ထိုင်းနိုင်ငံ ချင်းဆဲန်လမ်းမကြီးတွင် စိတ်ကြွဆေးပြားသိန်း (၃၀)ကျော်နှင့် အိုက်စ် (၄၀)ကီလို သယ်လာသည့် မော်တော်ယာဉ်အား ပစ်ခတ်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ ချင်းဆဲန်လမ်းမကြီးတွင် စိတ်ကြွဆေးပြားသိန်း (၃၀)ကျော်နှင့် အိုက်စ် (၄၀)ကီလို သယ်လာသည့် မော်တော်ယာဉ်အား ပစ်ခတ်ဖမ်းဆီးရမိ
အောက်တိုဘာ 6, 2019
By 🌸
ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ချင်းဆဲန်ဒေသတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၆)ရက်နေ့တွင် စိတ်ကြွဆေးပြား အပြားရေ သိန်း(၃၀)ကျော်နှင့် အိုက်စ်မူးယစ်ဆေး (၄၀)ကီလို သယ်လာသည့် မော်တော်ယာဉ်တစ်စီးကို နယ်မြေခံတပ်နှင့်ရဲတပ်ဖွဲ့တို့က ပစ်ခတ်ဖမ်းဆီးရမိထားကြောင်း သိရသည်။

ချင်းဆဲန်ဒေသတွင် အဆိုပါမသင်္ကာဖွယ်မော်တော်ယာဉ်ကို နံနက် (၄)နာရီဝန်းကျင်က တွေ့ရသဖြင့် နယ်မြေခံတပ်က လမ်းတလျှောက် စစ်ဆေးရေးဂိတ်များက ချိတ်ဆက်ပြီး အသင့်စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

မသင်္ကာဖွယ်မော်တော်ယာဉ် စတင်တွေ့ရသည့် စစ်ဆေးရေးဂိတ်တွင် ယာဉ်အား ရပ်တန့်ရန် အချက်ပြသည်ကို မရပ်ဘဲ မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ဒုတိယမြောက် စစ်ဆေးရေးဂိတ်ရောက်သည့်အချိန်တွင် ကားတာယာအားပစ်၍ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ဆင်ထားသည့် မော်တော်ယာဉ်ပေါ်မှ ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား (၃၀၃၆၀၀၀)ပြားနှင့် အိုက်စ် (၄၀)ကီလိုတို့ကို ယာဉ်မောင်းနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ သတင်းစာရှင်းလင်းပွဲကို နံနက် (၁၁)နာရီတွင် စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
Ref: 77kaoded

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏိုင္ငံ ခ်င္းဆဲန္လမ္းမႀကီးတြင္ စိတ္ၾကြေဆးျပားသိန္း (၃၀)ေက်ာ္ႏွင့္ အုိက္စ္ (၄၀)ကီလို သယ္လာသည့္ ေမာ္ေတာ္ယာဥ္အား ပစ္ခတ္ဖမ္းဆီးရမိ
************
ထုိင္းနိုင္ငံ၊ ခ်င္းရိုင္းခရိုင္၊ ခ်င္းဆဲန္ေဒသတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၆)ရက္ေန႔တြင္ စိတ္ၾကြေဆးျပား အျပားေရ သိန္း(၃၀)ေက်ာ္ႏွင့္ အုိက္စ္မူးယစ္ေဆး (၄၀)ကီလို သယ္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို နယ္ေျမခံတပ္ႏွင့္ရဲတပ္ဖြဲ႕တို႔က ပစ္ခတ္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ခ်င္းဆဲန္ေဒသတြင္ အဆိုပါမသကၤာဖြယ္ေမာ္ေတာ္ယာဥ္ကို နံနက္ (၄)နာရီဝန္းက်င္က ေတြ႔ရသျဖင့္ နယ္ေျမခံတပ္က လမ္းတေလွ်ာက္ စစ္ေဆးေရးဂိတ္မ်ားက ခ်ိတ္ဆက္ၿပီး အသင့္ေစာင့္ဆုိင္းေနခဲ့ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

မသကၤာဖြယ္ေမာ္ေတာ္ယာဥ္ စတင္ေတြ႕ရသည့္ စစ္ေဆးေရးဂိတ္တြင္ ယာဥ္အား ရပ္တန္႔ရန္ အခ်က္ျပသည္ကို မရပ္ဘဲ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ရာ ဒုတိယေျမာက္ စစ္ေဆးေရးဂိတ္ေရာက္သည့္အခ်ိန္တြင္ ကားတာယာအားပစ္၍ ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘန္ေကာက္လုိင္စင္နံပါတ္ျပား တပ္ဆင္ထားသည့္ ေမာ္ေတာ္ယာဥ္ေပၚမွ ပလတ္စတစ္အိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၃၀၃၆၀၀၀)ျပားႏွင့္ အုိက္စ္ (၄၀)ကီလိုတို႔ကို ယာဥ္ေမာင္းႏွင့္အတူ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ တပ္မေတာ္ဘက္မွ သတင္းစာရွင္းလင္းပြဲကို နံနက္ (၁၁)နာရီတြင္ စတင္လုပ္ေဆာင္ေနျခင္းျဖစ္သည္။

Tachileik News Agency
Ref: 77kaoded 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net