တာချီလိတ်မြို့နယ် ပန်ကော်ကျေးရွာအနီးမှ သိမ်းဆည်းရမိထားသည့် စိတ်ကြွဆေး၊ လက်နက်ခဲယမ်းများကို တပ်မတော်က မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်း

တာချီလိတ်မြို့နယ် ပန်ကော်ကျေးရွာအနီးမှ သိမ်းဆည်းရမိထားသည့် စိတ်ကြွဆေး၊ လက်နက်ခဲယမ်းများကို တပ်မတော်က မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်း
အောက်တိုဘာ 25, 2019
By 🌸
တာချီလိတ်မြို့နယ် ပန်ကော်ကျေးရွာအနီးမှ သိမ်းဆည်းရမိထားသည့် စိတ်ကြွဆေး၊ လက်နက်ခဲယမ်းများကို တပ်မတော်က မူးယစ်တပ်ဖွဲ့ထံ လွှဲပြောင်း
********

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ပန်ကော်ကျေးရွာအနီးတွင် တပ်မတော်က နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် တွေ့ရှိထားသည့် စိတ်ကြွဆေးပြားအကြေမှုန့် (၈၀၀) ဂရမ်ခန့်၊ သေနတ် (၇)လက်နှင့် ကျည်မျိုးစုံ၊ ကျည်အိမ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်သည်။

တပ်မတော်က လွယ်တော်ခမ်း ကျေးရွာအုပ်စုအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် ပန်တော်ရွာအနီးရှိ လျှိုအတွင်း သစ်ရွက်များဖြင့် ဖုံးအုပ်ထားသော စိတ်ကြွဆေးပြားအကြေ (၈၀၀) ဂရမ်ပါဝင်သည့် ပလတ်စတစ်အိတ်၊ ၁၂ ဗို့ပြောင်းချောသေနတ် (၁) လက်၊ M-16 အမျိုးအစားသေနတ် (၁) လက်၊ HK အမျိုးအစားသေနတ် (၁) လက်၊ AK အမျိုးအစားသေနတ် (၄) လက်၊ ၅.၅၆ ကျည် (၆၆) တောင့်၊ ပွိုင့် ၃၂ ကျည် (၃၂) တောင့်၊ M-16 ကျည်အိမ် (၄) ခု၊ AK ကျည်အိမ် (၅) ခု၊ HK ကျည်အိမ် (၂) ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တပ်မတော်က သိမ်းဆည်းရမိထားသည့် မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းများကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွှဲပြောင်းပေးအပ်ထားရာ တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
********




Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net