တာချီလိတ် လျှပ်စစ်မီးလင်းရေးအပိုင်း (၂)သို့ လျှပ်စစ်မီးပြန်လည်ပို့လွှတ်ထားပြီး အပိုင်း(၁)အတွက် ဆက်လက်ပြုပြင်နေဆဲ

တာချီလိတ် လျှပ်စစ်မီးလင်းရေးအပိုင်း (၂)သို့ လျှပ်စစ်မီးပြန်လည်ပို့လွှတ်ထားပြီး အပိုင်း(၁)အတွက် ဆက်လက်ပြုပြင်နေဆဲ
အောက်တိုဘာ 4, 2019
By 🌸
ထိုင်းနိုင်ငံ လန်းပမ်းခရိုင်ဘက်တွင် လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို အသုံးပြုနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့၌ လျှပ်စစ်မီးပြတ်တောက်သွားရာ နေ့လယ် (၁၂)နာရီ မိနစ်(၂၉)မိနစ်ဝန်းကျင်တွင် မီးလင်းရေးအပိုင်း(၂)သို့ ပြန်လည်ပို့လွှတ်နိုင်ပြီဖြစ်သည်။

မီးလင်းရေးအပိုင်း(၁)ကိုမူ စိစစ်နေဆဲဖြစ်၍ ပို့လွှတ်နိုင်ခြင်းမရှိသေးဘဲ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြုပြင်မှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း တာချီလိတ်မီးလင်းရေးကော်မတီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
**********


Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net