တာချီလိတ်တွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံ

တာချီလိတ်တွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံ
အောက်တိုဘာ 24, 2019
By 🌸
တာချီလိတ်တွင် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ တွေ့ဆုံ

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တွေ့ဆုံပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့က ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ တရားဥပဒေစိုးမိုးရေးနှင့် စပ်ဆိုင်သည့် ဌာနများမှ တာဝန်ရှိသူများတက်ရောက်ကြပြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများအခြေအနေကို တိုင်းတာမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးသည်။

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် ဒေသတွင်း တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုဆိုင်ရာအခြေအနေများကို မှုခင်းစာရင်းနှင့် အမှုတွဲတွင် တွေ့ရှိချက်များကို အခြေခံ၍ ပြက္ခဒိန်နှစ်အလိုက်အမှုပြီးပြတ်မှုနှုန်း၊ စစ်ဆေးဆဲအမှုများသက်တမ်း၊ အမှုရွှေ့ဆိုင်းမှုနှုန်း၊ အမှုအလိုက် အမှုကြားနာရန်ချိန်းဆိုသော ပျမ်းမျှရုံးချိန်းအရေအတွက်တို့နှင့် တရားရုံးလာရောက်သူများအား လွတ်လပ်သည့် စစ်တမ်းကောက်ယူမှုမှ တရားရုံးအသုံးပြုသူများ၏ ကျေနပ်မှုစစ်တမ်းတို့ဖြင့် တိုင်းတာသွားမည်ဖြစ်ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေး အခြေခံမူများဖြစ်သည့် အမှီခိုကင်းလွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော တရားစီရင်ရေးမဏ္ဍိုင်ဖြစ်ခြင်း၊ မည်သူမဆို ဥပဒေ၏တန်းတူရည်တူ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိပြီး ခွဲခြားဆက်ဆံမှုမရှိခြင်း၊ မိမိအပေါ် အကျိုးသက်ရောက်မည့်ကိစ္စများအား ဆုံးဖြတ်ချက်ချရာတွင် နိုင်ငံသားများ ပူးပေါင်းပါဝင်ခြင်း၊ ဥပဒေသည် တိကျသေချာမှုရှိခြင်း၊ တစ်ဖက်သတ် စိတ်ကြိုက်ဆုံးဖြတ်မှုကင်းခြင်း၊ တရားမျှတမှု လက်လှမ်းမီခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ လူ့အခွင့်အရေးများကို တန်းတူရည်တူ ခံစားပိုင်ခွင့်ရှိခြင်း၊ အာဏာခွဲဝေကျင့်သုံးခြင်း၊ တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုရှိခြင်း၊ တရားဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိခြင်း၊ တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း၊ လုပ်ထုံးလုပ်နည်းဆိုင်ရာ ညီညွတ်မျှတမှုရှိခြင်းတို့ ကောင်းစွာကျင့်သုံးလာစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင် ဦးအောင်သူ၊ တာဝန်ခံ ဒေါ်နန်းမိုမိုသီတာ၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားရေးဦးစီးမှူး ဦးမြင့်စိုး၊ ပြည်နယ်ဥပဒေအရာရှိ ဦးဇော်ဇော်ထွေး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ တရားဥပေဒစိုးမိုးေရးဌာနႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕ ေတြ႔ဆံု

တရားဥပေဒစိုးမိုးေရးဌာနႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕ေတြ႔ဆံုပြဲကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ဟိုတယ္တာခ်ီလိတ္တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔က က်င္းပသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တရားဥပေဒစိုးမိုးေရးႏွင့္ စပ္ဆုိင္သည့္ ဌာနမ်ားမွ တာဝန္ရိွသူမ်ားတက္ေရာက္ၾကၿပီး တရားဥပေဒစိုးမိုးေရးဌာနႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕က ေဒသတြင္း တရားဥပေဒစိုးမိုးေရးနွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ားအေျခအေနကို တုိင္းတာမည့္လုပ္ငန္းစဥ္မ်ားအား ရွင္းလင္းေဆြးေႏြးသည္။

