တာချီလိတ်တွင် တိမ်းရှောင်နေသည့် ထိုင်းမူးယစ်အလိုရှိတရားခံအပါအဝင် ထိုင်းနိုင်ငံသား (၂)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

တာချီလိတ်တွင် တိမ်းရှောင်နေသည့် ထိုင်းမူးယစ်အလိုရှိတရားခံအပါအဝင် ထိုင်းနိုင်ငံသား (၂)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
အောက်တိုဘာ 25, 2019
By 🌸
တာချီလိတ်တွင် တိမ်းရှောင်နေသည့် ထိုင်းမူးယစ်အလိုရှိတရားခံအပါအဝင် ထိုင်းနိုင်ငံသား (၂)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ
***********
နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်တွင် လာရောက်တိမ်းရှောင်နေသည့် ထိုင်းနိုင်ငံမှ မူးယစ်မှုဖြင့် အလိုရှိတရားခံအပါအဝင် ထိုင်းနိုင်ငံသား (၂)ဦးကို စိတ်ကြွဆေးပြား သုံးသောင်းကျော်နှင့်အတူ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိလိုက်သည်။

မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုဖြင့် ထိုင်းနိုင်ငံမှ အလိုရှိနေသည့် Somkiat Panygbun နှင့် ထိုင်းနိုင်ငံသား Tanakrit Khongsaen တို့အား အိုက်စ် (၁၅) ဂရမ်ခန့်၊ ကတ်တမင်း (၂၀)ဂရမ်ခန့်၊ စိတ်ကြွဆေးပြား (၃၁၀၀၀)တို့နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် Somkiat Panygbun နှင့် Tanakrit Khongsaen တို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၃၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် အိမ်နီးချင်းနိုင်ငံများမှ တရားခံပြေးများ၊ အလိုရှိတရားခံများ လာရောက်ခိုအောင်းလေ့ရှိသဖြင့် မြန်မာနိုင်ငံသားမဟုတ်သည့် အိမ်ငှားများဖြစ်ပါက အိမ်ရှင်များအနေဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားပေးခြင်းဖြင့် မိမိတို့ဝန်းကျင်တွင် မှုခင်းများကို ကာကွယ်ကြရန် ရဲတပ်ဖွဲ့က မကြာခဏတိုက်တွန်းလေ့ရှိသည်ကို တွေ့ရသည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ တိမ္းေရွာင္ေနသည့္ ထုိင္းမူးယစ္အလိုရိွတရားခံအပါအဝင္ ထုိင္းႏုိင္ငံသား (၂)ဦးကို မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိ
***********

နယ္စပ္ၿမိဳ႕ျဖစ္သည့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္တြင္ လာေရာက္တိမ္းေရွာင္ေနသည့္ ထုိင္းႏုိင္ငံမွ မူးယစ္မႈျဖင့္ အလိုရိွတရားခံအပါအဝင္ ထုိင္းနိုင္ငံသား (၂)ဦးကို စိတ္ၾကြေဆးျပား သံုးေသာင္းေက်ာ္ႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔ ညေနပိုင္းတြင္ ဖမ္းဆီးရမိလုိက္သည္။

မယ္ေခါင္ရပ္ကြက္ရိွ ေနအိမ္တစ္လံုးကို ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးဝါးသယ္ေဆာင္ ေရာင္းဝယ္မႈျဖင့္ ထုိင္းႏိုင္ငံမွ အလိုရိွေနသည့္ Somkiat Panygbun ႏွင့္ ထုိင္းႏုိင္ငံသား Tanakrit Khongsaen တို႔အား အုိက္စ္ (၁၅) ဂရမ္ခန္႔၊ ကတ္တမင္း (၂၀)ဂရမ္ခန္႔၊ စိတ္ၾကြေဆးျပား (၃၁၀၀၀)တို႔ႏွင့္အတူ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ Somkiat Panygbun ႏွင့္ Tanakrit Khongsaen တုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၃၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ တရားခံေျပးမ်ား၊ အလုိရိွတရားခံမ်ား လာေရာက္ခိုေအာင္းေလ့ရိွသျဖင့္ ျမန္မာႏုိင္ငံသားမဟုတ္သည့္ အိမ္ငွားမ်ားျဖစ္ပါက အိမ္ရွင္မ်ားအေနျဖင့္ သက္ဆုိင္ရာသို႔ အေၾကာင္းၾကားေပးျခင္းျဖင့္ မိမိတို႔ဝန္းက်င္တြင္ မႈခင္းမ်ားကို ကာကြယ္ၾကရန္ ရဲတပ္ဖြဲ႕က မၾကာခဏတုိက္တြန္းေလ့ရိွသည္ကို ေတြ႔ရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net