ကျိုင်းတုံမြို့နယ် ဟွေဟိမူလတန်းကျောင်း၏ အာစရိယပူဇော်ပွဲတွင် ဒေသထွက်သီးနှံများဖြင့် ပူဇော်ကန်တော့

ကျိုင်းတုံမြို့နယ် ဟွေဟိမူလတန်းကျောင်း၏ အာစရိယပူဇော်ပွဲတွင် ဒေသထွက်သီးနှံများဖြင့် ပူဇော်ကန်တော့
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဟွေဟိကျေးရွာမှ မူလတန်းကျောင်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်းကျင်းပသည့် အာစရိယပူဇော်ပွဲတွင် ကလေးငယ်များက ဒေသထွက်သီးနှံများဖြင့် ဆရာ၊ဆရာမများအား ကန်တော့ကြခြင်းဖြစ်သည်။

“ဆရာကန်တော့ပွဲဆိုတာ အောက်တိုဘာလ (၅) ရက်နေ့တိုင်း ကျင်းပတယ်ရှင့်။ ကျွန်မတို့ကျတော့ ငွေအားမတတ်နိုင်တဲ့အခါ ဒီပွဲလေးလည်း ကလေးတွေ မှတ်မိအောင်    စေတနာရှိတာလေးတွေနဲ့ ကန်တော့ကြမယ်ဆိုတော့ ခြံထွက်သီးနံှလေးတွေပေါ့။ ကျွန်မတာဝန်ကျတဲ့ ဒီရွာလေးက တောင်ယာလုပ်ငန်းဘဲလုပ်ကြတယ်ရှင့်”ဟု ဟွေဟိ မူလတန်းကျောင်းမှ ဆရာမ ချစ်နှင်းဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟွေဟိကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် အဆိုပါကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦး တက်ရောက် ပညာသင်ကြားနေကြခြင်းဖြစ်သည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျေးရွာအများစုမှာ တောင်ယာလုပ်ငန်း လုပ်ကိုင်သူများပြားသဖြင့် ကျေးရွာကျောင်းအချို့တွင် အာစရိယပူဇော်ပွဲကျင်းပရာ၌ ကျောင်းသားမိဘများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ရာသီထွက်သီးနှံများ ယူဆောင်လာစေပြီး အမှတ်တရအနေဖြင့် ကျင်းပလေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CHP

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕နယ္ ေဟြဟိမူလတန္းေက်ာင္း၏ အာစရိယပူေဇာ္ပြဲတြင္ ေဒသထြက္သီးနွံမ်ားျဖင့္ ပူေဇာ္ကန္ေတာ့
***************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းခြန္ေက်းရြာအုပ္စု၊ ေဟြဟိေက်းရြာမွ မူလတန္းေက်ာင္းတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလအတြင္းက်င္းပသည့္ အာစရိယပူေဇာ္ပြဲတြင္ ကေလးငယ္မ်ားက ေဒသထြက္သီးနွံမ်ားျဖင့္ ဆရာ၊ဆရာမမ်ားအား ကန္ေတာ့ၾကျခင္းျဖစ္သည္။

“ဆရာကန္ေတာ့ပြဲဆိုတာ ေအာက္တိုဘာလ (၅) ရက္ေန့တိုင္း က်င္းပတယ္ရွင့္။ က်ြန္မတို့က်ေတာ့ ေငြအားမတတ္နိုင္တ့ဲအခါ ဒီပြဲေလးလည္း ကေလးေတြ မွတ္မိေအာင္    ေစတနာရွိတာေလးေတြန့ဲ ကန္ေတာ့ျကမယ္ဆိုေတာ့ ၿခံထြက္သီးနံွေလးေတြေပါ့။ က်ြန္မတာဝန္က်တ့ဲ ဒီရြာေလးက ေတာင္ယာလုပ္ငန္းဘဲလုပ္ျကတယ္ရွင့္”ဟု ေဟြဟိ မူလတန္းေက်ာင္းမွ ဆရာမ ခ်စ္ႏွင္းျဖဴက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဟြဟိေက်းရြာရိွ အေျခခံပညာမူလတန္းေက်ာင္းတြင္ အဆုိပါေက်းရြာမွ ေက်ာင္းသား၊ ေက်ာင္းသူ (၃၀)ဦး တက္ေရာက္ ပညာသင္ၾကားေနၾကျခင္းျဖစ္သည္။

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း ေက်းရြာအမ်ားစုမွာ ေတာင္ယာလုပ္ငန္း လုပ္ကိုင္သူမ်ားျပားသျဖင့္ ေက်းရြာေက်ာင္းအခ်ိဳ႕တြင္ အာစရိယပူေဇာ္ပြဲက်င္းပရာ၌ ေက်ာင္းသားမိဘမ်ားအတြက္ ဝန္ထုပ္ဝန္ပိုး မျဖစ္ေစရန္ ရာသီထြက္သီးႏွံမ်ား ယူေဆာင္လာေစၿပီး အမွတ္တရအေနျဖင့္ က်င္းပေလ့ရိွျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency
ဓါတ္ပံု - CHP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net