အိန္ဒိယမှ မြန်မာသို့ နယ်စပ်ဖြတ်သန်း ဝင်ရောက်လာသည့် အိန္ဒိယဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်သို့ ရောက်ရှိ

အိန္ဒိယမှ မြန်မာသို့ နယ်စပ်ဖြတ်သန်း ဝင်ရောက်လာသည့် အိန္ဒိယဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်သို့ ရောက်ရှိ
အောက်တိုဘာ 6, 2019
By 🌸
မြန်မာ - အိန္ဒိယနယ်စပ် တမူးမြို့မှ ဆိုင်ကယ်ဖြင့် ဝင်ရောက်လာသည့် အိန္ဒိယနိုင်ငံသား (၉)ဦးအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့ နေ့လယ် (၁)နာရီကျော်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားကြသည်။

အဆိုပါ အိန္ဒိယနိုင်ငံသား (၉)ဦးအဖွဲ့က ဆိုင်ကယ် (၅)စီး၊ ကားတစ်စီးတို့နှင့်အတူ မြန်မာနိုင်ငံတွင်း (၆)ရက်ခရီးအဖြစ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစ၍ တမူးမြို့မှ ဝင်ရောက်လာခြင်းဖြစ်သည်။

“မြန်မာနိုင်ငံက အံ့သြစရာကောင်းလောက်ကို လှပါတယ်။ လူတွေမျက်နှာကလည်း နှစ်လိုစရာအပြုံးတွေ ရှိကြတယ်။ မှုခင်းတွေလည်း နည်းပုံရတယ် လမ်းမှာ ရဲတွေလည်း သိပ်မတွေ့ဘူး။ မြန်မာကို ကျွန်တော်တော့ ချစ်တယ်။ ဒါက် ကျွန်တော့်ရဲ့ မြန်မာနိုင်ငံကို ပထမဆုံးခရီးပါ။ ကျွန်တော့်ဆိုင်ကယ်နဲ့ (၁၄)နိုင်ငံသွားမှာပါ။ ဒီကနေ ထိုင်းကို သွားမယ်။ ပြီးရင် ကမ္ဘောဒီးယား၊ မလေးရှား၊ စင်္ကာပူကိုသွားပါမယ်”ဟု ဆိုင်ကယ်စီးအဖွဲ့မှ အိန္ဒိယနိုင်ငံသား Mr.Aprit AGRAWAL က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၁) ဦးပါဝင်သည့် အိန္ဒိယနိုင်ငံသားခရီးသွားအဖွဲ့သည် အိန္ဒိယဆိုင်ကယ် ကုမ္ပဏီထုတ် royal enfield ဆိုင်ကယ်များဖြင့် နိုင်ငံပေါင်း (၆) နိုင်ငံခရီးစဉ် စီးနင်းနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ (၁)ရက်နေ့တွင် တမူးနယ်စပ်ဂိတ်မှ ဝင်ရောက်ကာ  (၆)ရက်တာခရီး လည်ပတ်ခဲ့ကြပြီးနောက် တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသွားခြင်းဖြစ်သည်။

ဆိုင်ကယ်စီးအဖွဲ့သည် ဂန့်ဂေါ၊ ပုဂံနှင့် အင်းလေးတို့တွင် လည်ပတ်ခဲ့ပြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့များမှ ဖြတ်သန်းသွားလာခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်ကို Myanmar Senses Family Travel & Tour က စီစဉ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလ (၃) ရက်နေ့အထိ မြဝတီ၊ တမူးနယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်ပြီး တာချီလိတ်နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသည့်ခရီးစဉ် ဆောင်ရွက်မှုအနေဖြင့် ခရီးစဉ်(၃၉) ခု၊ မော်တော်ယာဉ် (၁၃၇) စီး၊ မော်တော်ဆိုင်ကယ် (၁၃၉) စီး၊ လူဦးရေ (၄၆၅) ဦးတို့ အသီးသီး ဝင်/ထွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ အောက်တိုဘာလ (၃)ရက်နေ့အထိ နေ့ချင်းပြန်/ညအိပ် ထိုင်းနိုင်ငံသား(၈၇၅၇၉၁) ဦး ၊ တတိယနိုင်ငံသား အများစုပါဝင်သော ခရီးသည် (၁၁၉၅၈) ဦး၊ လန့်တောင်းနှီးဘုရား နေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား (၃၀၆) ဦး ၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ် ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားခရီးသည် (၈၀၆၄) ဦး၊ ဗီဇာကင်းလွတ်ခွင့်ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီးသည် (၄၇၇၁၂) ဦးတို့ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။

သတင်း #ချယ်ရီထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
အိႏၵိယမွ ျမန္မာသို႔ နယ္စပ္ျဖတ္သန္း ဝင္ေရာက္လာသည့္ အိႏၵိယဆုိင္ကယ္စီးအဖြဲ႕ တာခ်ီလိတ္သို႔ ေရာက္ရိွ
*************
ျမန္မာ - အိႏၵိယနယ္စပ္ တမူးၿမိဳ႕မွ ဆုိင္ကယ္ျဖင့္ ဝင္ေရာက္လာသည့္ အိႏၵိယႏုိင္ငံသား (၉)ဦးအဖြဲ႕သည္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၆)ရက္ေန႔ ေန႔လယ္ (၁)နာရီေက်ာ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းရိွ ျမန္မာ - ထုိင္းနယ္စပ္ၿမိဳ႕ တာခ်ီလိတ္မွတစ္ဆင့္ ထုိင္းႏုိင္ငံသို႔ ဆက္လက္ထြက္ခြာသြားၾကသည္။

