ကယားပြည်နယ်တွင် မူးယစ်သတင်းပေးသော်လည်း ရဲတပ်ဖွဲ့ကမဖမ်း၍ KNPP ကိုယ်တိုင်ဖမ်းဆီးနေရ

ကယားပြည်နယ်တွင် မူးယစ်သတင်းပေးသော်လည်း ရဲတပ်ဖွဲ့ကမဖမ်း၍ KNPP ကိုယ်တိုင်ဖမ်းဆီးနေရ
အောက်တိုဘာ 6, 2019
By Tachileik News Agency

***********

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးပူးပေါင်းဖမ်းဆီးရန် သဘောတူညီချက်အရ KNPP က သတင်းပေး သော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်းမရှိ၍ ကိုယ်တိုင်ဖမ်းဆီးနေရသည်ဟု KNPP အထွေထွေအတွင်းရေးမှူးက ပြောကြားလိုက်သည်။

ပြည်နယ်တွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အစိုးရနှင့် KNPP ပူးပေါင်းဆောင်ရွက်ရာတွင် KNPP အနဖြေင့် ကိုယ်တိုင်ဖမ်းဆီးခြင်းမပြုလုပ်ဘဲ သတင်းပေးခြင်းသာ လုပ်ဆောင်ရန်နှင့် ဖမ်းဆီးခြင်းကို အစိုးရဘက်မှ လုပ်ဆောင်ရန် သဘောတူညီထားခြင်းဖြစ်ကြောင်း သိရသည်။

"ဒီကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်တော်တို့ပြောတော့ ခင်ဗျားတို့က တရားမဝင်သေးဘူး။ သတင်းပဲပေးပါ။ ဖမ်းစရာရှိတာ သူတို့ပဲဖမ်းမယ် ပြောပါတယ်။ ကျွန်တော်တို့ သတင်းပေးပါတယ်။ မဖမ်းပါဘူး။ မဖမ်းတော့ ကျွန်တော်တို့လည်း ဝင်ဖမ်းရပါတယ်။ ဒါတည့်တည့်ပဲပြောတာပါ "ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင်ပြုလုပ်ခဲ့သည့် စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်တွင်ပြောကြားသည့် အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်တွင်း မူးယစ်ဆေးဝါးများ ပိုမိုမပြန့်ပွားစေရန်နှင့် မျိုးဆက်သစ်လူငယ်များကြား မူးယစ်ဆေးဝါး သုံးစွဲမှုများ လျော့နည်းပပျောက်လာရန် အဖွဲ့စည်းအသီးသီးနှင့် လူထု ပူးပေါင်းလုပ်ဆောင်ပေးကြရန် ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးလှထွေးက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

"မူးယစ်ဆေးဝါးတွေက ရှမ်းကယားနယ်စပ်မှာ ပြဿနာတက်လာတယ်။ ပြည်နယ်အစိုးရ လက်လှမ်းမမှီဘူး။ နှစ်ဖက်လုံး လက်လှမ်းမမှီဘူး။ ပြည်နယ်လူထုက ခင်ဗျားတို့ဝင်ရှင်းပါ။ မရတော့ဘူး ဒီမှာ တော်တော်ဆိုးဆိုးရွားရွား ဖြစ်ပျက်နပြေီ ဝင်ထိန်းမှရမယ်ဆိုလို့ ကျွန်တော်တို့ ရဲဘော် (၇၀) လက်နက်အပြည့်စုံနဲ့ လွှတ်လိုက်ပါတယ်။ အဲဒီမှာ စစ်တပ်က ခင်ဗျားတို့ ဘာလာလုပ်တာလဲ ပြန်ဆုတ်၊ မဆုတ်ရင် တိုက်မယ်။ ကျွန်တော်တို့ ဒီလိုလွှတ်လာတာ ဘယ်သူ့ကိုမှ တိုက်ဖို့မဟုတ်ဘူး။ ပြည်နယ်အစိုးရကို တိုက်ဖို့လည်း မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ့်ပြည်နယ်နဲ့ လူထုကို ထိပါးနှောင့်ယှက်နေတဲ့ မူးယစ်ဆေးဝါးပြဿနာကို ရှင်းဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ အမျိုးသားရေး တာဝန်ဖြစ်တယ်။ ဒါပေမဲ့လည်း အကြိမ်ကြိမ်အငြင်းပွားမှုတွေမဖြစ်ချင်လို့ တပ်ကိုရှောင်တိမ်းပေးလိုက်ပါတယ်။ ဒါ ငြိမ်းချမ်းရေးက ကျွန်တော်တို့ ဘယ်လောက်သည်းခံပြီး ထိန်းသိမ်းနေရလဲဆိုတာ ပြောပြချင်တာပါ "ဟု ဦးရွှေမျိုးသန့်က ထည့်သွင်းပြောကြားသွားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအား အစိုးရနှင့် အတူတကွလုပ်ဆောင်ကြရန် သဘောတူညီမှုများ ထားရှိခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ကယားျပည္နယ္တြင္ မူးယစ္သတင္းေပးေသာ္လည္း ရဲတပ္ဖြဲ႕ကမဖမ္း၍ KNPP ကိုယ္တုိင္ဖမ္းဆီးေနရ
***********

ကယားျပည္နယ္အတြင္း မူးယစ္ေဆးဝါးပူးေပါင္းဖမ္းဆီးရန္ သေဘာတူညီခ်က္အရ KNPP က သတင္းေပး ေသာ္လည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးျခင္းမရိွ၍ ကိုယ္တုိင္ဖမ္းဆီးေနရသည္ဟု KNPP အေထြေထြအတြင္းေရးမွဴးက ေျပာၾကားလုိက္သည္။

