ကျောက်မဲခရိုင်ရှိ မိုင်းလင်းဘုန်းတော်ကြီးကျောင်းမီးလောင်မှုအတွင်း ပျံလွန်သွားသည့် ကိုရင်ငယ်ကို မီးပေ့ါဆမှုဖြင့် အမှုဖွင့်ထား

ကျောက်မဲခရိုင်ရှိ မိုင်းလင်းဘုန်းတော်ကြီးကျောင်းမီးလောင်မှုအတွင်း ပျံလွန်သွားသည့် ကိုရင်ငယ်ကို မီးပေ့ါဆမှုဖြင့် အမှုဖွင့်ထား
အောက်တိုဘာ 3, 2019
By 🌸
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု၊ မိုင်းလင်းမြောက်ကျေးရွာ တွင် အောက်တိုဘာလ (၂)ရက်နေ့ ည (၁၀)နာရီဝန်းကျင်က ကိုရင်ငယ်တစ်ပါး ဖယောင်းတိုင်ဖြင့် စာကြည့်ရင်း အိပ်ပျော် သွားရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် မီးလောင်မှုအတွင်း ပျံလွန်တော်မူသွားသည့် ကိုရင်ငယ်ကို အမှုဖွင့်ထားသည်။

မိုင်းလင်းမြောက်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် အသက် (၉)နှစ်အရွယ် ကိုရင်ငယ် ရှင်ကုသလက ဖယောင်းတိုင်မီးဖြင့် စာကြည့်ရင်းအိပ်ပျော်သွားရာမှ မီးလောင်မှုဖြစ်ပွားသဖြင့် ကျောင်းဆောင်တစ်ခုလုံး မီးလောင်သွားကာ မီးစတင်လောင်ကျွမ်းသည့်အခန်းတွင် အိပ်ပျော်နေသည့် ကိုရင် ရှင်ကုသလမှာလည်း မီးလောင်မှုအတွင်း ပျံလွန်တော်မူသွားခြင်းဖြစ်ပြီး ကျောင်းထိုင် ဆရာတော် ဦးပညာဇောတမှာ မီးဘေးမှ ကင်းလွတ်ခဲ့ခြင်းဖြစ်သည်။

ရှင်ကုသလအား မီးပေါ့ဆမှုဖြင့် သီပေါမြို့မရဲစခန်းတွင် ( ပ )၁၁၅/ ၂၀၁၉ ၊ ပုဒ်မ ၂၈၅/ ၃၀၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

မီးလောင်မှုသတင်းရသည်နှင့် (၁၈)မိုင်ဝန်းကျင်အကွာရှိ သီပေါမြို့နယ်မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် (၁) စီး၊ ရေသယ်ယာဉ် (၁) စီး၊ မီးသတ်အင်အား (၄၀) ဖြင့်သွားရောက် ငြိမ်းသတ်ခဲ့ရာ အောက်တိုဘာလ (၃ )ရက်နေ့ နံနက် (၁)နာရီမထိုးမီတွင် မီးကိုလုံးဝငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မီးလောင်မှုကြောင့် အကျယ်ပေ (၁၀၀×၈၀×၁၈ ) ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း တစ်ထပ် ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေက်ာက္မဲခရိုင္ရိွ မုိင္းလင္းဘုန္းေတာ္ႀကီးေက်ာင္းမီးေလာင္မႈအတြင္း ပ်ံလြန္သြားသည့္ ကိုရင္ငယ္ကို မီးေပ့ါဆမႈျဖင့္ အမႈဖြင့္ထား
******
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္၊ သီေပါၿမိဳ႕နယ္ မိုင္းလင္းေက်းရြာအုပ္စု၊ မိုင္းလင္းေျမာက္ေက်းရြာ တြင္ ေအာက္တိုဘာလ (၂)ရက္ေန႔ ည (၁၀)နာရီဝန္းက်င္က ကိုရင္ငယ္တစ္ပါး ဖေယာင္းတုိင္ျဖင့္ စာၾကည့္ရင္း အိပ္ေပ်ာ္ သြားရာမွ မီးေလာင္မႈျဖစ္ပြားသျဖင့္ မီးေလာင္မႈအတြင္း ပ်ံလြန္ေတာ္မူသြားသည့္ ကိုရင္ငယ္ကို အမႈဖြင့္ထားသည္။

မုိင္းလင္းေျမာက္ေက်းရြာရိွ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ အသက္ (၉)ႏွစ္အရြယ္ ကိုရင္ငယ္ ရွင္ကုသလက ဖေယာင္းတုိင္မီးျဖင့္ စာၾကည့္ရင္းအိပ္ေပ်ာ္သြားရာမွ မီးေလာင္မႈျဖစ္ပြားသျဖင့္ ေက်ာင္းေဆာင္တစ္ခုလံုး မီးေလာင္သြားကာ မီးစတင္ေလာင္ကၽြမ္းသည့္အခန္းတြင္ အိပ္ေပ်ာ္ေနသည့္ ကိုရင္ ရွင္ကုသလမွာလည္း မီးေလာင္မႈအတြင္း ပ်ံလြန္ေတာ္မူသြားျခင္းျဖစ္ၿပီး ေက်ာင္းထုိင္ ဆရာေတာ္ ဦးပညာေဇာတမွာ မီးေဘးမွ ကင္းလြတ္ခဲ့ျခင္းျဖစ္သည္။

ရွင္ကုသလအား မီးေပါ့ဆမႈျဖင့္ သီေပါၿမိဳ႕မရဲစခန္းတြင္ ( ပ )၁၁၅/ ၂၀၁၉ ၊ ပုဒ္မ ၂၈၅/ ၃၀၄ တို႔ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္သည္။

မီးေလာင္မႈသတင္းရသည္ႏွင့္ (၁၈)မုိင္ဝန္းက်င္အကြာရိွ သီေပါၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႔က မီးၿငိမ္းသတ္ယာဥ္ (၁) စီး၊ ေရသယ္ယာဥ္ (၁) စီး၊ မီးသတ္အင္အား (၄၀) ျဖင့္သြားေရာက္ ၿငိမ္းသတ္ခဲ့ရာ ေအာက္တိုဘာလ (၃ )ရက္ေန႔ နံနက္ (၁)နာရီမထိုးမီတြင္ မီးကိုလံုးဝၿငိႇမ္းသတ္ႏုိင္ခဲ့ျခင္းျဖစ္သည္ဟု ေက်ာက္မဲခရိုင္ မီးသတ္ဦးစီးဌာန တာဝန္ရိွသူထံမွ သိရသည္။

မီးေလာင္မႈေၾကာင့္ အက်ယ္ေပ (၁၀၀×၈၀×၁၈ ) ေပရွိ သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း တစ္ထပ္ ဘုန္းႀကီးေက်ာင္း တစ္ေက်ာင္း မီးေလာင္ဆံုးရံႈးခဲ့ျခင္းျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net