ကျောက်မဲ ညဈေးတန်းတွင် ဈေးကောက်ခများ ပိုတောင်းနေ၍ စည်ပင်က စစ်ဆေးမည်

ကျောက်မဲ ညဈေးတန်းတွင် ဈေးကောက်ခများ ပိုတောင်းနေ၍ စည်ပင်က စစ်ဆေးမည်
အောက်တိုဘာ 11, 2019
By 🌸
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ညဈေးတန်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဆိုင်ခန်းခ ဈေးကောက်များ ပိုမိုကောက်ခံမှုများရှိနေ၍ မြို့နယ်စည်ပင်သာယာရေးဌာနက ကောက်ခံခွင့်ပြုထားသည့် နှုန်းထားများကို အများသိစေရန် ကြေညာပေးသွားမည့်အပြင် ကွင်းဆင်းစစ်ဆေးမည်ဟု သိရသည်။

"ဈေးကောက်ခကို ကိုယ့်ဘာသာ တိုးပြီးတော့ ကောက်လို့မရဘူး။ စည်ပင်က ခွင့်ပြုထားတဲ့ ဆိုင်ခန်းနေရာ အတိုင်းအတာလေးတွေကို ဈေးသည်တွေ တိတိကျကျသိရှိသွားအောင် ကြေညာပေးဖို့ ဈေးအခွန်နဲ့ သက်ဆိုင် တဲ့ အခွန်အရာရှိတွေကို ညွှန်ကြားထားပါတယ်။ ဈေးသည်တွေကို ခွင့်ပြုသတ်မှတ်ပေးထားတဲ့ နေရာအကျယ်အဝန်းထက်ပိုပြီး နေရာယူရောင်းချနေသူတွေလည်း ရှိကောင်းရှိလိမ့်မယ်။ အဲဒါကြောင့် ဈေးကောက်ခ ကောက်တဲ့သူက ပိုကောက်တာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ စည်ပင်အနေနဲ့ကတော့ အဲဒီလို တိုးပြီးကောက်ဖို့အတွက် ခွင့်မပြုထားဘူး။ ညဈေးတန်း ဈေးကောက်ခတွေအတွက် လေလံနဲ့ ပေးထားပြီးသား ဖြစ်ပါတယ်" ဟု ကျောက်မဲမြို့ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ပြောသည်။

အောက်တိုဘာလလဆန်းမှစ၍ ကျောက်မဲမြို့ ဗဟိုဈေးမြောက်ဘက်တိုက်တန်း အပြင်ဘက် ညဈေးတန်းတွင် ဈေးကောက်ခများကို ပုံမှန်ထက် ပိုမိုပေးဆောင်နေရသည်ဟု ဈေးသည်များထံမှ သိရသည်။

"ခါတိုင်း (၅၀၀) ကျပ်ပေးရတဲ့ နေရာဗျာ။ ခါတိုင်းလိုပဲ ခင်းထားတယ်။ နေရာလည်း ပိုမယူထားဘူး။ အဲဒါကို အနောက်မှာချထားတဲ့ ခြင်းတောင်းတွေအတွက်ဆိုပြီး (၄၀၀) ပိုကောက်တယ်။ တစ်ရက်လည်း မဟုတ် နှစ်ရက်လည်း မဟုတ်ဘူး။ ဘာလို့ ပိုကောက်တာလဲလို့မေးတော့ ဝါကျွတ်ကာလမို့လို့ ပိုကောက်တာလို့ ပြောတယ်။ ပြန်မေးတဲ့သူတွေ ပြန်မေးတဲ့ဆိုင်တွေကိုလည်း ဓါတ်ပုံရိုက်ပြီး ယူသွားသေးတယ်။ ဝါကျွတ်ကာလ ဈေးပိုရောင်းရလို့ ဈေးကောက် ပိုကောက်တယ်ဆိုရင် မိုးတွင်းမှာ ဈေးမရောင်းရတဲ့အချိန်တွေကျ လျော့ပြီးကောက်ပေးမှာ ကျနေတာပဲ။ ဈေးသည်တွေ အကုန်လုံးလိုလို ဈေးကောက်ခပိုပေးရတယ်" ဟု ညဈေးတန်းရှိ ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ညဈေးတန်း ဈေးဆိုင်များအား ဈေးကောက်ခပိုမိုကောက်ခံနေကြောင်း ဈေးသည်များက ဈေးကော်မတီသို့ အကြောင်းကြားလာသဖြင့် ဈေးကောက်ခနှင့် ပတ်သက်၍ တာဝန်ရှိသည့် အခွန်အရာရှိများထံ သွားရောက်အကြောင်းကြားရန် လမ်းညွှန်ပေးထားရကြောင်း ကျောက်မဲဗဟိုဈေးရှိ ဈေးကော်မတီရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲ ညေစ်းတန္းတြင္ ေစ်းေကာက္ခမ်ား ပိုေတာင္းေန၍ စည္ပင္က စစ္ေဆးမည္
*************
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ညေစ်းတန္းတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း ဆုိင္ခန္းခ ေစ်းေကာက္မ်ား ပိုမိုေကာက္ခံမႈမ်ားရိွေန၍ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ေကာက္ခံခြင့္ျပဳထားသည့္ ႏႈန္းထားမ်ားကို အမ်ားသိေစရန္ ေၾကညာေပးသြားမည့္အျပင္ ကြင္းဆင္းစစ္ေဆးမည္ဟု သိရသည္။