အဆိုပါ အိႏၵိယနုိင္ငံသား (၉)ဦးအဖြဲ႔က ဆုိင္ကယ္ (၅)စီး၊ ကားတစ္စီးတုိ႔ႏွင့္အတူ ျမန္မာႏုိင္ငံတြင္း (၆)ရက္ခရီးအျဖစ္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔မွစ၍ တမူးၿမိဳ႕မွ ဝင္ေရာက္လာျခင္းျဖစ္သည္။

“ျမန္မာႏုိင္ငံက အံ့ၾသစရာေကာင္းေလာက္ကို လွပါတယ္။ လူေတြမ်က္ႏွာကလည္း ႏွစ္လိုစရာအၿပံဳးေတြ ရိွၾကတယ္။ မႈခင္းေတြလည္း နည္းပံုရတယ္ လမ္းမွာ ရဲေတြလည္း သိပ္မေတြ႔ဘူး။ ျမန္မာကို ကၽြန္ေတာ္ေတာ့ ခ်စ္တယ္။ ဒါက္ ကၽြန္ေတာ့္ရဲ႕ ျမန္မာနုိင္ငံကို ပထမဆံုးခရီးပါ။ ကၽြန္ေတာ့္ဆုိင္ကယ္နဲ႔ (၁၄)ႏုိင္ငံသြားမွာပါ။ ဒီကေန ထုိင္းကို သြားမယ္။ ၿပီးရင္ ကေမၻာဒီးယား၊ မေလးရွား၊ စကၤာပူကိုသြားပါမယ္”ဟု ဆုိင္ကယ္စီးအဖြဲ႕မွ အိႏၵိယႏုိင္ငံသား Mr.Aprit AGRAWAL က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ိဳးသား (၈)ဦးႏွင့္ အမ်ိဳးသမီး (၁) ဦးပါဝင္သည့္ အိႏၵိယႏုိင္ငံသားခရီးသြားအဖြဲ႕သည္ အိႏၵိယဆုိင္ကယ္ ကုမၸဏီထုတ္ royal enfield ဆုိင္ကယ္မ်ားျဖင့္ ႏုိင္ငံေပါင္း (၆) ႏိုင္ငံခရီးစဥ္ စီးနင္းေနျခင္းျဖစ္ၿပီး ျမန္မာႏုိင္ငံသို႔ ေအာက္တိုဘာလ (၁)ရက္ေန႔တြင္ တမူးနယ္စပ္ဂိတ္မွ ဝင္ေရာက္ကာ  (၆)ရက္တာခရီး လည္ပတ္ခဲ့ၾကၿပီးေနာက္ တာခ်ီလိတ္နယ္စပ္မွ ထုိင္းနိုင္ငံဘက္သို႔ ထြက္ခြာသြားျခင္းျဖစ္သည္။

ဆိုင္ကယ္စီးအဖြဲ႕သည္ ဂန္႔ေဂါ၊ ပုဂံႏွင့္ အင္းေလးတုိ႔တြင္ လည္ပတ္ခဲ့ၿပီး က်ိဳင္းတံုနွင့္ တာခ်ီလိတ္ၿမိဳ႕မ်ားမွ ျဖတ္သန္းသြားလာခဲ့ျခင္းျဖစ္ၿပီး ခရီးစဥ္ကို Myanmar Senses Family Travel & Tour က စီစဥ္ေပးျခင္း ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလမွ ေအာက္တိုဘာလ (၃) ရက္ေန႔အထိ ျမဝတီ၊ တမူးနယ္စပ္ဝင္ေပါက္မ်ားမွ ဝင္ေရာက္ၿပီး တာခ်ီလိတ္နယ္စပ္မွတဆင့္ ထိုင္းႏိုင္ငံသို႔ ထြက္ခြာသည့္ခရီးစဥ္ ေဆာင္႐ြက္မႈအေနျဖင့္ ခရီးစဥ္(၃၉) ခု၊ ေမာ္ေတာ္ယာဥ္ (၁၃၇) စီး၊ ေမာ္ေတာ္ဆိုင္ကယ္ (၁၃၉) စီး၊ လူဦးေရ (၄၆၅) ဦးတို႔ အသီးသီး ဝင္/ထြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ဝင္ေပါက္မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ(၁) ရက္ေန႔မွ ေအာက္တိုဘာလ (၃)ရက္ေန႔အထိ ေန႔ခ်င္းျပန္/ညအိပ္ ထိုင္းႏိုင္ငံသား(၈၇၅၇၉၁) ဦး ၊ တတိယႏိုင္ငံသား အမ်ားစုပါဝင္ေသာ ခရီးသည္ (၁၁၉၅၈) ဦး၊ လန႔္ေတာင္းႏွီးဘုရား ေန႔ခ်င္းျပန္ ခရီးစဥ္သို႔ ထိုင္းႏိုင္ငံသား (၃၀၆) ဦး ၊ မိုင္းျဖတ္၊ က်ိဳင္းတုံခရီးစဥ္ ထိုင္းႏိုင္ငံသားႏွင့္ တတိယႏိုင္ငံသားခရီးသည္ (၈၀၆၄) ဦး၊ ဗီဇာကင္းလြတ္ခြင့္ျဖင့္ ျပည္တြင္းသို႔ ဝင္ေရာက္လည္ပတ္သည့္ ခရီးသည္ (၄၇၇၁၂) ဦးတို႔ရိွေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန၏ စာရင္းအရ သိရသည္။

သတင္း #ခ်ယ္ရီထုိက္
ဓါတ္ပံု - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net