ကယားဝန်ကြီးချုပ်အဆိုပြုထားသည့် ဝန်ကြီးကို ပြည်နယ်လွှတ်တော်က ကန့်ကွက်

ကယားဝန်ကြီးချုပ်အဆိုပြုထားသည့် ဝန်ကြီးကို ပြည်နယ်လွှတ်တော်က ကန့်ကွက်
အောက်တိုဘာ 2, 2019
By 🌸
ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဝန်ကြီးချုပ်က အဆိုပြုပေးပို့ထားသည့်  ဦးတင်ဌေးအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်လိုက်ကြသည်။

ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ပထမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့က ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးတင်ဌေးအားခန့်အပ်ရန်  ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်သို့ အဆိုပြုပေးပို့ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂) ရက်နေ့ အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်လိုက်ကြခြင်း ဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ အဆိုပြုပေးပို့ထားသော ဦးတင်ဌေးမှာ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့တွင် ဥက္ကဌအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ၎င်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဥပဒေ၊ ရွေးကောက်ပွဲဥပဒေ ပါပြဌာန်းချက်များနှင့် ညီညွှတ်မှုမရှိကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးရန်နိုင်ဆွေ ၊ဦးအောင်နိုင်ဦး ၊ဦးခင်မောင်ထွန်း နှင့် ဦးသိန်းအောင်တို့က လွှတ်တော်အစည်းအဝေး ဒုတိယနေ့တွင် ကန့်ကွက်ဆွေးနွေးခဲ့ကြသည်။

“ကယားပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုသာ ပထမဦးစားပေး ထည့်သွင်းသင့်ကြောင်း တင်ပြလိုပါတယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ မဆောင်ရွက်နိုင်မှသာ ပြင်ပပုဂ္ဂိုလ်ကို ထည့်သွင်းစဉ်းစားရပါမယ်။ ယခုအမည်စာရင်း တင်သွင်းထားသော ဦးတင်ဌေးသည် ကယားဌာနေ တိုင်းရင်းသားမဟုတ်ပါဘူး ။ဝန်ကြီးတစ်ပါး ခန့်ထားဆောင်ရွက်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ်များနှင့် အရင်ဆုံးဆွေးနွေးတိုင်ပင်သင့်ပါတယ် ”ဟု ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင်က ကန့်ကွက်ဆွေးနွေးခဲ့သည်။

ဝန်ကြီးချုပ်မှ အမည်စာရင်းတင်သွင်းထားသူ ဦးတင်ဌေးမှာ လက်ရှိတွင် ချိကယ်ဝန်ကြီးအိမ်ယာ၌ လွန်ခဲ့သော ခြောက်လခန့်မှစ၍ နေထိုင်ခဲ့ပြီး ၎င်းလက်ရှိရာထူးနေရာဖြင့် အဆိုပါနေရာများတွင်နေထိုင်ခံစားခွင့် ရရှိသူတစ်ဦးမဟုတ်ကြောင်း သိရသည်။

ယင်းကဲ့သို့ နေထိုင်ခြင်းမှာ ဝန်ကြီးအဖြစ်အတည်မပြုမီတွင်လည်း ကြိုတင်နေထိုင်ခံစားခွင့် မရှိဘဲ နေထိုင်ခြင်းဖြစ်၍ ဥပဒေပာ အချက်များနှင့် ညှိစွန်းလျှက်ရှိပြီး ဆိုပါဝန်ကြီးနေရာအတွက် ရွေးကောက်ခံ ပြည်နယ်လွှတ်တော်ကိုယ် စာလှယ်များ ကိုသာရွေးချယ်သင့်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လေးဦးမှ ကန့်ကွက်ဆွေးနွေး ခဲ့ကြသည်။

“တိုင်းရင်းသားဒေသနေပြည်သူများက ရွေးချယ်တင်မြှောက်လို့သာ မိမိတို့ယခုလိုပြည်နယ်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကိုရောက်ရှိလာတယ်ဆိုတာ ဦးစွာပထမထည့်သွင်းစဉ်းစားဖို့ လိုပါမယ်။ဌာနေတိုင်ရင်းသား မဲဆန္ဒရှင်  ပြည်သူတွေရဲ့ သဘောထားကို အလေးနက်ထားစေချင်ပါတယ်။ ဒေသနေပြည်သူသာလျှင် သင့်တော်မည် ဖြစ်ပါ၍ အလေးနက်ထား ဆောင်ရွက်စေလိုပါတယ် ”ဟု ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ဆွေးနွေးခဲ့သည်။

