တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အသည်းအထူးကုဆရာဝန်ကြီးများက အသည်းရောဂါအကြောင်း ဟောပြောမည်

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အသည်းအထူးကုဆရာဝန်ကြီးများက အသည်းရောဂါအကြောင်း ဟောပြောမည်
အောက်တိုဘာ 5, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုးနှင့်ပတ်သက်သည့် ဟောပြောပွဲကို အသည်းရောဂါအထူးကု ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းနှင့် ဆရာဝန်ကြီးများက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၁) ရက်နေ့၌ ပြုလုပ်မည်ဖြစ်၍ စိတ်ဝင်စားသူများ တက်ရောက်နိုင်ကြမည်ဖြစ်သည်။

"အောင်မြတ်ခန်းမမှာ (၂၁) ရက်နေ့ နေ့လယ် (၁) နာရီမှာ ဆရာဝန်ကြီးတွေက ဟောပြောပွဲလုပ်မှာပေါ့။ ဌာနဆိုင်ရာတွေရော၊ ပြည်သူလူထုတွေရော စိတ်ဝင်စားတဲ့သူတွေ လာတက်လို့ ရတာပေါ့"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာန နာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)က အသည်းရောဂါ B ပိုး၊ C ပိုးစစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို လူဦးရေ (၅၀၀)အတွက် အခမဲ့ဆောင်ရွက်ပေးမည့် အစီအစဉ်နှင့်အတူ ပညာပေးဟောပြောပွဲ ကျင်းပလာခြင်းဖြစ်သည်။

မဟာမြတ်မုနိကျောင်းဝင်းအတွင်း B ပိုး၊ C ပိုး အခမဲ့စစ်ဆေးပေးမည့် အောက်တိုဘာ (၂၁)ရက်နှင့် (၂၂) ရက်နေ့များတွင်လည်း ဆေးကုမ္ပဏီ (၁၅) ခုက အသည်းရောဂါအကြောင်း ပြခန်းများနှင့်တကွ ပညာပေးလုပ်ငန်းများ လိုက်ပါဆောင်ရွက်မည်ဟု သိရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ အသည္းအထူးကုဆရာဝန္ႀကီးမ်ားက အသည္းေရာဂါအေၾကာင္း ေဟာေျပာမည္
**********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ အသည္းေရာင္ အသား၀ါ B ပိုး၊ C ပိုးႏွင့္ပတ္သက္သည့္ ေဟာေျပာပြဲကို အသည္းေရာဂါအထူးကု ပါေမာကၡ ေဒါက္တာခင္ေမာင္ဝင္းႏွင့္ ဆရာဝန္ႀကီးမ်ားက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၂၁) ရက္ေန႔၌ ျပဳလုပ္မည္ျဖစ္၍ စိတ္ဝင္စားသူမ်ား တက္ေရာက္ႏုိင္ၾကမည္ျဖစ္သည္။

"ေအာင္ျမတ္ခန္းမမွာ (၂၁) ရက္ေန႔ ေန႔လယ္ (၁) နာရီမွာ ဆရာဝန္ႀကီးေတြက ေဟာေျပာပြဲလုပ္မွာေပါ့။ ဌာနဆိုင္ရာေတြေရာ၊ ျပည္သူလူထုေတြေရာ စိတ္ဝင္စားတဲ့သူေတြ လာတက္လို႔ ရတာေပါ့"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာန နာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမို႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း(ျမန္မာ)က အသည္းေရာဂါ B ပိုး၊ C ပိုးစစ္ေဆးေပးျခင္းႏွင့္ ကာကြယ္ေဆးထိုးျခင္းကို လူဦးေရ (၅၀၀)အတြက္ အခမဲ့ေဆာင္ရြက္ေပးမည့္ အစီအစဥ္ႏွင့္အတူ ပညာေပးေဟာေျပာပြဲ က်င္းပလာျခင္းျဖစ္သည္။

မဟာျမတ္မုနိေက်ာင္းဝင္းအတြင္း B ပိုး၊ C ပိုး အခမဲ့စစ္ေဆးေပးမည့္ ေအာက္တိုဘာ (၂၁)ရက္ႏွင့္ (၂၂) ရက္ေန႔မ်ားတြင္လည္း ေဆးကုမၸဏီ (၁၅) ခုက အသည္းေရာဂါအေၾကာင္း ျပခန္းမ်ားနွင့္တကြ ပညာေပးလုပ္ငန္းမ်ား လုိက္ပါေဆာင္ရြက္မည္ဟု သိရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net