ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသား (၆)မျိုး၏ စာပေများကို အခြေခံပညာကျောင်းများ၌ သင်ကြားနိုင်ပြီ

ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသား (၆)မျိုး၏ စာပေများကို အခြေခံပညာကျောင်းများ၌ သင်ကြားနိုင်ပြီ
အောက်တိုဘာ 29, 2019
By 🌸
ကယားပြည်နယ်ရှိ ဌာနေတိုင်းရင်းသား (၆)မျိုး၏ စာပေများကို အခြေခံပညာကျောင်းများ၌သင်ကြားနိုင်ပြီ
********

ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသားဖြစ်သည့် မနုမနော(ကော်ယော်)၏ စာပေအား ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှစ၍ ပြည်နယ်တွင်း စာသင်ကျောင်းများတွင် သင်ကြားခွင့်ပြုတော့မည်ဖြစ်ရာ ပြည်နယ်တွင်းမှ ဌာနတိုင်းရင်းသား (၆)မျိုးလုံး၏ စာပေများကို သင်ကြားခွင့်ရသွားပြီဖြစ်သည်။

ကယားပြည်နယ်မှ ဌာနေတိုင်းရင်းသား(၆)မျိုးရှိသည့်အနက် ကယား၊ ကယန်း၊ ကယော၊ ဂေဘားနှင့် ယင်းတလဲ စာပေများအား အခြေခံပညာကျောင်းများတွင် သင်ကြားနိုင်ရန် ကယားပြည်နယ် လွှတ်တော်က အတည်ပြုပေးထားခဲ့ပြီးနောက် ကျန်ရှိသည့်  မနုမနော(ကော်ယော်) လူမျိုးများ၏ စာပေအား သင်ကြားခွင့်ကို ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့၌ အတည်ပြုလိုက်ခြင်းဖြစ်သည်။

ကယားပြည်နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနေတိုင်းရင်းသားစာပေများဖြစ်ကြသည့် ကယား ၊ ကယန်း၊ကယောနှင့် ဂေဘားစာပေများကို သင်ကြားနေပြီဖြစ်ပြီး  ယင်းတလဲ(ပြန်တလိုင်)စာပေအား ပုံနှိပ်ထုတ်ဝေရန် အခြေခံပညာဦးစီးဌာနသို့ ပေးပို့ထားကာ နောက်ဆုံးအတည်ပြုလိုက်သည့် မနုမနော(ကော်ယော်) စာပေကိုလည်း သင်ရိုးများ ရေးဆွဲထားပြီ ဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကဏ္ဍတွင် ကယားပြည်နယ်တွင်းရှိ တိုင်းရင်သားမျိုးနွယ်စု  တစ်ခု ဖြစ်သည့် မနုမနော(ကော်ယော်) တိုင်းရင်းသားစာပေအား အခြေခံပညာကျောင်းများတွင် သင်ကြားခွင့်ပြု ပေးနိုင်ရန် အမျိုးသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ပြည်နယ်ပညာရေးမှူးရုံးမှ တစ်ဆင့်တင်ပြလာခြင်း ကြောင့် သင်ကြားခွင့်ပြုပေးနိုင်ရန်  ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက  အောက်တိုဘာလ (၁) ရက်နေ့  ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

“မနုမနော(ကော်ယော်) စာပေကို ပြည်နယ်လွှတ်တော်တွင်အတည်ပြုပြီး အခြေခံပညာကျောင်းများမှာ သင်ကြားခွင့်ရပါက တိုင်းရင်းသားစာပေ (၆) မျိုးလုံး ဟန်ချက်ညီစွာဖြင့် စာပေသင်ကြားရေးလုပ်ငန်းများကို စည်းလုံးညီညွှတ်စွာ ပိုမိုဆောင်ရွက်လာနိုင်မယ်လို့ မျှော်မှန်းပါတယ် ”ဟု  ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးက လွှတ်တော်တွင် အဆိုတင်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မနုမနော(ကော်ယော်) တိုင်းရင်းသားစာပေအား ၂၀၁၉-၂၀၁၀ ပညာသင်နှစ်မှစ၍ ကယားပြည်နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားခွင့်ပြုနိုင်ရေးအဆိုအား အောက်တိုဘာလ (၂) ရက်နေ့တွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်ဆွေးနွေးသူမရှိဘဲ လွှတ်တော်မှအတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဌာနေတိုင်းရင်းသားဘာသာများ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှ၍ ဒီဇင်ဘာလထိ ယူနီဆက်ဖ်က ပြည်နယ်(၅)ခုတွင် ကူညီဆောင်ရွက်ပေးနေရာ ကယားပြည်နယ်က ပထမဆုံးပြီးသွားပြီး ဌာနေတိုင်းရင်းသားစာပေ (၆)မျိုး၏ သင်ရိုးညွှန်းတမ်းများကို ပြည်နယ်အစိုးရကလည်း အတည်ပြုတင်ပြပေးထားနိုင်ခဲ့ခြင်းဖြစ်သည်။

