ဥပဒေအထောက်အကူလိုအပ်သူမျာကို အခမဲ့အကူအညီပေးနေသည့် မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ (၁၈)လအတွင်း အကူအညီတောင်းခံသည့် အမှုပေါင်း (၂၀)ကျော်ရှိ

ဥပဒေအထောက်အကူလိုအပ်သူမျာကို အခမဲ့အကူအညီပေးနေသည့် မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ (၁၈)လအတွင်း အကူအညီတောင်းခံသည့် အမှုပေါင်း (၂၀)ကျော်ရှိ
အောက်တိုဘာ 31, 2019
By Tachileik News Agency
ဥပဒေအထောက်အကူလိုအပ်သူမျာကို အခမဲ့အကူအညီပေးနေသည့် မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ (၁၈)လအတွင်း အကူအညီတောင်းခံသည့် အမှုပေါင်း (၂၀)ကျော်ရှိ
*********

မကွေးတိုင်းဒေသကြီးအတွင်း ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ မေလ (၁၆)ရက်နေ့ကတည်းက တိုင်းဒေသကြီးအတွင်းမှ ဥပဒေအကူအညီလိုအပ်နေသူများအား ထောက်ပံ့ပေးနေရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ(၃၀)ရက်နေ့အထိ အကူအညီတောင်းခံခဲ့သူပေါင်း (၂၀)ကျော်ရှိကြောင်း သိရသည်။
“ လောလောဆယ်အထိ ကျွန်တော်တို့ဆီကို ဥပဒေအကူအညီပေးဖို့ တိုင်ကြားလာတဲ့အမှုပေါင်း(၂၀)ကျော်ရှိပြီး (၁၀)မှုကျော်က ပြီးပြတ်အောင်ဆောင်ရွက်ပေး ပြီးသွားပါပြီ”ဟု အဖွဲ့ဝင်ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ကို ၂၀၁၈ ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ(၄)ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၁၁)ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ပြစ်မှုတစ်ခုခုဖြင့် စွပ်စွဲခံရခြင်း၊ ထိန်းသိမ်းခံရခြင်း၊ ဖမ်းဆီးခံရခြင်း၊ တရားစွဲဆိုခံရခြင်း၊ ပြစ်ဒဏ်ချမှတ်ခံရခြင်း၊ အကျဉ်းချခံရခြင်း စသည်တို့နှင့် ရင်ဆိုင်နေရပြီး ဥပဒေအကူအညီလိုအပ်သည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ အထူး ပြုစုစောင့်ရှောက်မှု လိုအပ်နေသူများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းမှုရောဂါ (သို့) အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများ၊ နိုင်ငံခြား သားများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူများ၊ ပြစ်မှုနှင့် သက်ဆိုင်သော သက်သေများအနေဖြင့် မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

“တရားဥပဒေစိုးမိုးရေးရှိလာဖို့၊ တရားစီရင်ရေးမဏ္ဍိုင် ဒီထက်ပိုပြီးတော့ တည့်မတ်ကောင်းမွန်လာဖို့၊ ဥပဒေနဲ့မညီတဲ့ ဖမ်းဆီးချုပ်နှောင်မှုတွေ ခံရတာတို့၊ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ်ကာလမှာ ညှင်းပန်းနှိပ်စက်ခံရ တာတို့၊ ဥပဒေနဲ့မညီတဲ့ မမှန်မကန်ဘဲနဲ့ ငွေအင်အား အခွင့်အာဏာကိုအလွဲသုံးစားလုပ်တဲ့ သူတွေနဲ့ပေါင်းပြီး မမှန်မကန်တရားစွဲတင်ပို့တာတွေမဖြစ်ဖို့ ကျွန်တော်တို့အဖွဲ့က အခမဲ့ လိုက်ပါ ကူညီဆောင်ရွက်ပေးသွားဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ။ အဲဒီလို ကူညီတဲ့အခါမှာလည်း ရာဇဝတ်မှုနဲ့ စွပ်စွဲခံရတဲ့အခြေအနေကစပြီး ဖမ်းဆီးခံရတယ်။ ထိန်း သိမ်းခံရတယ်။ ချုပ်နှောင်ခံရတယ်။ တရားစွဲခံရတယ်။ ထောင်ကျသွားတဲ့ အဆုံးထိ ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပြုရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဥပဒေအထေထာက်အကူပေးရေးအဖွဲ့ထံမှ အကူအညီရယူမည့်သူများအနေဖြင့်  မမှန်မကန်တိုင်ကြားမှုများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများထံ တန်စိုးလက်ဆောင်ပေး၍ ချဉ်းကပ်ခြင်းမျိုး မပြုလုပ်ရန် ခံဝန်ချက်ရေးထိုးရမည်ဖြစ်ကာ ခံဝန်ချက်အား ဖောက်ဖျက်ပါက ဆက်လက်လိုက်ပါကူညီဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။

