ထိုင်းနိုင်ငံ ဥဒုံဌာနီဆေးရုံဝင်းအတွင်း မီးလောင်မှုဖြစ်၍ ဆိုင်ကယ်အစီးရေ (၃၀) မီးလောင်ကျွမ်း

ထိုင်းနိုင်ငံ ဥဒုံဌာနီဆေးရုံဝင်းအတွင်း မီးလောင်မှုဖြစ်၍ ဆိုင်ကယ်အစီးရေ (၃၀) မီးလောင်ကျွမ်း
အောက်တိုဘာ 30, 2019
By 🌸
ထိုင်းနိုင်ငံ ဥဒုံဌာနီဆေးရုံဝင်းအတွင်း မီးလောင်မှုဖြစ်၍ ဆိုင်ကယ်အစီးရေ (၃၀) မီးလောင်ကျွမ်း
********
ထိုင်းနိုင်ငံအရှေ့မြောက်ဘက် ဥဒုံဌာနီဒေသရှိ ဆေးရုံဝင်းအတွင်း ဆိုင်ကယ်ရပ်နားရန်နေရာတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွား၍ ဆိုင်ကယ်အစီးရေ (၃၀) မီးလောင်ဆုံးရှုံးသွားကြောင်း  သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ မီးသတ်ယာဉ်များဖြင့် အမြန်ဆုံးလာရောက် ငြိမ်းသတ်သော်လည်း ဆိုင်ကယ်အစီးရေ (၃၀)မှာ မီးလောင်ဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။
ဆေးရုံဝင်းရှေ့ ဆိုင်ကယ်ရပ်နားရန်နေရာတွင် မီးတောက်ရုတ်တရက်ထွက်ပေါ်လာသည်ကို တွေ့ရခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်သည်ဟု သိရသည်။
Soruce: Bangkok Post

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

********




Soruce: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net