တာချီလိတ်တွင် စိတ်ကြွဆေးပြား (၂၀၀၀၀)ပြား သယ်လာသည့် လူငယ်တစ်ဦး ဖမ်းမိ

တာချီလိတ်တွင် စိတ်ကြွဆေးပြား (၂၀၀၀၀)ပြား သယ်လာသည့် လူငယ်တစ်ဦး ဖမ်းမိ
အောက်တိုဘာ 3, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် စိတ်ကြွဆေးပြား (၂၀၀၀၀) ပြား သယ်ယူလာသည့် အသက် (၁၉)နှစ်အရွယ် လူငယ်တစ်ဦးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ ည (၉)နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့က ဖမ်းမိထားသည်။

“ မယ(ပ) ၁၂၅/၂၀၁၉၊ မူး/စိတ်ပုဒ် ၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးဘက်မှ ရွှေလသာလမ်းသွယ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လီဒီးကို စစ်ဆေးရာ လွယ်အိတ်အတွင်းထည့်၍ သယ်လာသည့် WY စိတ်ကြွဆေးပြား (၂၀၀၀၀) ပြားအား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် လီဒီးကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၂၅/၂၀၁၉၊ မူး/စိတ်ပုဒ် ၁၉(က)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် ထက်ဝက်ခန့်မှာ လူငယ်များဖြစ်နေသည်ဟု ရဲတပ်ဖွဲ့၏ ဖမ်းဆီးရရှိမှုအချက်အလက်များအရ သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ စိတ္ၾကြေဆးျပား (၂၀၀၀၀)ျပား သယ္လာသည့္ လူငယ္တစ္ဦး ဖမ္းမိ
************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ စိတ္ၾကြေဆးျပား (၂၀၀၀၀) ျပား သယ္ယူလာသည့္ အသက္ (၁၉)ႏွစ္အရြယ္ လူငယ္တစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂)ရက္ေန႔ ည (၉)နာရီခြဲဝန္းက်င္တြင္ ရဲတပ္ဖြဲ႕က ဖမ္းမိထားသည္။
“ မယ(ပ) ၁၂၅/၂၀၁၉၊ မူး/စိတ္ပုဒ္ ၁၉(က)/၂၁ နဲ႔ အမႈဖြင့္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ အတည္ျပဳသည္။
ဝိန္းေက်ာက္ရပ္ကြက္၊ အာခါေဈးဘက္မွ ေ႐ႊလသာလမ္းသြယ္ဘက္သို႔ ဆိုင္ကယ္ေမာင္းနွင္လာသည့္ လီဒီးကို စစ္ေဆးရာ လြယ္အိတ္အတြင္းထည့္၍ သယ္လာသည့္ WY စိတ္ႂကြေဆးျပား (၂၀၀၀၀) ျပားအား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ လီဒီးကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၂၅/၂၀၁၉၊ မူး/စိတ္ပုဒ္ ၁၉(က)/၂၁ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမ်ားတြင္ ထက္ဝက္ခန္႔မွာ လူငယ္မ်ားျဖစ္ေနသည္ဟု ရဲတပ္ဖြဲ႕၏ ဖမ္းဆီးရရိွမႈအခ်က္အလက္မ်ားအရ သိရသည္။
Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net