ျပည္နယ္တြင္း မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးတြင္ အစိုးရႏွင့္ KNPP ပူးေပါင္းေဆာင္ရြက္ရာတြင္ KNPP အေနျဖင့္ ကိုယ္တိုင္ဖမ္းဆီးျခင္းမျပဳလုပ္ဘဲ သတင္းေပးျခင္းသာ လုပ္ေဆာင္ရန္ႏွင့္ ဖမ္းဆီးျခင္းကို အစိုးရဘက္မွ လုပ္ေဆာင္ရန္ သေဘာတူညီထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီကိစၥေတြကို ပူးေပါင္းေဆာင္ရြက္ဖို႔ ကၽြန္ေတာ္တို႔ေျပာေတာ့ ခင္ဗ်ားတို႔က တရားမဝင္ေသးဘူး။ သတင္းပဲေပးပါ။ ဖမ္းစရာရွိတာ သူတို႔ပဲဖမ္းမယ္ ေျပာပါတယ္။ ကၽြန္ေတာ္တို႔ သတင္းေပးပါတယ္။ မဖမ္းပါဘူး။ မဖမ္းေတာ့ ကၽြန္ေတာ္တို႔လည္း ဝင္ဖမ္းရပါတယ္။ ဒါတည့္တည့္ပဲေျပာတာပါ "ဟု KNPP အေထြေထြအတြင္းေရးမွဴး ဦးေရႊမ်ိဳးသန္႔က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅) ရက္ေန႔တြင္ျပဳလုပ္ခဲ့သည့္ စုေပါင္း အဲ့ဒိုေပၚမီ ပြဲေတာ္တြင္ေျပာၾကားသည့္ အမွာစကား၌ ထည့္သြင္းေျပာၾကားသြားသည္။

အဆိုပါ အခမ္းအနားသို႔ ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားလည္း တက္ေရာက္ခဲ့ၾကျခင္းျဖစ္ၿပီး ျပည္နယ္တြင္း မူးယစ္ေဆးဝါးမ်ား ပိုမိုမျပန္႔ပြားေစရန္ႏွင့္ မ်ိဳးဆက္သစ္လူငယ္မ်ားၾကား မူးယစ္ေဆးဝါး သုံးစြဲမႈမ်ား ေလ်ာ့နည္းပေပ်ာက္လာရန္ အဖြဲ႕စည္းအသီးသီးနွင့္ လူထု ပူးေပါင္းလုပ္ေဆာင္ေပးၾကရန္ ကယားျပည္နယ္ လႊတ္ေတာ္ဥကၠဌ ဦးလွေထြးက တုိက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

"မူးယစ္ေဆးဝါးေတြက ရွမ္းကယားနယ္စပ္မွာ ျပႆနာတက္လာတယ္။ ျပည္နယ္အစိုးရ လက္လွမ္းမမွီဘူး။ ႏွစ္ဖက္လုံး လက္လွမ္းမမွီဘူး။ ျပည္နယ္လူထုက ခင္ဗ်ားတို႔ဝင္ရွင္းပါ။ မရေတာ့ဘူး ဒီမွာ ေတာ္ေတာ္ဆိုးဆိုးရြားရြား ျဖစ္ပ်က္ေနၿပီ ဝင္ထိန္းမွရမယ္ဆိုလို႔ ကၽြန္ေတာ္တို႔ ရဲေဘာ္ (၇၀) လက္နက္အျပည့္စုံနဲ႔ လႊတ္လိုက္ပါတယ္။ အဲဒီမွာ စစ္တပ္က ခင္ဗ်ားတို႔ ဘာလာလုပ္တာလဲ ျပန္ဆုတ္၊ မဆုတ္ရင္ တိုက္မယ္။ ကၽြန္ေတာ္တို႔ ဒီလိုလႊတ္လာတာ ဘယ္သူ႔ကိုမွ တိုက္ဖို႔မဟုတ္ဘူး။ ျပည္နယ္အစိုးရကို တိုက္ဖို႔လည္း မဟုတ္ဘူး။ ဒါေပမဲ့ ကိုယ့္ျပည္နယ္နဲ႔ လူထုကို ထိပါးေႏွာင့္ယွက္ေနတဲ့ မူးယစ္ေဆးဝါးျပႆနာကို ရွင္းဖို႔ ကၽြန္ေတာ္တို႔မွာ တာဝန္ရွိတယ္။ အမ်ိဳးသားေရး တာဝန္ျဖစ္တယ္။ ဒါေပမဲ့လည္း အႀကိမ္ႀကိမ္အျငင္းပြားမႈေတြမျဖစ္ခ်င္လို႔ တပ္ကိုေရွာင္တိမ္းေပးလိုက္ပါတယ္။ ဒါ ၿငိမ္းခ်မ္းေရးက ကၽြန္ေတာ္တို႔ ဘယ္ေလာက္သည္းခံၿပီး ထိန္းသိမ္းေနရလဲဆိုတာ ေျပာျပခ်င္တာပါ "ဟု ဦးေရႊမ်ိဳးသန္႔က ထည့္သြင္းေျပာၾကားသြားသည္။

ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ ေဆြးေႏြးပြဲမ်ားတြင္ မူးယစ္ေဆးဝါးတုိက္ဖ်က္ေရးအား အစိုးရနွင့္ အတူတကြလုပ္ေဆာင္ၾကရန္ သေဘာတူညီမႈမ်ား ထားရိွခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net