တားမြစ်ထားသည့် တိုင်းရင်းဆေးများ ရောင်းချနေသည့် လားရှိုးမြို့မဈေးမှ ဆိုင် (၃)ဆိုင်ကို ပစ္စည်းသိမ်းအရေးယူထား

တားမြစ်ထားသည့် တိုင်းရင်းဆေးများ ရောင်းချနေသည့် လားရှိုးမြို့မဈေးမှ ဆိုင် (၃)ဆိုင်ကို ပစ္စည်းသိမ်းအရေးယူထား
အောက်တိုဘာ 3, 2019
By 🌸
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မဈေးအတွင်းရှိ ဆေးဆိုင် (၅) ဆိုင်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့ နံနက်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာတွင် တားမြစ်ပိတ်ပင်ထားသည့် တိုင်းရင်းဆေးများ ရောင်းချနေသည့် ဆေးဆိုင် (၃)ဆိုင်ကို စစ်ဆေးတွေ့ရသဖြင့် ပစ္စည်းများသိမ်းဆည်း အရေးယူထားကြောင်း သိရသည်။

"တိုင်းရင်းဆေးဥပဒေနဲ့ ပစ္စည်းတွေသိမ်းခဲ့တယ်။ ခံဝန်ကတိလည်း ရေးထိုးခိုင်းခဲ့တယ်။ တိုင်းရင်းဆေးကို ပစ္စည်းတွေ အပ်လိုက်တယ်။ ပြီးရင် မီးရှို့ဖျက်ဆီးမှာပေါ့။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေနဲ့ အရေးယူတာမဟုတ်ဘူး။ တိုင်းရင်းဆေးဥပဒေနဲ့ အရေးယူတာပါ"ဟု လားရှိုးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အများပြည်သူအတွက် ဘေးအန္တရာယ်ရှိစေသဖြင့်   တားမြစ်ထားသည့် တိုင်းရင်းဆေးများဖြစ်သော ရွှေဆေးအမှတ်တံဆိပ် ဆေးထုပ် (၇၉) ထုပ်နှင့် သိဒ္ဓိရှင်အမှတ်တံဆိပ် ဆေးထုပ် (၈၉) ထုပ်တို့ကို အဆိုပါ ဆေးဆိုင် (၃)ဆိုင်တွင် ရှောင်တခင်စစ်ဆေးမှုအတွင်း တွေ့ရှိခြင်းဖြစ်သည်ဟု သိရသည်။

လားရှိုးမြို့မဈေးအတွင်းရှိ ဆေးဆိုင်များကို စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - လားရှိုးစားသုံးသူရေးရာ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တားျမစ္ထားသည့္ တုိင္းရင္းေဆးမ်ား ေရာင္းခ်ေနသည့္ လားရိႈးၿမိဳ႕မေစ်းမွ ဆုိင္ (၃)ဆုိင္ကို ပစၥည္းသိမ္းအေရးယူထား
*********
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) လားရိႈးၿမိဳ႕မေစ်းအတြင္းရိွ ေဆးဆိုင္ (၅) ဆိုင္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃) ရက္ေန႔ နံနက္ပိုင္းက ပူးေပါင္းအဖြဲ႕ျဖင့္ ေရွာင္တခင္ဝင္ေရာက္စစ္ေဆးရာတြင္ တားျမစ္ပိတ္ပင္ထားသည့္ တိုင္းရင္းေဆးမ်ား ေရာင္းခ်ေနသည့္ ေဆးဆုိင္ (၃)ဆိုင္ကို စစ္ေဆးေတြ႔ရသျဖင့္ ပစၥည္းမ်ားသိမ္းဆည္း အေရးယူထားေၾကာင္း သိရသည္။

"တိုင္းရင္းေဆးဥပေဒနဲ႔ ပစၥည္းေတြသိမ္းခဲ့တယ္။ ခံဝန္ကတိလည္း ေရးထိုးခိုင္းခဲ့တယ္။ တိုင္းရင္းေဆးကို ပစၥည္းေတြ အပ္လိုက္တယ္။ ၿပီးရင္ မီးရိႈ႕ဖ်က္ဆီးမွာေပါ့။ စားသံုးသူအကာအကြယ္ေပးေရးဥပေဒနဲ႔ အေရးယူတာမဟုတ္ဘူး။ တိုင္းရင္းေဆးဥပေဒနဲ႔ အေရးယူတာပါ"ဟု လားရိႈးခရိုင္ စားသံုးသူေရးရာဦးစီးဌာနမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အမ်ားျပည္သူအတြက္ ေဘးအႏၱရာယ္ရိွေစသျဖင့္   တားျမစ္ထားသည့္ တိုင္းရင္းေဆးမ်ားျဖစ္ေသာ ေရႊေဆးအမွတ္တံဆိပ္ ေဆးထုပ္ (၇၉) ထုပ္ႏွင့္ သိဒၶိရွင္အမွတ္တံဆိပ္ ေဆးထုပ္ (၈၉) ထုပ္တို႔ကို အဆိုပါ ေဆးဆုိင္ (၃)ဆိုင္တြင္ ေရွာင္တခင္စစ္ေဆးမႈအတြင္း ေတြ႔ရိွျခင္းျဖစ္သည္ဟု သိရသည္။

လားရိႈးၿမိဳ႕မေစ်းအတြင္းရိွ ေဆးဆိုင္မ်ားကို စားသံုးသူေရးရာဦးစီးဌာန၊ တိုင္းရင္းေဆးကုသေရးဌာန၊ ၿမို႕နယ္ စည္ပင္သာယာေရးဌာန၊ ၿမို႕နယ္က်န္းမာေရးဌာန၊ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန(FDA) တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - လားရိႈးစားသံုးသူေရးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net