မြန်မာ - ထိုင်းနယ်စပ် လမ်းကြောင်းသစ်မှ သယ်လာသည် အိုက်စ် (၁၅၀၀)ကီလိုကို ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

မြန်မာ - ထိုင်းနယ်စပ် လမ်းကြောင်းသစ်မှ သယ်လာသည် အိုက်စ် (၁၅၀၀)ကီလိုကို ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်
အောက်တိုဘာ 19, 2019
By 🌸
မြန်မာ - ထိုင်းနယ်စပ် လမ်းကြောင်းသစ်မှ သယ်လာသည် အိုက်စ် (၁၅၀၀)ကီလိုကို ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

ထိုင်းနိုင်ငံ နခွန်ပထုန်ဘက်သို့ သယ်လာသည့် အိုက်စ် (၁၅၀၀) ကီလို သယ်ဆောင်လာသည့် ကုန်တင် မော်တော်ယာဉ်တစ်စီးကို တက်ခ်ခရိုင်အတွင်း ဖမ်းဆီးရမိထားပြီး မူးယစ်ဆေးသယ်သူများက မြန်မာ - ထိုင်းနယ်စပ် မူးယစ်ဆေးသယ်သည့်လမ်းကြောင်းသစ်များ အသုံးပြုလာသည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ကုန်တင်ယာဉ်၏ ကြမ်းခင်းအောက်တွင်ဝှက်၍ သယ်လာသည့် မူးယစ်ဆေးများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် ထိုင်းနိုင်ငံ တက်ခ်ခရိုင်စစ်ဆေးရေးဂိတ်၌ ဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

မော်တော်ယာဉ်၏ကြမ်းခင်းအတွင်း အံဝှက်လုပ်၍ တရုတ်လက်ဖက်ခြောက်အိတ်ဖြင့် ထုပ်ပိုးထားသည့် အိုက်စ်မူးယစ်ဆေးများကို သယ်လာသည့် မော်တော်ယာဉ်မောင်းနှစ်ဦးက  ၎င်းတို့အား တက်ခ်ခရိုင်မှ နခွန်ပထုန်သို့ မောင်းနှင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးများပါလာသည်ကို မသိဟု ငြင်းဆိုထားကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်တွင် နှစ်ဖက်ပူးပေါင်းဖမ်းဆီးမှုများကြောင့် မူးယစ်မှောင်ခိုများက မူးယစ်ဆေးသယ်သည့် လမ်းကြောင်းသစ်များ ရှာဖွေအသုံးပြုလာနေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

Ref: Khaosod

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ျမန္မာ - ထုိင္းနယ္စပ္ လမ္းေၾကာင္းသစ္မွ သယ္လာသည္ အိုက္စ္ (၁၅၀၀)ကီလိုကို ဖမ္းမိေၾကာင္း ထုိင္းရဲတပ္ဖြဲ႕ သတင္းထုတ္ျပန္

ထုိင္းႏုိင္ငံ နခြန္ပထုန္ဘက္သို႔ သယ္လာသည့္ အိုက္စ္ (၁၅၀၀) ကီလို သယ္ေဆာင္လာသည့္ ကုန္တင္ ေမာ္ေတာ္ယာဥ္တစ္စီးကို တက္ခ္ခရိုင္အတြင္း ဖမ္းဆီးရမိထားၿပီး မူးယစ္ေဆးသယ္သူမ်ားက ျမန္မာ - ထုိင္းနယ္စပ္ မူးယစ္ေဆးသယ္သည့္လမ္းေၾကာင္းသစ္မ်ား အသံုးျပဳလာသည္ဟု ထုိင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

ကုန္တင္ယာဥ္၏ ၾကမ္းခင္းေအာက္တြင္ဝွက္၍ သယ္လာသည့္ မူးယစ္ေဆးမ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္ ထုိင္းႏုိင္ငံ တက္ခ္ခရိုင္စစ္ေဆးေရးဂိတ္၌ ဖမ္းမိျခင္းျဖစ္သည္ဟု သိရသည္။

ေမာ္ေတာ္ယာဥ္၏ၾကမ္းခင္းအတြင္း အံဝွက္လုပ္၍ တရုတ္လက္ဖက္ေျခာက္အိတ္ျဖင့္ ထုပ္ပိုးထားသည့္ အိုက္စ္မူးယစ္ေဆးမ်ားကို သယ္လာသည့္ ေမာ္ေတာ္ယာဥ္ေမာင္းႏွစ္ဦးက  ၎တို႔အား တက္ခ္ခရိုင္မွ နခြန္ပထုန္သို႔ ေမာင္းႏွင္ေပးရန္ ငွားရမ္းခဲ့ျခင္းျဖစ္ၿပီး မူးယစ္ေဆးမ်ားပါလာသည္ကို မသိဟု ျငင္းဆိုထားေၾကာင္း သိရသည္။

ျမန္မာ - ထုိင္းနယ္စပ္တြင္ ႏွစ္ဖက္ပူးေပါင္းဖမ္းဆီးမႈမ်ားေၾကာင့္ မူးယစ္ေမွာင္ခိုမ်ားက မူးယစ္ေဆးသယ္သည့္ လမ္းေၾကာင္းသစ္မ်ား ရွာေဖြအသံုးျပဳလာေနသည္ဟု ထုိင္းရဲတပ္ဖြဲ႕က ဆုိသည္။

Ref: Khaosod

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net