ဥပဒေအထောက်အကူလိုအပ်သူများအနေဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဖွင့်လှစ်လိုက်သည့်မကွေးတိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ရုံးခန်းသို့လည်းကောင်း ဖုန်း ၀၉ ၂၃၀၀၆၀၄၊ ၀၉ ၂၅၉၀၃၅၃၃၇၊ ၀၉ ၄၃၀၀၈၅၀၇၊ ၀၉ ၄၃၀၅၈၁၇၇၊ ၀၉ ၂၆၅၁၅၅၁၇၃၊ ၀၉၄၀၁၅၂၄၀၀၉၊ ၀၉ ၅၃၄၂၄၅၂ များသို့လည်းကောင်း ဆက်သွယ်အကူအညီရယူနိုင်ကြောင်း သိရသည်။
 ဥပဒေအထောက်အကူပြုအဖွဲ့ ရုံးခန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပြုရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်တို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

သတင်း၊ ဓာတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဥပေဒအေထာက္အကူလိုအပ္သူမ်ာကို အခမဲ့အကူအညီေပးေနသည့္ မေကြးတိုင္းေဒသႀကီး ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ထံ (၁၈)လအတြင္း အကူအညီေတာင္းခံသည့္ အမႈေပါင္း (၂၀)ေက်ာ္ရွိ
*********

မေကြးတိုင္းေဒသႀကီးအတြင္း ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ေမလ (၁၆)ရက္ေန႔ကတည္းက တိုင္းေဒသႀကီးအတြင္းမွ ဥပေဒအကူအညီလိုအပ္ေနသူမ်ားအား ေထာက္ပံ့ေပးေနရာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ(၃၀)ရက္ေန႔အထိ အကူအညီေတာင္းခံခဲ့သူေပါင္း (၂၀)ေက်ာ္ရွိေၾကာင္း သိရသည္။
“ ေလာေလာဆယ္အထိ ကြၽန္ေတာ္တို႔ဆီကို ဥပေဒအကူအညီေပးဖို႔ တိုင္ၾကားလာတဲ့အမႈေပါင္း(၂၀)ေက်ာ္ရွိၿပီး (၁၀)မႈေက်ာ္က ၿပီးျပတ္ေအာင္ေဆာင္႐ြက္ေပး ၿပီးသြားပါၿပီ”ဟု အဖြဲ႕ဝင္ျဖစ္သည့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးေအာင္ေက်ာ္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
မေကြးတိုင္း ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ကို ၂၀၁၈ ခုႏွစ္၊ ေမလ(၁၆)ရက္ေန႔တြင္ တရားလႊတ္ေတာ္ေရွ႕ေန(၄)ဦးအပါအဝင္ စုစုေပါင္း အဖြဲ႕ဝင္ (၁၁)ဦးျဖင့္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

ျပစ္မႈတစ္ခုခုျဖင့္ စြပ္စြဲခံရျခင္း၊ ထိန္းသိမ္းခံရျခင္း၊ ဖမ္းဆီးခံရျခင္း၊ တရားစြဲဆိုခံရျခင္း၊ ျပစ္ဒဏ္ခ်မွတ္ခံရျခင္း၊ အက်ဥ္းခ်ခံရျခင္း စသည္တို႔ႏွင့္ ရင္ဆိုင္ေနရၿပီး ဥပေဒအကူအညီလိုအပ္သည့္ ဆင္းရဲႏြမ္းပါးသူမ်ား၊ ကေလးသူငယ္မ်ား၊ အမ်ိဳးသမီးမ်ား၊ အထူး ျပဳစုေစာင့္ေရွာက္မႈ လိုအပ္ေနသူမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ မသန္စြမ္းသူမ်ား၊ ခုခံအားက်ဆင္းမႈေရာဂါ (သို႔) အျခားကူးစက္ျမန္ေရာဂါ ခံစားေနရသူမ်ား၊ ႏိုင္ငံမဲ့မ်ား၊ ႏိုင္ငံေရးခိုလႈံခြင့္ ေတာင္းခံသူမ်ား၊ ႏိုင္ငံျခား သားမ်ား၊ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား၊ ေ႐ႊ႕ေျပာင္းလုပ္သားမ်ား၊ ဒုကၡသည္မ်ား၊ ျပစ္မႈက်ဴးလြန္ခံရျခင္းေၾကာင့္ နစ္နာသူမ်ား၊ ျပစ္မႈႏွင့္ သက္ဆိုင္ေသာ သက္ေသမ်ားအေနျဖင့္ မေကြးတိုင္းေဒသႀကီး ဥပေဒဆိုင္ရာ အေထာက္အကူေပးေရးအဖြဲ႕ထံ အကူအညီေတာင္းခံႏိုင္ေၾကာင္း သိရသည္။