အောက်တိုဘာလ (၂) ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကယားပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်အဆိုပြုထားသူအား ကန့်ကွက်သူများရှိသောကြောင့် လျှို့ဝှက်ဆန္ဒမဲပေး၍ အဆုံးအဖြတ်ရယူခဲ့သည်။

ဝန်ကြီးချုပ်မှ အဆိုပြုထားသူ အမည်စာရင်းအား  ပြည်နယ်လွှတ်တော်တွင်း ဆန္ဒမဲပေးခွင့်ရှိသော  လွှတ်တော်ကိုယ်စားလှယ် (၁၉)ဦးမှ လျှို့ဝှက်ဆန္ဒမဲပေးခဲ့ကြပြီး ကန့်ကွက်မဲ (၁၆)မဲ ၊ ထောက်ခံမဲ (၃) မဲ ဖြစ်သောကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်အဆိုပြုထားသူ ဦးတင်ဌေးအား သဘောမတူကြောင်း ကယားပြည်နယ် လွှတ်တော်ဥက္ကဌမှ အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - IPRD

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကယားဝန္ႀကီးခ်ဳပ္အဆိုျပဳထားသည့္ ဝန္ႀကီးကို ျပည္နယ္လႊတ္ေတာ္က ကန္႔ကြက္
************
ကယားျပည္နယ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ ဝန္ႀကီးခ်ဳပ္က အဆိုျပဳေပးပို႔ထားသည့္  ဦးတင္ေဌးအား ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ကန္႔ကြက္လုိက္ၾကသည္။

ဒုတိယအႀကိမ္ ကယားျပည္နယ္ လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ပထမေန႕ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ေန႔က ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအား အရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ ဦးတင္ေဌးအားခန္႔အပ္ရန္  ျပည္နယ္ဝန္ႀကီးခ်ဳပ္က လႊတ္ေတာ္သို႔ အဆိုျပဳေပးပို႕ခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာလ (၂) ရက္ေန႔ အစည္းအေဝးတြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ကန္႔ကြက္လုိက္ၾကျခင္း ျဖစ္သည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ အဆိုျပဳေပးပို႔ထားေသာ ဦးတင္ေဌးမွာ ျပည္နယ္ဥပေဒဆိုင္ရာ အေထာက္အကူေပးေရး အဖြဲ႕တြင္ ဥကၠဌအျဖစ္ တာဝန္ယူထားသူျဖစ္ၿပီး ၎မွာ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ အစိုးရအဖြဲ႕ဥပေဒ၊ ေရြးေကာက္ပြဲဥပေဒ ပါျပဌာန္းခ်က္မ်ားႏွင့္ ညီညႊတ္မႈမရွိေၾကာင္း ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ျဖစ္သည့္ ဦးရန္ႏိုင္ေဆြ ၊ဦးေအာင္ႏိုင္ဦး ၊ဦးခင္ေမာင္ထြန္း ႏွင့္ ဦးသိန္းေအာင္တို႔က လႊတ္ေတာ္အစည္းအေဝး ဒုတိယေန႕တြင္ ကန္႕ကြက္ေဆြးေႏြးခဲ့ၾကသည္။

“ကယားျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကိုသာ ပထမဦးစားေပး ထည့္သြင္းသင့္ေၾကာင္း တင္ျပလိုပါတယ္။ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မေဆာင္ရြက္ႏိုင္မွသာ ျပင္ပပုဂၢိဳလ္ကို ထည့္သြင္းစဥ္းစားရပါမယ္။ ယခုအမည္စာရင္း တင္သြင္းထားေသာ ဦးတင္ေဌးသည္ ကယားဌာေန တိုင္းရင္းသားမဟုတ္ပါဘူး ။ဝန္ႀကီးတစ္ပါး ခန္႕ထားေဆာင္ရြက္မည္ဆိုပါက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အရင္ဆုံးေဆြးေႏြးတိုင္ပင္သင့္ပါတယ္ ”ဟု ဒီးေမာ့ဆိုၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသိန္းေအာင္က ကန္႕ကြက္ေဆြးေႏြးခဲ့သည္။

