ဒေသတွင်း တစ်နိုင်တစ်ပိုင်မွေးမြူသည့်ကြက်များအား လည်လိမ်ရောဂါကာကွယ်ရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စီမံချက်မြို့နယ်များရွေး၍ ကွင်းဆင်းဆောင်ရွက်နေ

ဒေသတွင်း တစ်နိုင်တစ်ပိုင်မွေးမြူသည့်ကြက်များအား လည်လိမ်ရောဂါကာကွယ်ရေး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက စီမံချက်မြို့နယ်များရွေး၍ ကွင်းဆင်းဆောင်ရွက်နေ
အောက်တိုဘာ 7, 2019
By 🌸
ဒေသတွင်း တစ်နိုင်တစ်ပိုင်မွေးမြူရေးကြက်များအား လည်လိမ်ရောဂါကာကွယ်ဆေး မျက်စဉ်း လိုက်လံခပ်ပေးခြင်းကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တစ်နိုင်ငံလုံးတွင် စီမံချက်မြို့နယ် (၂၆)ခုမှ ကျေးရွာပေါင်း (၇၄)ရွာ၌ ဆောင်ရွက်ပေးနေပြီး မကွေးတိုင်းတွင် စီမံချက်မြို့နယ် (၅)ခုပါဝင်ကြောင်း သိရသည်။

 “အိုင်-တူး လို့ခေါ်တဲ့ အပူဒဏ်ခံ လည်လိမ်ရောဂါကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ၂၀၁၈ ခုနှစ် (၁၁) လပိုင်းကစပြီး ဦးစီးဌာနရုံးချုပ်ရဲ့ စီမံချက်အရ (၂၆) မြို့နယ်၊ ရွာပေါင်းဆိုရင် (၇၄)ရွာမှာ အခမဲ့ဖြန့်ဝေပြီး လိုက်လံမျက်စဉ်းခပ်ပေးလျှက်ရှိနေပါပြီ။ မကွေးတိုင်းမှာဆိုရင်လည်း စီမံချက်ခရိုင်က(၂)ခု၊ ပခုက္ကူခရိုင်နဲ့ မကွေးခရိုင်ပါ။ မကွေးခရိုင်မှာ မကွေး၊ တောင်တွင်း၊ ရေနံချောင်း၊ ချောက် (၄)မြို့နယ်နဲ့ ပခုက္ကူခရိုင်က ရေစကြိုမြို့နယ်၊ စုစုပေါင်း(၅)မြို့နယ်ပေါ့။ မကွေးခရိုင်မှာကောက်ယူရရှိတဲ့စာရင်းအရ ဒေသကြက်အကောင်ရေ (၁၇၂၆၉၀၀) ကျော် ရှိတာကြောင့် ဆေးကို ဌာနက အကုန်လုံးအတွက် ပေးနိုင်တဲ့အခြေအနေမရှိလို့ စီမံချက်ရွာတွေကို ရွေးရခြင်း ဖြစ်ပါတယ်”ဟု မကွေးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ လှလှပြုံးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စီမံချက်ကာလမှာ ၂၀၁၈ ခုနှစ် (၁၁)လပိုင်းမှ စတင်ရန်ဖြစ်သော်လည်း မကွေးခရိုင်၌ (၁၀)လပိုင်းကတည်းက စတင်၍  (၃) လလျှင် (၁)ကြိမ် ကာကွယ်ဆေးမျက်စဉ်းခပ်ပေးခဲ့ခြင်းဖြစ်ရာ ၂၀၁၉ ခုနှစ် (၇)လပိုင်းတွင် ကြက်လည်လိမ်ရောဂါ ကာကွယ်ဆေးကို စတုတ္ထအကြိမ်မြောက် မျက်စဉ်းခပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“တစ်ချို့က မျက်စဉ်းခတ်ပေးရတဲ့အလုပ်ကို စိတ်မဝင်စားကြဘူး။ ဒါ့ကြောင့် စောစောပိုင်းကဆိုရင် ကြက်လည် လိမ်ရောဂါကြောင့် ဆုံးရံှူးရမှု များခဲ့တယ်။ မျက်စဉ်းခပ်တဲ့အလုပ်က ကြက်တွေအိပ်တန်းတက်တဲ့ ညအချိန်ကျမှ လုပ်ရတာဆိုတော့ မွေးမြူသူတွေကိုယ်တိုင် ပူးပေါင်းပါဝင်မှုရှိမှ အောင်မြင်မှာလေ။ နောက်ပိုင်းမှာတော့ ကာကွယ်ဆေးရဲ့ အကျိုးဆက်ကို သိလာကြလို့ ပူးပေါင်းလာကြပါပြီ”ဟု မယ်ဘဲ့ကုန်းကျေးရွာမှ ဒေသကြက် အကောင် (၁၀၀)ခန့် မွေးမြူသူ ဦးဝင်းချိုက ပြောသည်။

မကွေးတိုင်းအတွင်း ကျေးရွာပေါင်း (၁၁)ရွာရှိ အိမ်ထောင်စု(၈၁၇)စုက တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် ကြက်အကောင်ရေ (၉၅၈၀)ကျော်အား ကာကွယ်ဆေးမျက်စဉ်းခပ်ပေးထားပြီး ကြက်လည်လိမ်ရောဂါဖြင့် သေဆုံးမှုနှုန်းများ သိသိသာသာပင် လျော့ကျနေပြီဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်း များအရ သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေဒသတြင္း တစ္ႏုိင္တစ္ပိုင္ေမြးျမဴသည့္ၾကက္မ်ားအား လည္လိမ္ေရာဂါကာကြယ္ေရး ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက စီမံခ်က္ၿမိဳ႕နယ္မ်ားေရြး၍ ကြင္းဆင္းေဆာင္ရြက္ေန
*************
ေဒသတြင္း တစ္ႏိုင္တစ္ပိုင္ေမြးျမဴေရးၾကက္မ်ားအား လည္လိမ္ေရာဂါကာကြယ္ေဆး မ်က္စဥ္း လုိက္လံခပ္ေပးျခင္းကို ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက တစ္ႏုိင္ငံလံုးတြင္ စီမံခ်က္ၿမိဳ႕နယ္ (၂၆)ခုမွ ေက်းရြာေပါင္း (၇၄)ရြာ၌ ေဆာင္ရြက္ေပးေနၿပီး မေကြးတိုင္းတြင္ စီမံခ်က္ၿမိဳ႕နယ္ (၅)ခုပါဝင္ေၾကာင္း သိရသည္။