“တရားဥပေဒစိုးမိုးေရးရွိလာဖို႔၊ တရားစီရင္ေရးမ႑ိဳင္ ဒီထက္ပိုၿပီးေတာ့ တည့္မတ္ေကာင္းမြန္လာဖို႔၊ ဥပေဒနဲ႔မညီတဲ့ ဖမ္းဆီးခ်ဳပ္ေႏွာင္မႈေတြ ခံရတာတို႔၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရစဥ္ကာလမွာ ညႇင္းပန္းႏွိပ္စက္ခံရ တာတို႔၊ ဥပေဒနဲ႔မညီတဲ့ မမွန္မကန္ဘဲနဲ႔ ေငြအင္အား အခြင့္အာဏာကိုအလြဲသုံးစားလုပ္တဲ့ သူေတြနဲ႔ေပါင္းၿပီး မမွန္မကန္တရားစြဲတင္ပို႔တာေတြမျဖစ္ဖို႔ ကြၽန္ေတာ္တို႔အဖြဲ႕က အခမဲ့ လိုက္ပါ ကူညီေဆာင္႐ြက္ေပးသြားဖို႔ ရည္႐ြယ္ဖြဲ႕စည္းထားတာပါ။ အဲဒီလို ကူညီတဲ့အခါမွာလည္း ရာဇဝတ္မႈနဲ႔ စြပ္စြဲခံရတဲ့အေျခအေနကစၿပီး ဖမ္းဆီးခံရတယ္။ ထိန္း သိမ္းခံရတယ္။ ခ်ဳပ္ေႏွာင္ခံရတယ္။ တရားစြဲခံရတယ္။ ေထာင္က်သြားတဲ့ အဆုံးထိ ကူညီေပးသြားမွာ ျဖစ္ပါတယ္”ဟု ျပည္ေထာင္စု ဥပေဒဆိုင္ရာအေထာက္အကူျပဳေရးအဖြဲ႕ အတြင္းေရးမႉး ဦးခင္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဥပေဒအေထာက္အကူေပးေရးအဖြဲ႕ထံမွ အကူအညီရယူမည့္သူမ်ားအေနျဖင့္  မမွန္မကန္တိုင္ၾကားမႈမ်ား၊ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားထံ တန္စိုးလက္ေဆာင္ေပး၍ ခ်ဥ္းကပ္ျခင္းမ်ိဳး မျပဳလုပ္ရန္ ခံဝန္ခ်က္ေရးထိုးရမည္ျဖစ္ကာ ခံဝန္ခ်က္အား ေဖာက္ဖ်က္ပါက ဆက္လက္လိုက္ပါကူညီေဆာင္႐ြက္မည္မဟုတ္ေၾကာင္း သိရသည္။

ဥပေဒအေထာက္အကူလိုအပ္သူမ်ားအေနျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ ဖြင့္လွစ္လိုက္သည့္မေကြးတိုင္းေဒသႀကီး ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ ႐ုံးခန္းသို႔လည္းေကာင္း ဖုန္း ၀၉ ၂၃၀၀၆၀၄၊ ၀၉ ၂၅၉၀၃၅၃၃၇၊ ၀၉ ၄၃၀၀၈၅၀၇၊ ၀၉ ၄၃၀၅၈၁၇၇၊ ၀၉ ၂၆၅၁၅၅၁၇၃၊ ၀၉၄၀၁၅၂၄၀၀၉၊ ၀၉ ၅၃၄၂၄၅၂ မ်ားသို႔လည္းေကာင္း ဆက္သြယ္အကူအညီရယူႏိုင္ေၾကာင္း သိရသည္။
 ဥပေဒအေထာက္အကူျပဳအဖြဲ႕ ႐ုံးခန္းဖြင့္ပြဲသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ၊ ျပည္ေထာင္စု ဥပေဒဆိုင္ရာအေထာက္အကူျပဳေရးအဖြဲ႕ အတြင္းေရးမႉး ဦးခင္ေဇာ္တို႔ တက္ေရာက္ဖြင့္လွစ္ေပးသည္။

သတင္း၊ ဓာတ္ပုံ #ဖီးနစ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net