ဝန္ႀကီးခ်ဳပ္မွ အမည္စာရင္းတင္သြင္းထားသူ ဦးတင္ေဌးမွာ လက္ရွိတြင္ ခ်ိကယ္ဝန္ႀကီးအိမ္ယာ၌ လြန္ခဲ့ေသာ ေျခာက္လခန္႕မွစ၍ ေနထိုင္ခဲ့ၿပီး ၎လက္ရွိရာထူးေနရာျဖင့္ အဆိုပါေနရာမ်ားတြင္ေနထိုင္ခံစားခြင့္ ရရွိသူတစ္ဦးမဟုတ္ေၾကာငး္ သိရသည္။

ယင္းကဲ့သို႔ ေနထုိင္ျခင္းမွာ ဝန္ႀကီးအျဖစ္အတည္မျပဳမီတြင္လည္း ႀကိဳတင္ေနထိုင္ခံစားခြင့္ မရွိဘဲ ေနထုိင္ျခင္းျဖစ္၍ ဥပေဒပာ အခ်က္မ်ားႏွင့္ ညိွစြန္းလွ်က္ရွိၿပီး ဆိုပါဝန္ႀကီးေနရာအတြက္ ေရြးေကာက္ခံ ျပည္နယ္လႊတ္ေတာ္ကိုယ္ စာလွယ္မ်ား ကိုသာေရြးခ်ယ္သင့္ေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေလးဦးမွ ကန္႕ကြက္ေဆြးေႏြး ခဲ့ၾကသည္။

“တိုင္းရင္းသားေဒသေနျပည္သူမ်ားက ေရြးခ်ယ္တင္ေျမွာက္လို႔သာ မိမိတို႕ယခုလိုျပည္နယ္ရဲ႕ ဦးေဆာင္မႈ အခန္းက႑ကိုေရာက္ရွိလာတယ္ဆိုတာ ဦးစြာပထမထည့္သြင္းစဥ္းစားဖို႕ လိုပါမယ္။ဌာေနတိုင္ရင္းသား မဲဆႏၵရွင္  ျပည္သူေတြရဲ႕ သေဘာထားကို အေလးနက္ထားေစခ်င္ပါတယ္။ ေဒသေနျပည္သူသာလွ်င္ သင့္ေတာ္မည္ ျဖစ္ပါ၍ အေလးနက္ထား ေဆာင္ရြက္ေစလိုပါတယ္ ”ဟု ဖားေဆာင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ႏိုင္ေဆြက ေဆြးေႏြးခဲ့သည္။

ေအာက္တိုဘာလ (၂) ရက္ေန႔တြင္က်င္းပေသာ ဒုတိယအႀကိမ္ ကယားျပည္နယ္လႊတ္ေတာ္ (၁၅) ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝး ဒုတိယေန႕တြင္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္အဆိုျပဳထားသူအား ကန္႕ကြက္သူမ်ားရွိေသာေၾကာင့္ လွ်ိဳ႕ဝွက္ဆႏၵမဲေပး၍ အဆုံးအျဖတ္ရယူခဲ့သည္။

ဝန္ႀကီးခ်ဳပ္မွ အဆိုျပဳထားသူ အမည္စာရင္းအား  ျပည္နယ္လႊတ္ေတာ္တြင္း ဆႏၵမဲေပးခြင့္ရွိေသာ  လႊတ္ေတာ္ကိုယ္စားလွယ္ (၁၉)ဦးမွ လွ်ိဳ႕ဝွက္ဆႏၵမဲေပးခဲ့ၾကၿပီး ကန္႕ကြက္မဲ (၁၆)မဲ ၊ ေထာက္ခံမဲ (၃) မဲ ျဖစ္ေသာေၾကာင့္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္မွ ျပည္နယ္လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႕စြမ္းအားအရင္း အျမစ္ဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္အဆိုျပဳထားသူ ဦးတင္ေဌးအား သေဘာမတူေၾကာင္း ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌမွ အတည္ျပဳေၾကညာခဲ့ျခင္းျဖစ္သည္။

သတင္ း#ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - IPRD

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net