဒုတိယအႀကိမ္ ဓမၼခရီးစဥ္ကို ထုိင္းႏုိင္ငံ ခ်င္းဆဲန္ၿမိဳ႕ရိွ Wat Phrathat Phangao ေက်ာင္းတိုက္တြင္  ေအာက္တိုဘာလ (၁၅) ရက္ေန႔က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္းသို႔  ေအာက္တိုဘာလ (၁၆)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား ၾကြခ်ီကာ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ျခင္း၊ ဗုဒၶဂယာမွ ယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္မ်ား စိုက္ပ်ိဳးျခင္းတုိ႔ကို ေဆာင္ရြက္ခဲ့သည္။

"၂၀၁၇ ခုႏွစ္က (၅) ႏိုင္ငံဓမၼခရီးစဥ္ စလုပ္တယ္။ အဲဒီတုန္းက အာရွဗုဒၶဘာသာအဖြဲ႕ မဖြဲ႕ရေသးဘူး။ အခုဆို အာရွဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ ဖြဲ႕ၿပီးသြားၿပီ။ အာရွဗုဒၶဘာသာအဖြဲ႕ ဖြဲ႕လိုက္တဲ့အတြက္ (၁၂) ႏိုင္ငံရၿပီ။ တစ္ကမၻာလံုး အတိုင္းအတာနဲ႔ဖြဲ႕ဖို႔ ရည္ရြယ္ခ်က္ရိွတယ္။ ဘာသာတိုင္း၊ ဘာသာတိုင္းမွာ အဖြဲ႕ခ်ဳပ္ရိွတယ္။ သူမ်ားဘာသာကို တိုက္ခိုက္ဖို႔ မဟုတ္ပါဘူး။ ကိုယ့္ဘာသာကို ကာကြယ္ဖို႔ ဖြဲ႕ျဖစ္တာပါ”ဟု မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံ ခရီးစဥ္ကို စီစဥ္သည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း ဥကၠဌ၊ ဝဏၰေက်ာ္ထင္ေဒါက္တာခင္ေရႊ (ေဇကမၻာ)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းက ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္ျဖင့္ ပူးေပါင္းစီစဥ္သည့္ မဲေခါင္ျမစ္ဝွမ္း (၅)ႏိုင္ငံ သံဃာေတာ္မ်ား၏ ဓမၼခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄)ရက္ေန႔မွ (၃၁)ရက္ေန႔အထိ ၾကြခ်ီၾကျခင္းျဖစ္သည္။

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံသို႔ ဓမၼခရီးၾကြေရာက္သည့္ သံဃာေတာ္မ်ားကို သက္ဆုိင္ရာ ႏုိင္ငံမ်ားအလုိက္ တာဝန္ရိွသူမ်ားက ကူညီေပးခဲ့ၾကၿပီး ကေမ႓ာဒီးယားႏိုင္ငံတြင္ က်င္းပသည့္ ဓမၼခရီးပိတ္ပြဲသို႔ (၅)ႏုိင္ငံမွ သံဃာေတာ္မ်ားႏွင့္အတူ ကေမၻာဒီးယားကာကြယ္ေရးဝန္ႀကီးႏွင့္ တာဝန္ရွိပုဂၢိဳလ္မ်ား၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသသာသနာႏုဂၢဟအသင္း(ဗဟို)ဥကၠဌ ဝဏၰေက်ာ္ထင္ေဒါက္တာခင္ေရႊႏွင့္အဖြဲ႕ဝင္မ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net