ထိုင်းနိုင်ငံ နခွန်ပထုန်ဒေသ အာရှလမ်းမကြီးတွင် ဝက်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ထိုင်းနိုင်ငံ နခွန်ပထုန်ဒေသ အာရှလမ်းမကြီးတွင် ဝက်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား
အောက်တိုဘာ 6, 2019
By 🌸
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ဒေသရှိ အာရှလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့က ဝက်တင်လာသည့် ဆယ်ဘီးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဝက်မွေးမြူရေးခြံမှ သားသတ်ရုံပို့ရန် သယ်လာသည့် ဆယ်ဘီးယာဉ်တွင် ယာဉ်မောင်းနှင့်အတူ ယာဉ်မောင်း၏ ဇနီး၊ အသက်(၅)နှစ်နှင့် (၆)နှစ်အရွယ် သားငယ်နှစ်ဦးတို့လည်း ပါဝင်လာကြောင်း သိရသည်။

ဝက်များအား တင်ဆောင်ပြီး အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာစဉ် မော်တော်ယာဉ်၏ ဘယ်ဘက် တာယာမှ ကျယ်လောင်စွာပေါက်ကွဲသံကြားရပြီး မီးခိုးများထွက်လာသဖြင့် ကားကို လမ်းဘေးချရပ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ကားပေါ်တွင် လိုက်ပါလာသည့် ဇနီးနှင့် ကလေးနှစ်ဦးကို ခေါ်ထုတ်ပြီးချိန်တွင် ကားတစ်စီးလုံး မီးလောင်သွားသဖြင့် ဝက်များကို လွှတ်ပေးနိုင်ခြင်းမရှိဘဲဖြစ်ခဲ့ရကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -Siraphop Srakaew

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏုိင္ငံ နခြန္ပထုန္ေဒသ အာရွလမ္းမႀကီးတြင္ ဝက္တင္ယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြား
*************
ထုိင္းႏုိင္ငံ၊ နခြန္ပထုန္ေဒသရိွ အာရွလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၆)ရက္ေန႔က ဝက္တင္လာသည့္ ဆယ္ဘီးယာဥ္တစ္စီး မီးေလာင္မႈျဖစ္ပြားေၾကာင္း သိရသည္။

ဝက္ေမြးျမဴေရးၿခံမွ သားသတ္ရံုပို႔ရန္ သယ္လာသည့္ ဆယ္ဘီးယာဥ္တြင္ ယာဥ္ေမာင္းနွင့္အတူ ယာဥ္ေမာင္း၏ ဇနီး၊ အသက္(၅)ႏွစ္ႏွင့္ (၆)ႏွစ္အရြယ္ သားငယ္ႏွစ္ဦးတုိ႔လည္း ပါဝင္လာေၾကာင္း သိရသည္။

ဝက္မ်ားအား တင္ေဆာင္ၿပီး အာရွလမ္းမႀကီးအတိုင္း ေမာင္းႏွင္လာစဥ္ ေမာ္ေတာ္ယာဥ္၏ ဘယ္ဘက္ တာယာမွ က်ယ္ေလာင္စြာေပါက္ကြဲသံၾကားရၿပီး မီးခိုးမ်ားထြက္လာသျဖင့္ ကားကို လမ္းေဘးခ်ရပ္လုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ကားေပၚတြင္ လုိက္ပါလာသည့္ ဇနီးႏွင့္ ကေလးႏွစ္ဦးကို ေခၚထုတ္ၿပီးခ်ိန္တြင္ ကားတစ္စီးလံုး မီးေလာင္သြားသျဖင့္ ဝက္မ်ားကို လႊတ္ေပးႏုိင္ျခင္းမရိွဘဲျဖစ္ခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -Siraphop Srakaew

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net