ပြင်ဦးလွင်တွင် Mobile X Ray ဖြင့်စစ်ဆေးမှုအတွင်း ဖမ်းမိထားသည့် ဒီတိုနေတာ တစ်သောင်းကျော်၏ ပိုင်ရှင် ထွက်ပြေးလွတ်မြောက်နေ

ပြင်ဦးလွင်တွင် Mobile X Ray ဖြင့်စစ်ဆေးမှုအတွင်း ဖမ်းမိထားသည့် ဒီတိုနေတာ တစ်သောင်းကျော်၏ ပိုင်ရှင် ထွက်ပြေးလွတ်မြောက်နေ
အောက်တိုဘာ 30, 2019
By 🌸
ပြင်ဦးလွင်တွင် Mobile X Ray ဖြင့်စစ်ဆေးမှုအတွင်း ဖမ်းမိထားသည့် ဒီတိုနေတာ တစ်သောင်းကျော်၏ ပိုင်ရှင် ထွက်ပြေးလွတ်မြောက်နေ
***************

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအနီး မန္တလေး - မူဆယ်ကားလမ်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်နေ့ နံနက် (၁)နာရီကျော်က Mobile X Ray စက်ဖြင့်စစ်ဆေးရာမှ ဖမ်းဆီးရမိထားသည့် ဒီတိုနေတာများနှင့် သယ်ဆောင်လာသည့်ယာဉ်ပိုင်ရှင်ဖြစ်သူမှာ လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာအနီး မန္တလေး-မူဆယ်ကားလမ်းတွင် Mobile X-Ray စက်ဖြင့် စစ်ဆေးစဉ်အတွင်း နောင်ချိုမှ မန္တလေးသို့ မောင်းနှင်လာသည့် (၆)ဘီးယာဉ်တွင် ဒီတိုနေတာ (၁၄,၅၀၀)ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဒီတိုနေတာများ တင်ဆောင်လာသည့် မော်တော်ယာဉ်အား မောင်းနှင်လာသည့် အသက်(၂၈)နှစ်အရွယ် ဖြိုးကိုကိုမောင်(ခ) မောင်ဖြိုးနှင့် အသက်(၂၁)နှစ်အရွယ် ဖြိုးကိုကိုငယ်(ခ)ပြူးလေးတို့ ညီအစ်ကို ဖမ်းဆီးလိုက်ပြီးနောက် အဆိုပါ ဒီတိုနေတာများအား သယ်ဆောင်ရန် ခိုင်းစေခဲ့သည့် မန္တလေးမြို့မှ အသက် (၄၂)နှစ်အရွယ် လေးမင်းကို ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဒီတိုနေတာများကို လားရှိုးမြို့ရှောင်လမ်း၊ ဘုရားကြီးကုန်းဆင်းအနီး၌ အမျိုးသား ၃ ဦးက 4 Wheel ယာဉ်ဖြင့် လာရောက်တင်ဆောင်ပေးခဲ့ပြီး သယ်ဆောင်ခငွေကျပ် (၈၀,၀၀၀)ဖြင့် ဖြိုးကိုကိုမောင်တို့ ညီအစ်ကိုနှစ်ဦးက သယ်ဆောင်ပေးလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြိုးကိုကိုမောင်(ခ)မောင်ဖြိုး၊ ဖြိုးကိုကိုငယ်(ခ) ပြူးလေးနှင့် လေးမင်းတို့ ၃ ဦးနှင့် ဖမ်းဆီးရမိခြင်းမရှိသေးသည့် ဒီတိုနေတာများ ပို့ဆောင်ပေးသော အမျိုးသား(၃)ဦးတို့ကို ပိတ်ချင်းမြောင် နယ်မြေရဲစခန်းတွင် (ပ)၂၃၈/၂၀၁၉၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ ၅/၆ ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသည့် ဒီတိုနေတာများနှင့် ဒီတိုနေတာများ တင်ဆောင်လာသည့် မော်တော်ယာဉ်၏ ပိုင်ရှင်ဖြစ်သည့် လားရှိုးမြို့မှ အားစိန်မှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - MOHA