 “အိုင္-တူး လို႔ေခၚတဲ့ အပူဒဏ္ခံ လည္လိမ္ေရာဂါကာကြယ္ေဆးကို တစ္ႏုိင္ငံလံုးအတိုင္းအတာနဲ႔ဆိုရင္ ၂၀၁၈ ခုႏွစ္ (၁၁) လပိုင္းကစၿပီး ဦးစီးဌာနရံုးခ်ဳပ္ရဲ႕ စီမံခ်က္အရ (၂၆) ၿမိဳ႕နယ္၊ ရြာေပါင္းဆိုရင္ (၇၄)ရြာမွာ အခမဲ့ျဖန္႔ေဝၿပီး လိုက္လံမ်က္စဥ္းခပ္ေပးလွ်က္ရိွေနပါၿပီ။ မေကြးတိုင္းမွာဆုိရင္လည္း စီမံခ်က္ခရိုင္က(၂)ခု၊ ပခုကၠဴခရိုင္နဲ႔ မေကြးခရိုင္ပါ။ မေကြးခရိုင္မွာ မေကြး၊ ေတာင္တြင္း၊ ေရနံေခ်ာင္း၊ ေခ်ာက္ (၄)ၿမိဳ႕နယ္နဲ႔ ပခုကၠဴခရုိင္က ေရစႀကိဳၿမိဳ႕နယ္၊ စုစုေပါင္း(၅)ၿမိဳ႕နယ္ေပါ့။ မေကြးခရိုင္မွာေကာက္ယူရရိွတဲ့စာရင္းအရ ေဒသၾကက္အေကာင္ေရ (၁၇၂၆၉၀၀) ေက်ာ္ ရိွတာေၾကာင့္ ေဆးကုိ ဌာနက အကုန္လံုးအတြက္ ေပးႏိုင္တဲ့အေျခအေနမရိွလို႔ စီမံခ်က္ရြာေတြကို ေရြးရျခင္း ျဖစ္ပါတယ္”ဟု မေကြးခရိုင္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ခရိုင္ဦးစီးမွဴး ေဒါက္တာ လွလွၿပံဳးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စီမံခ်က္ကာလမွာ ၂၀၁၈ ခုႏွစ္ (၁၁)လပိုင္းမွ စတင္ရန္ျဖစ္ေသာ္လည္း မေကြးခရိုင္၌ (၁၀)လပိုင္းကတည္းက စတင္၍  (၃) လလွ်င္ (၁)ႀကိမ္ ကာကြယ္ေဆးမ်က္စဥ္းခပ္ေပးခဲ့ျခင္းျဖစ္ရာ ၂၀၁၉ ခုႏွစ္ (၇)လပိုင္းတြင္ ၾကက္လည္လိမ္ေရာဂါ ကာကြယ္ေဆးကို စတုတၳအႀကိမ္ေျမာက္ မ်က္စဥ္းခပ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

“တစ္ခ်ိဳ႕က မ်က္စဥ္းခတ္ေပးရတဲ့အလုပ္ကို စိတ္မဝင္စားၾကဘူး။ ဒါ့ေၾကာင့္ ေစာေစာပိုင္းကဆိုရင္ ၾကက္လည္ လိမ္ေရာဂါေၾကာင့္ ဆံုးရံွဴးရမႈ မ်ားခဲ့တယ္။ မ်က္စဥ္းခပ္တဲ့အလုပ္က ၾကက္ေတြအိပ္တန္းတက္တဲ့ ညအခ်ိန္က်မွ လုပ္ရတာဆိုေတာ့ ေမြးျမဴသူေတြကိုယ္တိုင္ ပူးေပါင္းပါဝင္မႈရိွမွ ေအာင္ျမင္မွာေလ။ ေနာက္ပိုင္းမွာေတာ့ ကာကြယ္ေဆးရဲ႕ အက်ိဳးဆက္ကို သိလာၾကလို႔ ပူးေပါင္းလာၾကပါၿပီ”ဟု မယ္ဘဲ့ကုန္းေက်းရြာမွ ေဒသၾကက္ အေကာင္ (၁၀၀)ခန္႔ ေမြးျမဴသူ ဦးဝင္းခ်ိဳက ေျပာသည္။

မေကြးတုိင္းအတြင္း ေက်းရြာေပါင္း (၁၁)ရြာရိွ အိမ္ေထာင္စု(၈၁၇)စုက တစ္ႏုိင္တစ္ပိုင္ေမြးျမဴထားသည့္ ၾကက္အေကာင္ေရ (၉၅၈၀)ေက်ာ္အား ကာကြယ္ေဆးမ်က္စဥ္းခပ္ေပးထားၿပီး ၾကက္လည္လိမ္ေရာဂါျဖင့္ ေသဆံုးမႈႏွဳန္းမ်ား သိသိသာသာပင္ ေလ်ာ့က်ေနၿပီျဖစ္ေၾကာင္း ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန မွတ္တမ္း မ်ားအရ သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net