"ေစ်းေကာက္ခကို ကိုယ့္ဘာသာ တိုးၿပီးေတာ့ ေကာက္လို႔မရဘူး။ စည္ပင္က ခြင့္ျပဳထားတဲ့ ဆိုင္ခန္းေနရာ အတိုင္းအတာေလးေတြကို ေစ်းသည္ေတြ တိတိက်က်သိရွိသြားေအာင္ ေၾကညာေပးဖို႔ ေစ်းအခြန္နဲ႔ သက္ဆိုင္ တဲ့ အခြန္အရာရွိေတြကို ညႊန္ၾကားထားပါတယ္။ ေစ်းသည္ေတြကို ခြင့္ျပဳသတ္မွတ္ေပးထားတဲ့ ေနရာအက်ယ္အဝန္းထက္ပိုၿပီး ေနရာယူေရာင္းခ်ေနသူေတြလည္း ရွိေကာင္းရွိလိမ့္မယ္။ အဲဒါေၾကာင့္ ေစ်းေကာက္ခ ေကာက္တဲ့သူက ပိုေကာက္တာလည္း ျဖစ္ေကာင္းျဖစ္လိမ့္မယ္။ စည္ပင္အေနနဲ႔ကေတာ့ အဲဒီလို တိုးၿပီးေကာက္ဖို႔အတြက္ ခြင့္မျပဳထားဘူး။ ညေစ်းတန္း ေစ်းေကာက္ခေတြအတြက္ ေလလံနဲ႔ ေပးထားၿပီးသား ျဖစ္ပါတယ္" ဟု ေက်ာက္မဲၿမိဳ႕ ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔တြင္ ေျပာသည္။

ေအာက္တိုဘာလလဆန္းမွစ၍ ေက်ာက္မဲၿမိဳ႕ ဗဟိုေစ်းေျမာက္ဘက္တိုက္တန္း အျပင္ဘက္ ညေစ်းတန္းတြင္ ေစ်းေကာက္ခမ်ားကို ပံုမွန္ထက္ ပိုမိုေပးေဆာင္ေနရသည္ဟု ေစ်းသည္မ်ားထံမွ သိရသည္။

"ခါတိုင္း (၅၀၀) က်ပ္ေပးရတဲ့ ေနရာဗ်ာ။ ခါတိုင္းလိုပဲ ခင္းထားတယ္။ ေနရာလည္း ပိုမယူထားဘူး။ အဲဒါကို အေနာက္မွာခ်ထားတဲ့ ျခင္းေတာင္းေတြအတြက္ဆိုၿပီး (၄၀၀) ပိုေကာက္တယ္။ တစ္ရက္လည္း မဟုတ္ ႏွစ္ရက္လည္း မဟုတ္ဘူး။ ဘာလို႔ ပိုေကာက္တာလဲလို႔ေမးေတာ့ ဝါက်ြတ္ကာလမို႔လို႔ ပိုေကာက္တာလို႔ ေျပာတယ္။ ျပန္ေမးတဲ့သူေတြ ျပန္ေမးတဲ့ဆိုင္ေတြကိုလည္း ဓါတ္ပံုရိုက္ၿပီး ယူသြားေသးတယ္။ ဝါက်ြတ္ကာလ ေစ်းပိုေရာင္းရလို႔ ေစ်းေကာက္ ပိုေကာက္တယ္ဆိုရင္ မိုးတြင္းမွာ ေစ်းမေရာင္းရတဲ့အခ်ိန္ေတြက် ေလ်ာ့ၿပီးေကာက္ေပးမွာ က်ေနတာပဲ။ ေစ်းသည္ေတြ အကုန္လံုးလိုလို ေစ်းေကာက္ခပိုေပးရတယ္" ဟု ညေစ်းတန္းရွိ ေစ်းသည္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ညေစ်းတန္း ေစ်းဆိုင္မ်ားအား ေစ်းေကာက္ခပိုမိုေကာက္ခံေနေၾကာင္း ေစ်းသည္မ်ားက ေစ်းေကာ္မတီသို႔ အေၾကာင္းၾကားလာသျဖင့္ ေစ်းေကာက္ခႏွင့္ ပတ္သက္၍ တာဝန္ရွိသည့္ အခြန္အရာရွိမ်ားထံ သြားေရာက္အေၾကာင္းၾကားရန္ လမ္းညႊန္ေပးထားရေၾကာင္း ေက်ာက္မဲဗဟိုေစ်းရွိ ေစ်းေကာ္မတီရံုး တာဝန္ရွိသူတစ္ဦးက ေျပာသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net