ကျိုင်းတုံမြို့ ဈေးတန်းလေးလမ်း ကွန်ကရစ်ခင်းရန် စည်ပင်ဘတ်ဂျက်မလုံလောက်၍ ရပ်ကွက်နေလူထုနှင့် နောင်တုံကုမ္ပဏီတို့ ပူးပေါင်းကူညီ

ကျိုင်းတုံမြို့ ဈေးတန်းလေးလမ်း ကွန်ကရစ်ခင်းရန် စည်ပင်ဘတ်ဂျက်မလုံလောက်၍ ရပ်ကွက်နေလူထုနှင့် နောင်တုံကုမ္ပဏီတို့ ပူးပေါင်းကူညီ
အောက်တိုဘာ 25, 2019
By 🌸
ကျိုင်းတုံမြို့ ဈေးတန်းလေးလမ်း ကွန်ကရစ်ခင်းရန် စည်ပင်ဘတ်ဂျက်မလုံလောက်၍ ရပ်ကွက်နေလူထုနှင့် နောင်တုံကုမ္ပဏီတို့ ပူးပေါင်းကူညီ
*************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဈေးတန်းလေးလမ်းကို ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ရာတွင် လမ်းအရှည် (၁၃၇၀)ပေအနက် ပေ(၆၀၀)ကိုသာ စည်ပင်သာယာရေးဌာနက ဘတ်ဂျက်သုံးစွဲနိုင်သဖြင့် လမ်းတလျှောက်လုံး ကွန်ကရစ်ခင်းနိုင်ရန် ရပ်ကွက်နေပြည်သူများနှင့် နောင်တုံကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။

"စည်ပင်သာယာဘတ်ဂျက်က ပေ (၆၀၀) လောက်ပဲရတယ်။ ပြည်သူလူထုနဲ့ပူးပေါင်းလိုက်တော့ လမ်းအရှည် ပေ (၁၃၇၀) ခင်းနိုင်တာပေါ့။ ဆိုလိုတာက လမ်းခင်းတယ်ဆိုတာ စည်ပင်တစ်ခုထဲ မဖြစ်ဘူး။ ဘတ်ဂျက်က နည်းတော့ ပြည်သူလူထုပူးပေါင်းပါဝင်တဲ့စနစ်နဲ့ခင်းတော့ လမ်းလည်းပိုရှည်လာတယ်။ လမ်းလည်း ပိုကောင်းလာတယ်။ အဓိကက နောင်တုံကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှု၊ ရပ်ကွက် (၂) မှာရှိတဲ့ မြို့မိမြို့ဖတွေ စည်ပင်သာယာရေးကော်မတီဝင်တွေရဲ့ အားစိုက်ထုတ်မှုကြောင့် ဒီလမ်းလေးဖြစ်လာတာပေါ့။ နောက်ထပ်လမ်းတွေ အဆင့်မြှင့်တင်နိုင်ဖို့ ဒီစနစ်လေးလုပ်ရင် ပိုကောင်းတယ်ပေါ့။ လမ်းခင်းနေမှုတွေကိုလည်း စည်ပင်သာယာရေးဝန်ကြီးက ကွင်းဆင်းကြည့်ရှုခဲ့တယ်"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ရှိ ဈေးတန်းလေးလမ်းကို အရှည်ပေ (၁၃၇၀)၊ အကျယ် (၁၈) ပေ၊ အမြင့် (၈) လက်မရှိ ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ဒုတိယပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းပိုင်းအတွက် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက ကျပ်(၁၉၇) သိန်း၊ ရပ်ကွက်နေပြည်သူများ ထည့်ဝင်ငွေ ကျပ်သိန်း (၂၄၀)နှင့် ကျန်ရှိသည့်ကုန်ကျစရိတ်များကို နောင်တုံကုမ္ပဏီမှ ကျခံသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - စည်ပင်သာယာရေးဌာန

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕ ေစ်းတန္းေလးလမ္း ကြန္ကရစ္ခင္းရန္ စည္ပင္ဘတ္ဂ်က္မလံုေလာက္၍ ရပ္ကြက္ေနလူထုႏွင့္ ေနာင္တံုကုမၸဏီတုိ႔ ပူးေပါင္းကူညီ
*************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းတန္းေလးလမ္းကို ကြန္ကရစ္လမ္းခင္းျခင္း ေဆာင္ရြက္ရာတြင္ လမ္းအရွည္ (၁၃၇၀)ေပအနက္ ေပ(၆၀၀)ကိုသာ စည္ပင္သာယာေရးဌာနက ဘတ္ဂ်က္သံုးစြဲနို္င္သျဖင့္ လမ္းတေလွ်ာက္လံုး ကြန္ကရစ္ခင္းႏုိင္ရန္ ရပ္ကြက္ေနျပည္သူမ်ားႏွင့္ ေနာင္တုံကုမၸဏီတုိ႔က ပူးေပါင္းေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

"စည္ပင္သာယာဘတ္ဂ်က္က ေပ (၆၀၀) ေလာက္ပဲရတယ္။ ျပည္သူလူထုနဲ႔ပူးေပါင္းလိုက္ေတာ့ လမ္းအရွည္ ေပ (၁၃၇၀) ခင္းႏိုင္တာေပါ့။ ဆိုလိုတာက လမ္းခင္းတယ္ဆိုတာ စည္ပင္တစ္ခုထဲ မျဖစ္ဘူး။ ဘတ္ဂ်က္က နည္းေတာ့ ျပည္သူလူထုပူးေပါင္းပါဝင္တဲ့စနစ္နဲ႔ခင္းေတာ့ လမ္းလည္းပိုရွည္လာတယ္။ လမ္းလည္း ပိုေကာင္းလာတယ္။ အဓိကက ေနာင္တုံကုမၸဏီရဲ႕ ပူးေပါင္းပါဝင္မႈ၊ ရပ္ကြက္ (၂) မွာရိွတဲ့ ၿမို႕မိၿမိဳ႕ဖေတြ စည္ပင္သာယာေရးေကာ္မတီဝင္ေတြရဲ႕ အားစိုက္ထုတ္မႈေၾကာင့္ ဒီလမ္းေလးျဖစ္လာတာေပါ့။ ေနာက္ထပ္လမ္းေတြ အဆင့္ျမႇင့္တင္ႏိုင္ဖို႔ ဒီစနစ္ေလးလုပ္ရင္ ပိုေကာင္းတယ္ေပါ့။ လမ္းခင္းေနမႈေတြကိုလည္း စည္ပင္သာယာေရး၀န္ႀကီးက ကြင္းဆင္းၾကည့္ရႈခဲ့တယ္"ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရိွ ေစ်းတန္းေလးလမ္းကို အရွည္ေပ (၁၃၇၀)၊ အက်ယ္ (၁၈) ေပ၊ အျမင့္ (၈) လက္မရိွ ကြန္ကရစ္လမ္းအျဖစ္ ခင္းက်င္းျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ ဒုတိယပတ္မွ စတင္ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါလမ္းပိုင္းအတြက္ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက က်ပ္(၁၉၇) သိန္း၊ ရပ္ကြက္ေနျပည္သူမ်ား ထည့္ဝင္ေငြ က်ပ္သိန္း (၂၄၀)ႏွင့္ က်န္ရိွသည့္ကုန္က်စရိတ္မ်ားကို ေနာင္တံုကုမၸဏီမွ က်ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - စည္ပင္သာယာေရးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net