ဌာနေတိုင်းရင်းသားစာပေသင်ကြားရေးအတွက် ဆရာ၊ဆရာမများကို အစိုးရကခန့်ထားပေးမည်ဖြစ်ပြီး ဆရာဖြစ်သင်တန်းများလည်း ပို့ချပေးသွားမည်ဖြစ်သည်။

ကယားပြည်နယ်တွင် ဌာနေတိုင်းရင်းသားမျိုးနွယ်စု (၆)ခု၏စာပေများအပြင် ကယားပြည်နယ်အတွင်း အခြေခံပညာကျောင်းများတွင် ရှမ်းနှင့် ပအိုဝ်းဘာသာများကိုလည်း သင်ကြားနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကယားျပည္နယ္ရိွ ဌာေနတုိင္းရင္းသား (၆)မ်ိဳး၏ စာေပမ်ားကို အေျခခံပညာေက်ာင္းမ်ား၌ သင္ၾကားႏုိင္ၿပီ
********

ကယားျပည္နယ္မွ ဌာေနတုိင္းရင္းသားျဖစ္သည့္ မႏုမေနာ(ေကာ္ေယာ္)၏ စာေပအား ၂၀၁၉ - ၂၀၂၀ ပညာသင္ႏွစ္မွစ၍ ျပည္နယ္တြင္း စာသင္ေက်ာင္းမ်ားတြင္ သင္ၾကားခြင့္ျပဳေတာ့မည္ျဖစ္ရာ ျပည္နယ္တြင္းမွ ဌာနတုိင္းရင္းသား (၆)မ်ိဳးလံုး၏ စာေပမ်ားကို သင္ၾကားခြင့္ရသြားၿပီျဖစ္သည္။

ကယားျပည္နယ္မွ ဌာေနတိုင္းရင္းသား(၆)မ်ိဳးရိွသည့္အနက္ ကယား၊ ကယန္း၊ ကေယာ၊ ေဂဘားႏွင့္ ယင္းတလဲ စာေပမ်ားအား အေျခခံပညာေက်ာင္းမ်ားတြင္ သင္ၾကားႏိုင္ရန္ ကယားျပည္နယ္ လႊတ္ေတာ္က အတည္ျပဳေပးထားခဲ့ၿပီးေနာက္ က်န္ရွိသည့္  မႏုမေနာ(ေကာ္ေယာ္) လူမ်ိဳးမ်ား၏ စာေပအား သင္ၾကားခြင့္ကို ဒုတိယအႀကိမ္ ကယားျပည္နယ္ လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း ဒုတိယေန႔၌ အတည္ျပဳလိုက္ျခင္းျဖစ္သည္။

ကယားျပည္နယ္တြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ဌာေနတုိင္းရင္းသားစာေပမ်ားျဖစ္ၾကသည့္ ကယား ၊ ကယန္း၊ကေယာႏွင့္ ေဂဘားစာေပမ်ားကို သင္ၾကားေနၿပီျဖစ္ၿပီး  ယင္းတလဲ(ျပန္တလိုင္)စာေပအား ပုံႏွိပ္ထုတ္ေဝရန္ အေျခခံပညာဦးစီးဌာနသို႔ ေပးပို႔ထားကာ ေနာက္ဆံုးအတည္ျပဳလိုက္သည့္ မႏုမေနာ(ေကာ္ေယာ္) စာေပကိုလည္း သင္ရုိးမ်ား ေရးဆြဲထားၿပီ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ အေျခခံပညာက႑တြင္ ကယားျပည္နယ္တြင္းရွိ တိုင္းရင္သားမ်ိဳးႏြယ္စု  တစ္ခု ျဖစ္သည့္ မႏုမေနာ(ေကာ္ေယာ္) တိုင္းရင္းသားစာေပအား အေျခခံပညာေက်ာင္းမ်ားတြင္ သင္ၾကားခြင့္ျပဳ ေပးႏိုင္ရန္ အမ်ိဳးသားစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီက ျပည္နယ္ပညာေရးမွဴးရုံးမွ တစ္ဆင့္တင္ျပလာျခင္း ေၾကာင့္ သင္ၾကားခြင့္ျပဳေပးႏိုင္ရန္  ျပည္နယ္စည္ပင္သာယာေရးနွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာ ေအာင္ေက်ာ္ေဌးက  ေအာက္တိုဘာလ (၁) ရက္ေန႔  ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀းပထမေန႕တြင္ အဆိုတင္သြင္းခဲ့ျခင္းျဖစ္သည္။

