တာချီလိတ်၌ မူးယစ်သတင်းရနေအိမ်မှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို ဘိန်းဖြူ၊ အိုက်စ်၊ စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိ

တာချီလိတ်၌ မူးယစ်သတင်းရနေအိမ်မှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့ကို ဘိန်းဖြူ၊ အိုက်စ်၊ စိတ်ကြွဆေးပြားများနှင့်အတူဖမ်းမိ
အောက်တိုဘာ 5, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မူးယစ်သတင်းရနေအိမ်မှ ဘိန်းဖြူ၊ အိုက်စ်နှင့် စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၁)ဦးတို့အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နေ့လယ် (၁)နာရီဝန်းကျင်က ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ပါဆပ်ရပ်ကွက်ရှိ စိုင်းကျင်နှင့် နန်းလောင်ခမ်းတို့၏နေအိမ်အား မူးယစ်တပ်ဖွဲ့က သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးရာ အသက်(၅၀)အရွယ် စိုင်းကျင်၊ အသက် (၄၃)နှစ်အရွယ် နန်းလောင်ခမ်းနှင့် အသက် (၅၅)နှစ်အရွယ် စိုင်းရီတို့အား တွေ့ရပြီး နန်းလောင်ခမ်း၏ အိပ်ခန်းအတွင်းမှ ဘိန်းဖြူ (၃၃၅) ဂရမ်၊ ICE (၈၀၀) ဂရမ်၊ စိုင်းရီ၏ အိပ်ခန်းအတွင်းမှ WY စိတ်ကြွဆေးပြား (၇၇) ပြား ၊ ICE  (၅) ဂရမ်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် စိုင်းရီ၊ စိုင်းကျင်နှင့် နန်းလောင်ခမ်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၂၇/ ၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ပြည်ထဲရေး

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္၌ မူးယစ္သတင္းရေနအိမ္မွ အမ်ိဳးသား (၂)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦးတို႔ကို ဘိန္းျဖဴ၊ အိုက္စ္၊ စိတ္ႂကြေဆးျပားမ်ားႏွင့္အတူဖမ္းမိ
**************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္သတင္းရေနအိမ္မွ ဘိန္းျဖဴ၊ အုိက္စ္ႏွင့္ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ အမ်ိဳးသား (၂)ဦးနွင့္ အမ်ိဳးသမီး (၁)ဦးတုိ႔အား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔ ေန႔လယ္ (၁)နာရီဝန္းက်င္က ဖမ္းမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ပါဆပ္ရပ္ကြက္ရိွ စိုင္းက်င္ႏွင့္ နန္းေလာင္ခမ္းတုိ႔၏ေနအိမ္အား မူးယစ္တပ္ဖြဲ႕က သက္ဆုိင္ရာတာဝန္ရိွသူမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ ဝင္ေရာက္ဖမ္းဆီးရာ အသက္(၅၀)အရြယ္ စိုင္းက်င္၊ အသက္ (၄၃)ႏွစ္အရြယ္ နန္းေလာင္ခမ္းႏွင့္ အသက္ (၅၅)ႏွစ္အရြယ္ စိုင္းရီတုိ႔အား ေတြ႔ရၿပီး နန္းေလာင္ခမ္း၏ အိပ္ခန္းအတြင္းမွ ဘိန္းျဖဴ (၃၃၅) ဂရမ္၊ ICE (၈၀၀) ဂရမ္၊ စိုင္းရီ၏ အိပ္ခန္းအတြင္းမွ WY စိတ္ႂကြေဆးျပား (၇၇) ျပား ၊ ICE  (၅) ဂရမ္တို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ စိုင္းရီ၊ စိုင္းက်င္ႏွင့္ နန္းေလာင္ခမ္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၇/ ၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္႐ြက္ေနေၾကာင္းသိရသည္။
Tachileik News Agency
ဓါတ္ပံု -ျပည္ထဲေရး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net