တရားဥပေဒစိုးမိုးေရးဌာနႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕အေနျဖင့္ ေဒသတြင္း တရားဥပေဒစိုးမိုးမႈႏွင့္ တရားမွ်တမႈဆုိင္ရာအေျခအေနမ်ားကို မႈခင္းစာရင္းႏွင့္ အမႈတြဲတြင္ ေတြ႕ရိွခ်က္မ်ားကို အေျခခံ၍ ျပကၡဒိန္ႏွစ္အလုိက္အမႈၿပီးျပတ္မႈႏႈန္း၊ စစ္ေဆးဆဲအမႈမ်ားသက္တမ္း၊ အမႈေရႊ႕ဆုိင္းမႈႏႈန္း၊ အမႈအလုိက္ အမႈၾကားနာရန္ခ်ိန္းဆိုေသာ ပ်မ္းမွ်ရံုးခ်ိန္းအေရအတြက္တုိ႔ႏွင့္ တရားရံုးလာေရာက္သူမ်ားအား လြတ္လပ္သည့္ စစ္တမ္းေကာက္ယူမႈမွ တရားရံုးအသံုးျပဳသူမ်ား၏ ေက်နပ္မႈစစ္တမ္းတို႔ျဖင့္ တုိင္းတာသြားမည္ျဖစ္ေၾကာင္း သိရသည္။

တရားဥပေဒစိုးမိုးေရး အေျခခံမူမ်ားျဖစ္သည့္ အမွီခိုကင္းလြတ္လပ္ၿပီး ဘက္လုိက္မႈကင္းေသာ တရားစီရင္ေရးမ႑ိဳင္ျဖစ္ျခင္း၊ မည္သူမဆို ဥပေဒ၏တန္းတူရည္တူ ကာကြယ္ေစာင့္ေရွာက္ခံပိုင္ခြင့္ရိွၿပီး ခြဲျခားဆက္ဆံမႈမရိွျခင္း၊ မိမိအေပၚ အက်ိဳးသက္ေရာက္မည့္ကိစၥမ်ားအား ဆံုးျဖတ္ခ်က္ခ်ရာတြင္ ႏုိင္ငံသားမ်ား ပူးေပါင္းပါဝင္ျခင္း၊ ဥပေဒသည္ တိက်ေသခ်ာမႈရိွျခင္း၊ တစ္ဖက္သတ္ စိတ္ႀကိဳက္ဆံုးျဖတ္မႈကင္းျခင္း၊ တရားမွ်တမႈ လက္လွမ္းမီျခင္း၊ ပြင့္လင္းျမင္သာမႈရိွျခင္း၊ လူ႔အခြင့္အေရးမ်ားကို တန္းတူရည္တူ ခံစားပိုင္ခြင့္ရိွျခင္း၊ အာဏာခြဲေဝက်င့္သံုးျခင္း၊ တရားဥပေဒေရွ႕ေမွာက္တြင္ တန္းတူညီမွ်မႈရိွျခင္း၊ တရားဥပေဒအထက္တြင္ မည္သူတစ္ဦးတစ္ေယာက္မွ မရိွျခင္း၊ တာဝန္ယူမႈ တာဝန္ခံမႈရိွျခင္း၊ လုပ္ထံုးလုပ္နည္းဆုိင္ရာ ညီညြတ္မွ်တမႈရိွျခင္းတုိ႔ ေကာင္းစြာက်င့္သံုးလာေစရန္ လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

တရားဥပေဒစိုးမိုးေရးဌာနႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕မ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလုိက္ ဖြဲ႕စည္းတာဝန္ေပးထားျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ျပဳလုပ္သည့္ ေတြ႕ဆံုပြဲသို႔ ရွမ္းျပည္နယ္ တရားဥပေဒစိုးမိုးေရးႏွင့္ တရားမွ်တမႈဆုိင္ရာလုပ္ငန္းမ်ား ေပါင္းစပ္ညိႇႏိႈင္းေရးအဖြဲ႕ခြဲ ေခါင္းေဆာင္ ဦးေအာင္သူ၊ တာဝန္ခံ ေဒၚနန္းမိုမိုသီတာ၊ ရွမ္းျပည္နယ္ တရားလႊတ္ေတာ္ တရားေရးဦးစီးမွဴး ဦးျမင့္စိုး၊ ျပည္နယ္ဥပေဒအရာရိွ ဦးေဇာ္ေဇာ္ေထြး၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာ တာဝန္ရိွသူမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net