ဘောင်းဘီခြေထောက်ခေါက်စအတွင်း စိတ်ကြွဆေးပြားဝှက်၍ သယ်လာသည့် ညီအစ်ကိုနှစ်ဦးကို လွိုင်ကော်မြို့နယ်တွင် ဖမ်းမိ

ဘောင်းဘီခြေထောက်ခေါက်စအတွင်း စိတ်ကြွဆေးပြားဝှက်၍ သယ်လာသည့် ညီအစ်ကိုနှစ်ဦးကို လွိုင်ကော်မြို့နယ်တွင် ဖမ်းမိ
အောက်တိုဘာ 3, 2019
By 🌸
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ကုန်းသာကျေးရွာအုပ်စု၊ ဆောင်ကန်း (ကယား)ကျေးရွာအနီးတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ ညပိုင်းက မူးယစ်ဆေး ရှောင်တခင် ရှာဖွေစစ်ဆေးမှုပြုလုပ်ရာ ဘောင်းဘီရှည် ခြေထောက်ခေါက်စအတွင်း စိတ်ကြွရူးသွပ်ဆေးပြားထည့်၍ သယ်လာသည့် ညီအစ်ကိုနှစ်ဦးအား ဖမ်းမိကြောင်း သိရသည်။

ဆောင်ကန်း(ကယား) ကျေးရွာအနီး လွိုင်ကော် - ဖယ်ခုံသွား ကားလမ်းပေါ်တွင် ဖယ်ခုံမြို့ဖက်မှ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်လာသည့် ချစ်ဦးဝတ်ဆင်ထားသည့် ဘောင်းဘီရှည်ခေါက်စအတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား (၉၈၀)ပြားအား ရှာဖွေတွေ့ရှိခဲ့သဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ချစ်ဖူးကိုပါ ဖမ်းဆီးလိုက်ပြီး ၎င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်ကိုပါ သိမ်းဆည်းထားကြောင်း သိရသည်။

မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် ချစ်ဦးနှင့် ချစ်ဖူး ညီအစ်ကိုနှစ်ဦးကို လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ) ၅၂/၂၀၁၉ ၊မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ေဘာင္းဘီေျခေထာက္ေခါက္စအတြင္း စိတ္ၾကြေဆးျပားဝွက္၍ သယ္လာသည့္ ညီအစ္ကိုႏွစ္ဦးကို လိြဳင္ေကာ္ၿမိဳ႕နယ္တြင္ ဖမ္းမိ
**************
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕နယ္အတြင္း ကုန္းသာေက်းရြာအုပ္စု၊ ေဆာင္ကန္း (ကယား)ေက်းရြာအနီးတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂) ရက္ေန႔ ညပိုင္းက မူးယစ္ေဆး ေရွာင္တခင္ ရွာေဖြစစ္ေဆးမႈျပဳလုပ္ရာ ေဘာင္းဘီရွည္ ေျခေထာက္ေခါက္စအတြင္း စိတ္ၾကြရူးသြပ္ေဆးျပားထည့္၍ သယ္လာသည့္ ညီအစ္ကိုႏွစ္ဦးအား ဖမ္းမိေၾကာင္း သိရသည္။

ေဆာင္ကန္း(ကယား) ေက်းရြာအနီး လိြဳင္ေကာ္ - ဖယ္ခုံသြား ကားလမ္းေပၚတြင္ ဖယ္ခုံၿမိဳ႕ဖက္မွ အမ်ိဳးသားႏွစ္ဦး စီးနင္းလာသည့္ ဆိုင္ကယ္တစ္စီးအား စစ္ေဆးရာ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ ခ်စ္ဦးဝတ္ဆင္ထားသည့္ ေဘာင္းဘီရွည္ေခါက္စအတြင္းမွ  စိတ္ၾကြရူးသြပ္ေဆးျပား (၉၈၀)ျပားအား ရွာေဖြေတြ႕ရွိခဲ့သျဖင့္ ဆိုင္ကယ္ေနာက္မွ လုိက္ပါလာသည့္ ခ်စ္ဖူးကိုပါ ဖမ္းဆီးလုိက္ၿပီး ၎တို႔ စီးနင္းလာသည့္ ဆုိင္ကယ္ကိုပါ သိမ္းဆည္းထားေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးႏွင့္အတူ ဖမ္းဆီးရမိသည့္ ခ်စ္ဦးႏွင့္ ခ်စ္ဖူး ညီအစ္ကိုႏွစ္ဦးကို လိြဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၅၂/၂၀၁၉ ၊မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net