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ျပင္ဦးလြင္တြင္ Mobile X Ray ျဖင့္စစ္ေဆးမႈအတြင္း ဖမ္းမိထားသည့္ ဒီတိုေနတာ တစ္ေသာင္းေက်ာ္၏ ပိုင္ရွင္ ထြက္ေျပးလြတ္ေျမာက္ေန
***************

မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေရငယ္ေက်းရြာအနီး မႏၱေလး - မူဆယ္ကားလမ္းတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၉)ရက္ေန႔ နံနက္ (၁)နာရီေက်ာ္က Mobile X Ray စက္ျဖင့္စစ္ေဆးရာမွ ဖမ္းဆီးရမိထားသည့္ ဒီတုိေနတာမ်ားႏွင့္ သယ္ေဆာင္လာသည့္ယာဥ္ပိုင္ရွင္ျဖစ္သူမွာ လားရိႈးၿမိဳ႕မွ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေရငယ္ေက်း႐ြာအနီး မႏၲေလး-မူဆယ္ကားလမ္းတြင္ Mobile X-Ray စက္ျဖင့္ စစ္ေဆးစဥ္အတြင္း ေနာင္ခ်ိဳမွ မႏၲေလးသို႔ ေမာင္းႏွင္လာသည့္ (၆)ဘီးယာဥ္တြင္ ဒီတုိေနတာ (၁၄,၅၀၀)ကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဒီတိုေနတာမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္အား ေမာင္းနွင္လာသည့္ အသက္(၂၈)ႏွစ္အရြယ္ ၿဖိဳးကိုကိုေမာင္(ခ) ေမာင္ၿဖိဳးႏွင့္ အသက္(၂၁)ႏွစ္အရြယ္ ၿဖိဳးကိုကိုငယ္(ခ)ျပဴးေလးတို႔ ညီအစ္ကို ဖမ္းဆီးလုိက္ၿပီးေနာက္ အဆိုပါ ဒီတိုေနတာမ်ားအား သယ္ေဆာင္ရန္ ခိုင္းေစခဲ့သည့္ မႏၱေလးၿမိဳ႕မွ အသက္ (၄၂)နွစ္အရြယ္ ေလးမင္းကို ထပ္မံဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ဒီတုိေနတာမ်ားကို လားရႈိးၿမိဳ႕ေရွာင္လမ္း၊ ဘုရားႀကီးကုန္းဆင္းအနီး၌ အမ်ိဳးသား ၃ ဦးက 4 Wheel ယာဥ္ျဖင့္ လာေရာက္တင္ေဆာင္ေပးခဲ့ၿပီး သယ္ေဆာင္ခေငြက်ပ္ (၈၀,၀၀၀)ျဖင့္ ၿဖိဳးကိုကိုေမာင္တုိ႔ ညီအစ္ကိုနွစ္ဦးက သယ္ေဆာင္ေပးလာခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ၿဖိဳးကိုကိုေမာင္(ခ)ေမာင္ၿဖိဳး၊ ၿဖိဳးကိုကိုငယ္(ခ) ျပဴးေလးႏွင့္ ေလးမင္းတို႔ ၃ ဦးႏွင့္ ဖမ္းဆီးရမိျခင္းမရိွေသးသည့္ ဒီတုိေနတာမ်ား ပို႔ေဆာင္ေပးေသာ အမ်ိဳးသား(၃)ဦးတုိ႔ကို ပိတ္ခ်င္းေျမာင္ နယ္ေျမရဲစခန္းတြင္ (ပ)၂၃၈/၂၀၁၉၊ ေပါက္ကြဲေစတတ္ေသာဝတၳဳပစၥည္းမ်ား ဥပေဒပုဒ္မ ၅/၆ ျဖင့္ အမႈဖြင့္ စစ္ေဆးေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသည့္ ဒီတိုေနတာမ်ားႏွင့္ ဒီတိုေနတာမ်ား တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္၏ ပိုင္ရွင္ျဖစ္သည့္ လားရႈိးၿမိဳ႕မွ အားစိန္မွာ ထြက္ေျပးလြတ္ေျမာက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net