“မႏုမေနာ(ေကာ္ေယာ္) စာေပကို ျပည္နယ္လႊတ္ေတာ္တြင္အတည္ျပဳၿပီး အေျခခံပညာေက်ာင္းမ်ားမွာ သင္ၾကားခြင့္ရပါက တိုင္းရင္းသားစာေပ (၆) မ်ိဳးလုံး ဟန္ခ်က္ညီစြာျဖင့္ စာေပသင္ၾကားေရးလုပ္ငန္းမ်ားကို စည္းလုံးညီညႊတ္စြာ ပိုမိုေဆာင္ရြက္လာႏိုင္မယ္လို႔ ေမွ်ာ္မွန္းပါတယ္ ”ဟု  ျပည္နယ္စည္ပင္သာယာေရးနွင့္ လူမႈေရးဝန္ႀကီး ေဒါက္တာ ေအာင္ေက်ာ္ေဌးက လႊတ္ေတာ္တြင္ အဆိုတင္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

မႏုမေနာ(ေကာ္ေယာ္) တိုင္းရင္းသားစာေပအား ၂၀၁၉-၂၀၁၀ ပညာသင္ႏွစ္မွစ၍ ကယားျပည္နယ္တြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ သင္ၾကားခြင့္ျပဳႏိုင္ေရးအဆိုအား ေအာက္တိုဘာလ (၂) ရက္ေန႔တြင္ က်င္းပခဲ့ေသာ ဒုတိယအႀကိမ္ ကယားျပည္နယ္ လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေ၀း ဒုတိယေန႔တြင္ ကန္႕ကြက္ေဆြးေႏြးသူမရွိဘဲ လႊတ္ေတာ္မွအတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။

ဌာေနတုိင္းရင္းသားဘာသာမ်ား သင္ရိုးညႊန္းတမ္းေရးဆြဲျခင္းကို ၂၀၁၈ ခုႏွစ္၊ ဧၿပီလမွ၍ ဒီဇင္ဘာလထိ ယူနီဆက္ဖ္က ျပည္နယ္(၅)ခုတြင္ ကူညီေဆာင္ရြက္ေပးေနရာ ကယားျပည္နယ္က ပထမဆံုးၿပီးသြားၿပီး ဌာေနတုိင္းရင္းသားစာေပ (၆)မ်ိဳး၏ သင္ရိုးညႊန္းတမ္းမ်ားကို ျပည္နယ္အစိုးရကလည္း အတည္ျပဳတင္ျပေပးထားႏုိင္ခဲ့ျခင္းျဖစ္သည္။

ဌာေနတုိင္းရင္းသားစာေပသင္ၾကားေရးအတြက္ ဆရာ၊ဆရာမမ်ားကို အစိုးရကခန္႔ထားေပးမည္ျဖစ္ၿပီး ဆရာျဖစ္သင္တန္းမ်ားလည္း ပို႔ခ်ေပးသြားမည္ျဖစ္သည္။

ကယားျပည္နယ္တြင္ ဌာေနတိုင္းရင္းသားမ်ိဳးႏြယ္စု (၆)ခု၏စာေပမ်ားအျပင္ ကယားျပည္နယ္အတြင္း အေျခခံပညာေက်ာင္းမ်ားတြင္ ႐ွမ္းႏွင့္ ပအိုဝ္းဘာသာမ်ားကိုလည္း သင္ၾကားေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net